မြန်မာအိမ်ထောင်စုတွေ ရင်ဆိုင်နေရတဲ့ ဝင်ငွေကျဆင်းခြင်း ဒုက္ခ

SN (VOM) လက်ရှိ မြန်မာနိုင်ငံဟာ စီးပွားရေးကျဆင်းလာမှုနဲ့အတူ ၂၀၂၂ ခုနှစ်မှာ သိသိသာသာ မြင့်တက်လာတဲ့ ဆင်းရဲနွမ်းပါးမှုရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို တွေ့ကြုံခံစားနေကြရတာ ဖြစ်ပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ နိုင်ငံအတွင်းက ထွက်ခွာသွားကြတဲ့အပြင် ကုန်ထုတ်လုပ်နေတဲ့ စက်ရုံတွေ ပိတ်သိမ်းသွားခြင်းနဲ့အတူ အလုပ်လက်မဲ့နှုန်းတွေ မြင့်တက်လာပြီး အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ရှားပါးလာခဲ့ပါတယ်။ ဒါ့အပြင် လောင်စာဆီဈေးနှုန်းတွေနဲ့ အခြေခံ စားသောက်ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်သွားမှုကလည်း အိမ်ထောင်စုတွေရဲ့ လူမှုစီးပွားအခြေအနေကို ပိုမိုဆိုးရွားစေခဲ့ပါတယ်။ နိုင်‌ငံရေး အပြောင်းအလဲနဲ့ ဒေသအသီးသီး မတည်ငြိမ်မှုဖြစ်စဉ်တွေရဲ့ ရလဒ်ကတော့ အလုပ်တွေရပ်သွားတယ်၊ ဝင်ငွေနဲ့ လစာတွေဆုံးရှုံးသွားတယ်။ အဲ့ဒီနောက်ပိုင်း သုံးစွဲမှုနှုန်းတွေကျလာတယ်။ တချို့ ဝင်ငွေနည်း အိမ်ထောင်စုတွေ အစာရေစာ မလုံလောက်တော့သလို အခြေခံပြည်သူ့ရေးရာစောင့်ရှောက်မှုတွေနဲ့ လူမှုရေးဆိုင်ရာ အကာအကွယ်တွေလည်း ဆုံးရှုံးလိုက်ရတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (United Nations Development Programme, UNDP) အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။…

Read More

တိုင်းနဲ့ပြည်နယ် ၁၃ ခုမှာ အချိန်အခါမဟုတ် မိုးရွာနိုင်လို့ တောင်သူတွေသတိထားဖို့လိုအပ်

ဧပြီ ၁၉-၂၀၂၃ MM[VOM] လေပွေလှိုင်းအရှိန်နဲ့ အပူပျံတက်တိမ်တွေ ဖြစ်ထွန်းမှု အားကောင်းတာကြောင့် နေပြည်တော် အပါအဝင် တိုင်းနဲ့ ပြည်နယ် ၁၃ ခုမှာ အချိန်အခါမဟုတ် မိုးရွာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့သတိပေးထုတ်ပြန်ချက်အရ သိရပါတယ်။ လာမယ့် ဧပြီ ၂၁ ရက်ကနေ ၂၅ ရက်အတွင်း လေပွေလှိုင်းတွေရဲ့အရှိန်၊ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့က ရွေ့လျားလာတဲ့ တိမ်တိုက်တွေနဲ့ အပူပျံတက်တိမ်တွေဖြစ်ထွန်းမှု အားကောင်းမှာဖြစ်တဲ့အတွက် စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နဲ့ ကယား ပြည်နယ်တွေမှာ နေရာကျဲကျဲ မိုးရွာနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် နေပြည်တော်၊ စစ်ကိုင်းတိုင်း အောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း ၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ် နဲ့ မွန်ပြည်နယ်တွေမှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင် တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွန် ကြားမှုဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရ…

Read More

အမှိုက်တွန်းလှည်းကနေ ဗုံးပေါက်ကွဲလို့ အမှိုက်ကောက်နေတဲ့မိသားစု(၃)ဦး ဒဏ်ရာရ

ဧပြီ ၁၉-၂၀၂၃ KK(VOM) ရန်ကုန်မြို့၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် (၁၅) ရပ်ကွက်၊ ကုန်းဘောင်လမ်းနဲ့ နှင်းဆီလမ်းထောင့်မှာ ဒီနေ့ မနက် ၁၁ နာရီကျော်က အမှိုက်တွန်းလှည်းထဲကနေ ဗုံးပေါက်ကွဲလို့ အမှိုက်ကောက်နေတဲ့ မိခင်ဖြစ်သူနဲ့ကလေးနှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွ က်နေသူတွေဆီက သိရပါတယ်။ အမှိုက်လှည်းတွန်းလာတဲ့အချိန် လှည်းအတွင်းက ပေါက်ကွဲခဲ့တာဖြစ်ပြီး မိခင်ဖြစ်သူမှာ လက်နှစ်ဖက်နဲ့ရင်ဘတ်ဒဏ်ရာရရှိကာ ကလေးငယ်နှစ်ဦးမှာ ပေါက်ပြဲဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက VOM ကိုပြောပါတယ်။ “ဒီရပ်ကွက်ကတော့မဟုတ်ဘူး၊ တွန်းလှည်းတွန်းလာတဲ့အချိန်ပေါက်တာ၊ သူတို့သားအမိတွေ ကောက်လာတဲ့အထဲက ပေါက်တာနေမှာ”လို့ ပြောပါတယ်။ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေဟာ ဒဂုံမြို့သစ်အရှေပိုင်းမြို့နယ် ၁၀၈ ရပ်ကွက် ကျူးကျော်မှာနေထိုင်သူတွေဖြစ်ပြီး အမှိုက်ကောက်ပြီးစားဝတ်နေရေးပြသာနာကို ဖြေရှင်းနေရသူတွေဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက VOM ကိုပြောပါတယ်။ “ကလေးအမေက ၂၄ နှစ်ပဲရှိသေးတယ် သူကတော့စိုးရိမ်ရတယ်၊ ကလေးနှစ်ယောက်က တယောက်က ၄ နှစ် တယောက် ၁ နှစ်၊…

Read More

မရမ်းကုန်းမှာ အသက် ၇၀ အရွယ်အဘိုးအိုတဦး နေအပူရှိန်ကြောင့် လဲကျသေဆုံး

ဧပြီ ၁၉-၂၀၂၃ KK(VOM) ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်း၊ အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံအနီးမှာ ဒီနေ့ မနက် ၁၁ နာရီခွဲက အသက် ၇၀ အရွယ် အဘိုးအိုတစ်ဦး နေအပူရှိန်ကြောင့် လဲကျသေဆုံးသွားတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။ အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံအနီးမှာ အသက် ၇၀ အရွယ်အဘိုးအိုတစ်ဦး လဲကျသေဆုံးသွားလို့ ဖုန်းသတင်းအရ သွားရောက်ကူညီခဲ့တာဖြစ်တယ်လို့ မြန်မာ့ကြယ်ဖြူလူမှုကူညီကယ်ဆယ်ရေးပရဟိတအဖွဲ့မှတာဝန်ရှိသူတဦးက VOM ကိုပြောပါတယ်။ “ကျနော်တို့ဖုန်းသတင်းအရ သွားတော့ ရောက်ရောက်ချင်း လဲနေတာတွေ့တယ်၊ အသက်က ၇၀ လောက်ရှိပြီ၊ လူနာကိုစစ်ဆေးကြည့်တော့ အသက်မရှိဘူးဆုံးနေပြီ၊ နေပူအရှိန်ကြောင့်လည်း ပါမှာပေါ့ “လို့ ပြောပါတယ်။ သေဆုံးသူအသက် ၇၀ အရွယ်အဘိုးအိုဟာ အဲ့ဒီရပ်ကွက်အနီးမှာ နေထိုင်ပြီး ဘေးပတ်ဝန်းကျင်က မိသားစုနဲ့ဆက်သွယ်မှုရရှိခဲ့တယ်လို့လည်း သူကရှင်းပြပါတယ်။ “ဘေးကလူတွေက သေတဲ့သူက အဲ့ဒီနားရပ်ကွက်ကလို့ပြောတယ်၊ အခုတော့ မိသားစုတွေနဲ့အဆက်အသွယ်ရသွားပါပြီ”လို့ ပြောပါတယ်။ သေဆုံးသူအဘိုးအိုကို အဖြူရောင်အသင်း နာရေးယာဉ်နဲ့ မြောက်ဥက္ကလာပဆေးရုံသို့…

Read More

မန္တလေးမြို့က ရွှေဆိုင်တဆိုင် သိန်း(၂၇၀၀)ခန့် ဓားပြတိုက်ခံရ

ဧပြီ ၁၉-၂၀၂၃ Voice Of Myanmar(VOM) မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှု(၁)စျေးရှေ့က ထိပ်တန်း ရတနာရွှေဆိုင် ဒီကနေ့ နေ့လယ်ပိုင်းက ဓားပြတိုက်ခံရပြီး သိန်း(၂၇၀၀)တန်ဖိုးရှိတဲ့ ရွှေထည်ပစ္စည်းတွေ ပါသွားတယ်လို့ မန္တလေးမြို့ခံတွေဆီက သိရပါတယ်။ ရဲနဲ့နီးစပ်သူတဦးက ” ရွှေဆိုင်ကို ဆိုင်ကယ်(၂)စီးနဲ့ အမျိုးသား(၄)ဦးက သေနတ်(၁)လက် ဓားရှည်တွေနဲ့လာပြီး ဓားပြတိုက်သွားတယ်လို့ ကနဦးသိရတယ်၊ ပါသွားတာကတော့ သိန်း(၂၇၀၀)ကျော်ရှိမယ်”လို့ ပြောပါတယ်။ ဓားပြတိုက်ခံရတာကြောင့် ရွှေလက်ကောက်၊ရွှေဆွဲကြိုး၊ရွှေနားကပ်၊ ရွှေကလစ် စုစုပေါင်း သိန်း ၂၇၀၀ကျော်ခန့် ပါသွားတာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာက တရားခံဖမ်းမိရေး ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ မတ်လ ၂၇ရက်က မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်က ရွှေသန့်စင်လုပ်ငန်းမှာ ငွေသား သိန်း(၁၂၀၀)ခန့် ဓားပြခံခဲ့ရပြီး ဓားပြတိုက်သူတွေကို မတ်လ(၂၈)ရက်မှာ ပြန်လည်ဖမ်းဆီးရမိခဲ့တဲ့ဖြစ်စဥ်လည်း ဖြစ်ပွါးခဲ့ပါသေးတယ်။ Photo Crd –…

Read More

တရုတ်နိုင်ငံ ပေကျင်းရှိ ဆေးရုံမီးလောင်မှု လူနာတွေအပါအ၀င် ၂၁ ဦးသေဆုံး

  ပေကျင်း၊ ဧပြီ-၁၉-၂၀၂၃ မျိုးဆက်(VOM) တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ဆေးရုံတရုံမှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်ကျွမ်းမှုကြောင့် လူနာတွေအပါအ၀င် လူ ၂၁ ဦးသေဆုံးခဲ့ကြောင်း တာ၀န်ရှိသူတွေက ဧပြီ ၁၈ ရက်မှာ ပြောပါတယ်။ အဲဒီမီးလောင်ကျွမ်းမှုဟာ ပေကျင်းမြို့ရှိ ချန်ဖန်းဆေးရုံမှာ ဧပြီ ၁၈ ရက် နေ့လယ် ၁၂ နာရီ ၅၇ မိနစ်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူ ၇၁ ဦးကို ဘေးလွတ်ရာကို ကယ်တင်နိုင်ခဲ့ပါတယ်။ ဒဏ်ရာရရှိသူတွေကို ဆေးရုံတင်ပို့ခဲ့ပြီးနောက် လူ ၂၁ ဦးသေဆုံးသွားကြောင်း တာ၀န်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။ ဒါဟာ မကြာသေးမီအချိန်တွေအတွင်း မြို့တော်ပေကျင်းမှာဖြစ်ပွားခဲ့တဲ့ အသေအပျောက်အများဆုံးဖြစ်ရပ်တွေထဲက တစ်ခုဖြစ်ပါတယ်။ မီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို တာ၀န်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေပြီး ရှင်းလင်းစွာမသိရသေးပါဘူး။ တရုတ်နိုင်ငံမှာ ဆေးရုံများမီးလောင်ကျွမ်းမှုဟာ ရှားရှားပါးပါးဖြစ်ပါတယ်။ လက်ရှိမှာတာ့ အဲဒီဆေးရုံမှာ လူနာများတက်ရောက်ကုသခြင်းတွေကို ပိတ်ပင်ထားပြီး ဖြစ်စဉ်နဲ့ပတ်သက်ပြီး…

Read More

ချင်းပြည်နယ်နဲ့ထိစပ်နေတဲ့ အဓိကနယ်စပ်ဂိတ်တွေကို အိန္ဒိယဘက်ကပိတ်ထား

ဒေလီ၊ ဧပြီ-၁၉-၂၀၂၃ မျိုးဆက်(VOM) ချင်းပြည်နယ်အတွင်းမှာ အိန္ဒိယနိုင်ငံသားသုံးဦး ပြီးခဲ့လကအသတ်ခံရပြီးနောက် ချင်းပြည်နယ်နဲ့ အဓိကနယ်စပ်ဖြတ်ကျော်ဂိတ်တွေကို အိန္ဒိယအစိုးရက ပိတ်ပင်ထားတယ်လို့ သိရပါတယ်။ အိန္ဒိယနိုင်ငံသားအဖြစ်ခံယူထားတဲ့ မြန်မာနွယ်ဖွားချင်းအမျိုးသမီးသုံးဦးရဲ့အလောင်းတွေကို မတ် ၂၂ ရက် မတူပီမြို့မှာ ရှာဖွေတွေ့ရှိပြီး ဘယ်သူလက်ချက်နဲ့သေဆုံးခဲ့တယ်ဆိုတာကိုတော့ လက်ရှိချိန်ထိ ရှင်းလင်းစွာမသိရသေးပါဘူး။ ချင်းပြည်နယ်အတွင်းမှာ လက်နက်ကိုင်တွေအဖွဲ့တွေအကြာ တိုက်ပွဲတွေပြင်းထန်နေပြီး ဧပြီ ၁၀ ရက် ဖလမ်းမြို့နယ်အတွင်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားကိုးဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့ပါတယ်။ ထောင်နဲ့ချီတဲ့ဒေသခံတွေဟာ တိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကို ဖြတ်ကျော်၀င်ရောက်ခိုလှုံမှုတွေရှိနေပါတယ်။ အိန္ဒိယနိုင်ငံသားသုံးဦးသေဆုံးပြီးတဲ့နောက်မှာတော့ အိန္ဒိယနိုင်ငံသားတွေ မြန်မာနိုင်ငံဘက်ကို ဖြတ်သန်း၀င်ရောက်မှုမပြုဖို့ မီဇိုရမ်အရပ်ဘက်အဖွဲ့အစည်းတွေက သတိပေးထုတ်ပြန်ခဲ့ပါတယ်။ ဧပြီ ၆ ရက်မှာတော့ မတူပီမြို့နယ် လှိုင်မန်းနဲ့ဂေါင်လန်းကျေးရွာတွေမှာရှိတဲ့ အဓိကနယ်စပ်ဂိတ်နှစ်ခုကို အိန္ဒိယအာဏာပိုင်တွေက ပိတ်ပစ်ခဲ့ပြီး ရိခေါနဲ့ထန်တလန်ကနေ ၀င်ရောက်တဲ့လမ်းကြောင်းတွေကိုလည်း ပိတ်ထားပါတယ်။ မြန်မာနိုင်ငံသားတွေအနေနဲ့ တရားမ၀င်လှုပ်ရှားမှုတွေကို ရှောင်ကျဉ်ကြဖို့နဲ့ ဒီလိုလုပ်ဆောင်မှုတွေဟာ နယ်စပ်ဖြတ်ကျော်ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို ထိခိုက်စေကြောင်း…

Read More

ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာနိုင်ငံပြန်ပို့ရေး ဘင်္ဂလားဒေ့ရ်ှနဲ့ တရုတ်ဆွေးနွေး

ဒါကာ၊ ဧပြီ-၁၉-၂၀၂၃ မျိုးဆက်(VOM) ဘင်္ဂလားဒေ့ရ်ှမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံပြန်ပို့ရေးအတွက် ကြား၀င်ညှိနှိုင်းပေးနေတဲ့ တရုတ်တာ၀န်ရှိသူတွေနဲ့ မကြာသေးမီက တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံခြားရေး၀န်ကြီး အေကေအဗ္ဗဒူမိုမန်က ဧပြီ ၁၈ ရက်မှာပြောပါတယ်။ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံပြန်ပို့ရေးနဲ့ပတ်သက်ပြီး တရုတ်တာ၀န်ရှိသူတွေနဲ့ ဆွေးနွေးခဲ့ပြီး ဆွေးနွေးမှုအရ ဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်မယ်လို့ မျှော်လင့်ကြောင့် ဘင်္ဂလားဒေ့ရ်ှနိုင်ငံခြားရေး၀န်ကြီးက ဆိုပါတယ်။ ဒါ့အပြင် ဒုက္ခသည်တွေ မြန်မာနိုင်ငံပြန်ပို့ရေးအတွက် အဆင်ပြေချောမွေ့အောင်ကူညီပေးဖို့ အစီအစဉ်အများအပြား လုပ်ဆောင်နေပြီး မကြာခင်ပြန်နိုင်ကြမယ်လို့ နိုင်ငံခြားရေး၀န်ကြီး မိုမန်ကပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရ်ှနဲ့မြန်မာအကြား ဆွေးနွေးမှုတွေ အဆင်ပြေစေဖို့ တရုတ်ကဆက်လက်ကြိုးပမ်းနေပြီး တရုတ်တာ၀န်ရှိသူတွေက အလွန်ကောင်းတဲ့ အစပျိုးမှုတွေ စတင်နေပြီလို့ သူကဆိုပါတယ်။ ၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်ကစပြီး ရခိုင်ပြည်နယ်ကရိုဟ်ဂျာတွေဟာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ကော့ဘဇားဒေသကို ထွက်ပြေးခိုလှုံခဲ့ပြီး ဒုက္ခသည်စခန်းတွေမှာ လူဦးရေ ၁ ဒသမ ၁…

Read More

ကချင်မှာ မြေရှားသတ္တုတူးဖော်နေတဲ့ တရုတ်ကုမ္ပဏီတွေရဲ့လုပ်ငန်းတွေ ဆန္ဒပြမှုတွေကြောင့် ရပ်ဆိုင်းထားရ

ပေကျင်း၊ ဧပြီ-၁၉-၂၀၂၃ မျိုးဆက်(VOM) ကချင်ပြည်နယ်မှာ မြေရှားသတ္တုတူးဖော်မှုတွေက သဘာပတ်၀န်းကျင်ကို ထိခိုက်စေကြောင်း ဒေသခံတွေက ဆန္ဒပြမှုတွေကြောင့် တူးဖော်နေတဲ့တရုတ်ကုမ္ပဏီတွေရဲ့ လုပ်ငန်းတွေရပ်ဆိုင်းသွားမယ်လို့ သိရပါတယ်။ မြေရှားသတ္တုဟာ ကွန်ပြူတာအစိတ်အပိုင်းတွေ၊ လျှပ်စစ်ကားတွေ၊ ဆိုလာပြားတွေနဲ့ ခေတ်မီဆန်းပြားတဲ့လက်နက်တွေထုတ်လုပ်ရေးမှာ အရေးပါတဲ့ ဒြပ်စင်တွေပါ၀င်နေပါတယ်။ မြေရှားသတ္တုတူးဖော်မှုတွေကြောင့် KIO ၊ KIA ထိန်းချုပ်နယ်မြေရှိ ကျေးရွာ ၁၀ ရွာကျော်က ဒေသခံတွေဆန္ဒပြမှုတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ KIO ဟာ တရုတ်နိုင်ငံ၊ ယူနန်နယ်စပ်အနီး ကချင်ပြည်နယ်မှာ တရုတ်ကုမ္ပဏီတွေကို သတ္တုတူးဖော်ခွင့်ပြုပြီးနောက် ဒီဇင်ဘာလကတည်းက ဒီဇင်ဘာလကတည်းက ဆန္ဒပြမှုတွေ စတင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ နောက်ဆုံးဆန္ဒပြမှုကတော့ ပြီးခဲ့တဲ့ စနေနေ့ကဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၂ ခုနှစ်အတွင်း မြေရှားသတ္တု ၁၂၀၀၀ မက်ထရစ်တန်ထုတ်လုပ်ခဲ့ပြီး မြေရှားသတ္တုထုတ်လုပ်မှု စတုတ္ထမြောက်အများဆုံးဖြစ်ကြောင်း Investing News ရဲ့ဖော်ပြချက်အရ သိရပါတယ်။ KIO ထိန်းချုပ်နယ်မြေ ရွာသားများကိုယ်စားပြုကော်မတီဟာ ပြီးခဲ့တဲ့စနေနေ့က…

Read More

မြောက်ကိုရီးယားရဲ့ ပထမဆုံးစစ်ဘက်ထောက်လှမ်းရေးဂြိုဟ်တု လွှတ်တင်ဖို့ ကင်ဂျုံအန်အမိန့်ထုတ်

ပြုံးယမ်း၊ ဧပြီ-၁၉-၂၀၂၃ မျိုးဆက်(VOM) မြောက်ကိုရီးယားဟာ ကမ္ဘာပတ်လမ်းကြောင်းအတွင်း ပထမဆုံး စစ်ဘက်ထောက်လှမ်းရေးဂြိုဟ်တုလွှတ်တင်မယ့် အစီအစဉ်ကို ဆက်လုပ်ဖို့ ကင်ဂျုံအန်က အမိန့်ထုတ်လိုက်ပါတယ်။ အဲဒီလိုဂြိုဟ်တုလွှတ်တင်မှုမှာ ပဲ့ထိန်းဒုံးကျည်နည်းပညာတွေ အသုံးပြုပါ၀င်နိုင်တာကြောင့် ကုလသမဂ္ဂကချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်ရာရောက်ပါတယ်။ ဂြိုဟ်တုလွှတ်တင်ခြင်းဟာ စစ်ပွဲခြိမ်းခြောက်မှုတွေကို ဟန့်တားဖို့ဖြစ်ကြောင်း မြောက်ကိုရီးယားကပြောပါတယ်။ ဂြိုဟ်တုလွှတ်တင်ရေးနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားအမျိုးသားအာကာသဖွံ့ဖြိုးရေးဌာနကို သမီးဖြစ်သူနဲ့ အတူ ကင်ဂျုံအန်ကသွားရောက်စစ်ဆေးခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားပါတယ်။ မြောက်ကိုရီးယားရဲ့ ပထမဆုံးစစ်ဘက်ထောက်လှမ်းရေးဂြိုဟ်တု တည်ဆောက်စမ်းသပ်မှုတွေကို ဧပြီလမှာ အပြီးသတ်ခဲ့ပြီး စီစဉ်ထားတဲ့နေ့ရက်အချိန်မှာ လွှတ်တင်ဖို့ကော်မတီတစ်ရပ်ဖွဲ့စည်းဖို့ကိုလည်း ကင်ဂျုံအန်က ညွှန်ကြားခဲ့ပါတယ်။ စစ်ဘက်ထောက်လှမ်းရေးဂြိုဟ်တုလွှတ်တင်မယ့် နေ့ရက်အချိန်ကို နိုင်ငံပိုင်သတင်းဌာနက အသေးစိတ်ထုတ်ပြန်ခြင်းမရှိပေမယ့် ဂြိုဟ်တုနဲ့ပတ်သက်ပြီး အဓိကနောက်ဆုံးအဆင့်စမ်းသပ်မှုကို ဒီဇင်ဘာလမှာ ပြီးဆုံးခဲ့ကြောင်း သိရပါတယ်။ Ref: NHK #voiceofmyanmar #VOM #ပြုံးယမ်း

Read More
VOM News

FREE
VIEW