မြောက်ကိုရီးယားရဲ့ ပထမဆုံးစစ်ဘက်ထောက်လှမ်းရေးဂြိုဟ်တု လွှတ်တင်ဖို့ ကင်ဂျုံအန်အမိန့်ထုတ်

ပြုံးယမ်း၊ ဧပြီ-၁၉-၂၀၂၃
မျိုးဆက်(VOM)

မြောက်ကိုရီးယားဟာ ကမ္ဘာပတ်လမ်းကြောင်းအတွင်း ပထမဆုံး စစ်ဘက်ထောက်လှမ်းရေးဂြိုဟ်တုလွှတ်တင်မယ့် အစီအစဉ်ကို ဆက်လုပ်ဖို့ ကင်ဂျုံအန်က အမိန့်ထုတ်လိုက်ပါတယ်။

အဲဒီလိုဂြိုဟ်တုလွှတ်တင်မှုမှာ ပဲ့ထိန်းဒုံးကျည်နည်းပညာတွေ အသုံးပြုပါ၀င်နိုင်တာကြောင့် ကုလသမဂ္ဂကချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်ရာရောက်ပါတယ်။

ဂြိုဟ်တုလွှတ်တင်ခြင်းဟာ စစ်ပွဲခြိမ်းခြောက်မှုတွေကို ဟန့်တားဖို့ဖြစ်ကြောင်း မြောက်ကိုရီးယားကပြောပါတယ်။

ဂြိုဟ်တုလွှတ်တင်ရေးနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားအမျိုးသားအာကာသဖွံ့ဖြိုးရေးဌာနကို သမီးဖြစ်သူနဲ့ အတူ ကင်ဂျုံအန်ကသွားရောက်စစ်ဆေးခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားပါတယ်။

မြောက်ကိုရီးယားရဲ့ ပထမဆုံးစစ်ဘက်ထောက်လှမ်းရေးဂြိုဟ်တု တည်ဆောက်စမ်းသပ်မှုတွေကို ဧပြီလမှာ အပြီးသတ်ခဲ့ပြီး စီစဉ်ထားတဲ့နေ့ရက်အချိန်မှာ လွှတ်တင်ဖို့ကော်မတီတစ်ရပ်ဖွဲ့စည်းဖို့ကိုလည်း ကင်ဂျုံအန်က ညွှန်ကြားခဲ့ပါတယ်။

စစ်ဘက်ထောက်လှမ်းရေးဂြိုဟ်တုလွှတ်တင်မယ့် နေ့ရက်အချိန်ကို နိုင်ငံပိုင်သတင်းဌာနက အသေးစိတ်ထုတ်ပြန်ခြင်းမရှိပေမယ့် ဂြိုဟ်တုနဲ့ပတ်သက်ပြီး အဓိကနောက်ဆုံးအဆင့်စမ်းသပ်မှုကို ဒီဇင်ဘာလမှာ ပြီးဆုံးခဲ့ကြောင်း သိရပါတယ်။

Ref: NHK
#voiceofmyanmar #VOM #ပြုံးယမ်း

Related posts

Leave a Comment

VOM News

FREE
VIEW