ချင်းပြည်နယ်နဲ့ထိစပ်နေတဲ့ အဓိကနယ်စပ်ဂိတ်တွေကို အိန္ဒိယဘက်ကပိတ်ထား

ဒေလီ၊ ဧပြီ-၁၉-၂၀၂၃
မျိုးဆက်(VOM)

ချင်းပြည်နယ်အတွင်းမှာ အိန္ဒိယနိုင်ငံသားသုံးဦး ပြီးခဲ့လကအသတ်ခံရပြီးနောက် ချင်းပြည်နယ်နဲ့ အဓိကနယ်စပ်ဖြတ်ကျော်ဂိတ်တွေကို အိန္ဒိယအစိုးရက ပိတ်ပင်ထားတယ်လို့ သိရပါတယ်။

အိန္ဒိယနိုင်ငံသားအဖြစ်ခံယူထားတဲ့ မြန်မာနွယ်ဖွားချင်းအမျိုးသမီးသုံးဦးရဲ့အလောင်းတွေကို မတ် ၂၂ ရက် မတူပီမြို့မှာ ရှာဖွေတွေ့ရှိပြီး ဘယ်သူလက်ချက်နဲ့သေဆုံးခဲ့တယ်ဆိုတာကိုတော့ လက်ရှိချိန်ထိ ရှင်းလင်းစွာမသိရသေးပါဘူး။

ချင်းပြည်နယ်အတွင်းမှာ လက်နက်ကိုင်တွေအဖွဲ့တွေအကြာ တိုက်ပွဲတွေပြင်းထန်နေပြီး ဧပြီ ၁၀ ရက် ဖလမ်းမြို့နယ်အတွင်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားကိုးဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့ပါတယ်။

ထောင်နဲ့ချီတဲ့ဒေသခံတွေဟာ တိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကို ဖြတ်ကျော်၀င်ရောက်ခိုလှုံမှုတွေရှိနေပါတယ်။ အိန္ဒိယနိုင်ငံသားသုံးဦးသေဆုံးပြီးတဲ့နောက်မှာတော့ အိန္ဒိယနိုင်ငံသားတွေ မြန်မာနိုင်ငံဘက်ကို ဖြတ်သန်း၀င်ရောက်မှုမပြုဖို့ မီဇိုရမ်အရပ်ဘက်အဖွဲ့အစည်းတွေက သတိပေးထုတ်ပြန်ခဲ့ပါတယ်။

ဧပြီ ၆ ရက်မှာတော့ မတူပီမြို့နယ် လှိုင်မန်းနဲ့ဂေါင်လန်းကျေးရွာတွေမှာရှိတဲ့ အဓိကနယ်စပ်ဂိတ်နှစ်ခုကို အိန္ဒိယအာဏာပိုင်တွေက ပိတ်ပစ်ခဲ့ပြီး ရိခေါနဲ့ထန်တလန်ကနေ ၀င်ရောက်တဲ့လမ်းကြောင်းတွေကိုလည်း ပိတ်ထားပါတယ်။

မြန်မာနိုင်ငံသားတွေအနေနဲ့ တရားမ၀င်လှုပ်ရှားမှုတွေကို ရှောင်ကျဉ်ကြဖို့နဲ့ ဒီလိုလုပ်ဆောင်မှုတွေဟာ နယ်စပ်ဖြတ်ကျော်ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို ထိခိုက်စေကြောင်း အိန္ဒိယအခြေစိုက် အကူအညီပေးရေးအဖွဲ့ India For Myanmar တာ၀န်ရှိသူတဦးကပြောပါတယ်။

Ref: RFA
Photo: AFP

#voiceofmyanmar #VOM #အိန္ဒိယ #မြန်မာ #အိန္ဒိယမြန်မာနယ်စပ်

Related posts

Leave a Comment

VOM News

FREE
VIEW