မန္တလေးမြို့က ရွှေဆိုင်တဆိုင် သိန်း(၂၇၀၀)ခန့် ဓားပြတိုက်ခံရ

ဧပြီ ၁၉-၂၀၂၃
Voice Of Myanmar(VOM)

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှု(၁)စျေးရှေ့က ထိပ်တန်း ရတနာရွှေဆိုင် ဒီကနေ့ နေ့လယ်ပိုင်းက ဓားပြတိုက်ခံရပြီး သိန်း(၂၇၀၀)တန်ဖိုးရှိတဲ့ ရွှေထည်ပစ္စည်းတွေ ပါသွားတယ်လို့ မန္တလေးမြို့ခံတွေဆီက သိရပါတယ်။

ရဲနဲ့နီးစပ်သူတဦးက ” ရွှေဆိုင်ကို ဆိုင်ကယ်(၂)စီးနဲ့ အမျိုးသား(၄)ဦးက သေနတ်(၁)လက် ဓားရှည်တွေနဲ့လာပြီး ဓားပြတိုက်သွားတယ်လို့ ကနဦးသိရတယ်၊ ပါသွားတာကတော့ သိန်း(၂၇၀၀)ကျော်ရှိမယ်”လို့ ပြောပါတယ်။

ဓားပြတိုက်ခံရတာကြောင့် ရွှေလက်ကောက်၊ရွှေဆွဲကြိုး၊ရွှေနားကပ်၊ ရွှေကလစ် စုစုပေါင်း သိန်း ၂၇၀၀ကျော်ခန့် ပါသွားတာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာက တရားခံဖမ်းမိရေး ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ မတ်လ ၂၇ရက်က မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်က ရွှေသန့်စင်လုပ်ငန်းမှာ ငွေသား သိန်း(၁၂၀၀)ခန့် ဓားပြခံခဲ့ရပြီး ဓားပြတိုက်သူတွေကို မတ်လ(၂၈)ရက်မှာ ပြန်လည်ဖမ်းဆီးရမိခဲ့တဲ့ဖြစ်စဥ်လည်း ဖြစ်ပွါးခဲ့ပါသေးတယ်။

Photo Crd – FB
#voiceofmyanmar #VOM #မန္တလေး #ရွှေဆိုင်ဓားပြမှု

Related posts

Leave a Comment

VOM News

FREE
VIEW