ရုရှားတပ်တွေကို တန်ပြန်ထိုးစစ်ကြီးတခု မကြာခင်ဆင်နွှဲမယ်လို့ ယူကရိန်းသမ္မတပြော

ကိယက်ဗ်၊ မေ-၁-၂၀၂၃
မျိုးဆက်(VOM)

ရုရှားသိမ်းပိုက်ထားတဲ့ ယူကရိန်းနယ်မြေများကို ပြန်လည်သိမ်းပိုက်ဖို့အတွက် များမကြာမီမှာ တန်ပြန်ထိုးစစ်ကြီးတခုစတင်တော့မယ်လို့ ယူကရိန်းသမ္မတဇီလန်စကီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အဓိကတိုက်ပွဲကြီးတွေ မကြာခင်ဖြစ်လာတော့မှာဖြစ်ပြီး ယူကရိန်းနိုင်ငံနဲ့ ပြည်သူတွေကို ရုရှားရဲ့ သုံ့ပန်းဘ၀ကနေ လွတ်မြောက်စေရမယ်လို့ ယူကရိန်းနယ်ခြားစောင့်တပ်နေ့အထိမ်းအမှတ်နေ့ မိန့်ခွန်းပြောရာမှာ ဇီလန်စကီးကပြောပါတယ်။

ယူကရိန်းနိုင်ငံ၏ နယ်နိမိတ်တွေဖြစ်တဲ့ မြေပြင်နဲ့ ရေပြင်နယ်နိမိတ်တွေကို အပြည့်အဝြပန်လည်တည်ဆောက်ရမယ်လို့သူကပြောပါတယ်။ ယူကရိန်းအရှေ့ပိုင်း အမာခံနယ်မြေ ဘက်မွတ်ခ်နဲ့အခြားနေရာတွေရှိ ယူကရိန်းတပ်တွေရဲ့ စွမ်းဆောင်ရည်ကို သမ္မတဇီလန်စကီးက ချီးကျူးပြောဆိုပါတယ်။

ရုရှားတပ်တွေကို တန်ပြန်ထိုးစစ်ဆင်ဖို့အတွက် ပြင်ဆင်ထားကြဖို့ ယူကရိန်းကာကွယ်ရေး၀န်ကြီး အိုလက်စီရက်ဇ်နီကော့ဗ်ကလည်း ယူကရိန်းစစ်တပ်ကို တပ်လှန့်ထားပါတယ်။

မဟာမိတ်နိုင်ငံတွေဆီကနေ တောင်းဆိုထားတဲ့ အက်ဖ်-၁၆ တိုက်လေယာဉ်တွေမပါဘဲ ရုရှားတပ်တွေကို တန်ပြန်ထိုးစစ်ဆင်မှာဖြစ်ပြီး ယူကရိန်းပိုင်နက်နယ်မြေများကို ပြန်လည်ရယူရေးမှာ လွယ်ကူမှာတော့မဟုတ်ကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref:NHK
#voiceofmyanmar #VOM #ထီးလင်း #ကိယက်ဗ်

Related posts

Leave a Comment

VOM News

FREE
VIEW