ဒုက္ခသည်တွေ နေရပ်ပြန်ရေး ရိုဟင်ဂျာကိုယ်စားလှယ်အဖွဲ့ ရခိုင်ပြည်နယ်လာမည်

ဒါကာ၊ မေ-၄-၂၀၂၃ မျိုးဆက်(VOM) ဘင်္ဂလားဒေ့ရ်ှမှာရောက်ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံပြန်မပို့မီ ရခိုင်ပြည်နယ်က အခြေအနေတွေကို သိရှိနိုင်ဖို့အတွက် အဖွဲ့၀င် ၂၀ ပါ ရိုဟင်ဂျာကိုယ်စားလှယ်အဖွဲ့ဟာ ယခုသီတင်းပတ်နှောင်းပိုင်းမှာ ရခိုင်ပြည်နယ်ကို လာရောက်ဖို့ စီစဉ်ထားကြောင်း ဘင်္ဂလားဒေ့ရ်ှအာဏာပိုင်တွေက အတည်ပြုပြောဆိုလိုက်ပါတယ်။ ဒုက္ခသည်တွေကို ကိုယ်စားပြုတဲ့ ရိုဟင်ဂျာကိုယ်စားလှယ်အဖွဲ့ဟာ မေ ၅ ရက်မှာ ရခိုင်ပြည်နယ်ကို လာရောက်ဖွယ်ရှိနေပါတယ်။ ခရီးစဉ်ကတော့ တရက်ကြာမှာဖြစ်ပြီး ရိုဟင်ဂျာကိုယ်စားလှယ်တေနွနဲ့အတူ ဘင်္ဂလားဒေ့ရ်ှအရာရှိအချို့လည်းပါမယ်လို့ ဒုက္ခသည်ကယ်ဆယ်ရေးနဲ့ နေရပ်ပြန်ပို့ရေးကော်မရှင်နာမင်းကြီး မီဇန်နာရာမန်က ပြောပါတယ်။ လူမျိုးတုံး သုတ်သင်ရှင်းလင်းမှုနဲ့ လူမျိုးတုံးသတ်ဖြတ်မှုအတွက် ဖြစ်နိုင်ခြေရှိတယ်လို့ ကုလသမဂ္ဂက ပြောဆိုထားခဲ့တဲ့ ရခိုင်ပြည်နယ်အရေးအခင်းအပြီးမှာ ရိုဟင်ဂျာ ရှစ်သိန်းနီးပါးဟာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံထဲကို ၂၀၁၇ ခုနှစ် ထွက်ပြေးခဲ့ကြပြီးနောက်ပိုင်း ရိုဟင်ဂျာကိုယ်စားလှယ်အဖွဲ့ရဲ့ ပထမဆုံးခရီးစဉ်ဖြစ်ပါတယ်။ သူတို့ကို ရခိုင်ပြည်နယ်ပြန်ပို့ရေးအတွက် နှစ်နိုင်ငံအစိုးရတွေ နှစ်ကြိမ်တိုင်ကြိုးပမ်းခဲ့ကြပေမယ့် မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်အပြုမခံရဘဲ နေရပ်မပြန်ဘူးလို့ ဒုက္ခသည်တွေက ငြင်းဆန်ခဲ့တာကြောင့် အစီအစဉ်…

Read More

ရ၀မ်ဒါမှာ မိုးသည်းထန်စွာရွာပြီး ရေကြီးရေလျှံမှုတွေကြောင့် လူ ၁၃၀ ကျော်သေဆုံး

ကီဂါလီ၊ မေ-၄-၂၀၂၃ မျိုးဆက်(VOM) ရ၀မ်ဒါနိုင်ငံ မြောက်ပိုင်းနဲ့အနောက်ပိုင်းပြည်နယ်တွေမှာ ရေကြီးရေလျှံမှုတွေနဲ့ မြေပြိုမှုတွေကြောင့် လူ ၁၃၀ ထက်မနည်းသေဆုံးခဲ့ကြောင်း တာ၀န်ရှိသူတွေက မေ ၃ ရက်မှာ ပြောပါတယ်။ လူတွေအ်ိပ်မောကျနေတဲ့ ညသန်းခေါင်အချိန်မှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံဖြစ်ပွားခြင်းက လူအများအပြား သေဆုံးရတဲ့ အဓိကအကြောင်းရင်းဖြစ်ကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ ဖြစ်စဉ်ကြောင့် လူနေအိမ်အများအပြားလည်း ပြိုကျခဲ့ပြီး မြေပြိုမှုကြောင့် အဓိကလမ်းမကြီးတွေ အသုံးပြုလို့ မရဘဲ ပျက်စီးမှုတွေဖြစ်ပေါ်နေပါတယ်။ ရေကြီးရေလျှံဆက်လက်ဖြစ်ပွားနေခြင်းကြောင့် သေဆုံးသူအရေအတွက် တိုးလာနိုင်ကြောင်း တာ၀န်ရှိသူတွေ ကပြောပါတယ်။ အစိုးရရဲ့ အဓိကဦးစားပေးဟာ ပိတ်မိနေသူတွေကို ကယ်တင်နိုင်ဖို့ဖြစ်ပြီး ပျက်စီးသွားတဲ့ အိမ်တိုင်းကို အရောက်သွားဖို့ဖြစ်ကာ ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားကြောင်း ရ၀မ်ဒါသမ္မတက ပြောပါတယ်။ မိုးသည်းထန်စွာရွာသွန်းမှုတွေဟာ ယခုလအတွင်း ဆက်လက်ဖြစ်ပွားဖွယ်ရှိကြောင်း အာဏာပိုင်တွေက သတိပေးထားပါတယ်။ လူ ၈၀ ၀န်းကျင်သေဆုံးခဲ့တဲ့ ၂၀၂၀ ခုနှစ်မေလနောက်ပိုင်း ယခုဖြစ်စဉ်ဟာ…

Read More

သတင်းသမားတွေကို အစိုးရတွေက မကြုံစဖူး ဖိနှိပ်တိုက်ခိုက်နေကြောင်း RSF သတိပေး

ဝါရှင်တန်၊ မေ-၄-၂၀၂၃ မျိုးဆက်(VOM) ကမ္ဘာတဝန်းရှိ သတင်းသမားတွေဟာ အစိုးရတွေရဲ့ မကြုံစဖူး ဖိနှိပ်တိုက်ခိုက်မှုတွေကို ခံနေရကြောင်း နယ်စည်းမခြား သတင်းသမားများအဖွဲ့(RSF) က မေ ၃ ရက်မှာ သတိပေးလိုက်ပါတယ်။ သတင်းသမားတွေအပေါ် အာဏာပိုင်တွေရဲ့ ဖိနှိပ်မှုတွေဟာ ပိုမိုပြင်းထန်လာတယ်လို့ နယ်စည်းမခြား သတင်းသမားများအဖွဲ့ရဲ့ နှစ်ပတ်လည်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် သတင်းတုတွေ မဟုတ်မမှန်လုပ်ကြံသတင်းတွေကြောင့် သတင်းမီဒီယာအပေါ် အများပြည်သူရဲ့ ရန်လိုမှုတွေလည်း တိုးလာကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ နယ်စည်းမခြားသတင်းသမားများအဖွဲ့ရဲ့ အဆိုအရ ၂၀၂၂ ခုနှစ်အတွင်းမှာ သတင်းသမား ၅၅ ဦးနဲ့ သတင်းမီဒီယာနဲ့ဆက်နွယ်နေတဲ့ အလုပ်သမားလေးဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ နိုင်ငံပေါင်း ၃၁ နိုင်ငံမှာ သတင်းမီဒီယာအခြေအနေဟာ ဆိုးရွားနေပြီး တူရကီ၊ ရုရှား၊ တရုတ်၊ အီရန်နဲ့မြောက်ကိုရီးယားတို့ ပါဝင်နေကြောင်း အစီရင်ခံစာကဆိုပါတယ်။ နော်ဒစ်နိုင်ငံတွေကတော့ သတင်းမီဒီယာလွတ်လပ်ခွင့်မှာ ထိပ်ဆုံးကဦးဆောင်နေပြီး နော်ဝေက ပထမနဲ့ ဒိန်းမတ်၊…

Read More

VOMရဲ့ သိပ္ပံနဲ့ နည်းပညာ ကဏ္ဍ

မျိုးဆက်(VOM) (၁)-ဥာဏ်ရည်တုနည်းပညာကြောင့် အလုပ်အကိုင်နေရာ သန်း ၃၀၀ ကျော်ဆုံးရှုံးဖွယ်ရှိ တိုးတက်လာတဲ့ ဥာဏ်ရည်တုနည်းပညာကြောင့် ကမ္ဘာပေါ်မှာလူသားတွေလုပ်ကိုင်နေတဲ့ အချိန်ပြည့်အလုပ်ပေါင်း သန်း ၃၀၀ ကျော်ဆုံးရှုံးဖွယ်ရှိကြောင်း မကြာသေးမီက ထုတ်ပြန်တဲ့ ကျွမ်းကျင်သူတွေရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဥာဏ်ရည်တုနည်းပညာက အမေရိကန်နဲ့ ဥရောပဒေသရှိ အလုပ်အကိုင်လေးပုံတစ်ပုံကို အစားထိုးနိုင်ဖွယ်ရှိနေပြီး ဒီလိုနည်းပညာကအစားထိုးမှုကြောင့် ကုန်ထုတ်စွမ်းအားတိုးလာနိုင်ပြီး ကမ္ဘာလုံးဆိုင်ရာ ကုန်ထုတ်လုပ်မှုရဲ့ ၇ ရာခိုင်နှုန်း တိုးလာနိုင်တယ်လို့ ဆိုပါတယ်။ ဥာဏ်ရည်တုနည်းပညာရဲ့သက်ရောက်မှုဟာ ကဏ္ဍအသီးသီးပေးမူတည်ပြီး ကွဲပြားခြားနားမှာဖြစ်ကာ စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းဆောင်တာတွေရဲ့၄၆ ရာခိုင်နှုန်း၊ တရားရေးဆိုင်ရာလုပ်ငန်းတွေမှာ ၄၄ ရာခိုင်နှုန်းနဲ့ ဆောက်လုပ်ရေး၊ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာတော့ ၆ ရာခိုင်နှုန်းနဲ့ ၄ ရာခိုင်နှုန်းအသီးသီး အစားထိုးနိုင်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ မိုကခရိုဆော့ဖ်ပူးတွဲတည်ထောင်သူ ဘီလ်ဂိတ်ကတော့ ဥာဏ်ရည်တုနည်းပညာတိုးတက်မှုဟာ ဆယ်စုနှစ်အတွင်း အမြင့်ဆုံးဖြစ်လာနေပြီး လူတွေရဲ့အလုပ်အကိုင်၊ ပညာသင်ယူမှု၊ ခရီးသွားလာမှု၊ အချင်းချင်းအပြန်အလှန်ဆက်သွယ်မှုပုံစံတို့ ပြောင်းလဲသွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။လကမ္ဘာခရီးစဉ်စေလွှတ်ဖို့…

Read More

လာအိုအစိုးရကို ဝေဖန်ရေးသားလေ့ရှိသူတဦး သေနတ်နဲ့ ပစ်သတ်ခံရ

ဗီယင်ကျန်း၊ မေ-၄-၂၀၂၃ မျိုးဆက်(VOM) လာအိုအစိုးရကို ဝေဖန်တဲ့လူသိများတဲ့ ဖေ၀န်ရေးသမားတဦးဟာ မြို့တော်ဗီယင်ကျန်းမှာ ညဘက်နှောင်းပိုင်း တိုက်ခိုက်မှုအတွင်း သေနတ်နဲ့ပစ်သတ်ခံခဲ့ရပါတယ်။ အသက် ၂၅ နှစ်အရွယ် Luangsuphom ဟာ ပြီးခဲ့တဲ့ စနေနေ့က ကော်ဖီဆိုင်ထိုင်နေစဉ်မှာ မျက်နှာနဲ့ ရင်ဘတ်ကို သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာဖြစ်ပါတယ်။ သူဟာ လာအို ကွန်မြူနစ်အာဏာပိုင်တွေကို ရဲရဲဝံ့ဝံ့ဝေဖန်ရေးသားတဲ့ Kub Kluen Duay Keyboard ဆိုတဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကို တည်ထောင်ရေးသားနေသူဖြစ်ပါတယ်။ ရက်စက်ကြမ်းကြုတ်ပြီးသွေးအေးတဲ့ သတ်ဖြတ်မှုအတွက် စုံစမ်းစစ်ဆေးမှုတွေ မလုပ်သေးတဲ့အပေါ် လာအိုတာ၀န်ရှိသူတွေက လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ပြောဆိုနေကြပါတယ်။ တိုက်ခိုက်မှုကို လုံခြုံရေးကင်မရာကတဆင့် မှတ်တမ်းရယူထားနိုင်ခဲ့ပြီး အညိုရောင်လက်ရှည်နဲ့ အနက်ရောင်ဦးထုတ်ဆောင်းထားတဲ့အမျိုးသားတဦးဟာ ကော်ဖီဆိုင်ထဲကို၀င်လာပြီး ထိုင်နေတဲ့ Luangsuphom ကိုနှစ်ကြိမ်တိုင် ပစ်ခတ်ခဲ့ပါတယ်။ Luangsuphom ကိုဆေးရုံပို့ဆောင်စဉ် လမ်းမှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။ ဒါဟာ လာအိုအစိုးရကို ဝေဖန်သူတွေ ဘယ်သူမှဘေးမကင်းဘူးဆိုတဲ့ ကျောချမ်းစရာ သတင်းစကားဖြစ်တယ်လို့…

Read More

သေဒဏ်ကနေ တသက်တကျွန်းပြောင်းလဲမှု ပွင့်လင်းမြင်သာမှု မရှိဘူးလို့ နိုင်ငံရေးလေ့လာသူတွေ သုံးသပ်

မေ ၄ – ၂၀၂၃ SN (VOM) သေဒဏ်ကျအကျဉ်းသား (၃၈) ဦးကို ထောင်ဒဏ်တသက် လျှော့ပေါ့ပေးမယ်ဆိုတဲ့ ကြေညာချက်ဟာ ပွင့်လင်းမြင်သာမှု မရှိဘူးလို့ နိုင်‌ငံရေးလေ့လာသူတွေက သုံးသပ်ပါတယ်။ ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် နစက က အကျဉ်းထောင်အသီးသီးမှာ သေဒဏ်ကျခံနေရတဲ့ အကျဉ်းသားနဲ့ အကျဉ်းသူ (၃၈) ဦီးကို ပြစ်ဒဏ်က လွတ်ငြိမ်းခွင့်ပေးပြီး ထောင်ဒဏ်တသက်ကို ပြောင်းလဲကျခံစေဖို့ မနေ့ မေ ၃ ရက်က ထုတ်ပြန် ကြေညာခဲ့တာ ဖြစ်ပါတယ်။ “အခုလို ပြစ်ဒဏ်လျှော့ပေါ့ပေးတာဟာ ဘယ်သူတွေရယ်လို့ ထုတ်ပြန်ချက်မှာ အတိအကျ မပါဘူး။ ပွင့်လင်းမြင်သာမှုမရှိဘူး။ နောက်ပြီး မြန်မာနှစ်ဆန်း (၁)ရက်နေ့မှာ လွတ်ငြိမ်းမပေးခဲ့ဘဲ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ကဆုန်လပြည့်နေ့မှာ ကျရောက်တဲ့ ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့် လွတ်ငြိမ်းပေးတယ်။ သေဒဏ်တွေကနေ တကျွန်းပြောင်းပေးတယ်။ ဒါကလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးခရီးစဉ်နဲ့…

Read More

သမ္မတပူတင်ကို ဒရုန်းနဲ့တိုက်ခိုက်ပြီး လုပ်ကြံသတ်ဖြတ်ဖို့ ယူကရိန်းကြိုးပမ်းခဲ့ကြောင်း ရုရှားစွပ်စွဲ

မော်စကို၊ မေ-၄-၂၀၂၃ မျိုးဆက်(VOM) ယူကရိန်းဟာ ရုရှားရဲ့ကရင်မလင်နန်းတော်ကို ဒရုန်းနဲ့တိုက်ပြီး သမ္မတပူတင်ကို လုပ်ကြံသတ်ဖြတ်ဖို့ကြိုးပမ်းခဲ့ကြောင်း ရုရှားက စွပ်စွဲပြောဆိုလိုက်ပြီး ဒီကိစ္စအတွက် လက်တုံ့ပြန်သွားမယ်လို့ သတိပေးပြောဆိုလိုက်ပါတယ်။ အဲဒီလိုတိုက်ခိုက်မှုမှာ ဒရုန်းနှစ်စင်းနဲ့ ကရင်မလင်ကိုတိုက်ခိုက်ဖို့ ရည်ရွယ်ထားကြောင်း ရုရှားဘက်ကပြောပါတယ်။ စစ်တပ်နဲ့အထူးတပ်ဖွဲ့တွေက ဒရုန်းတွေကို အီလက်ထရောနစ်စစ်ဆင်ရေးနဲ့ တားဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ပြည်ပဧည့်သည်တွေ တက်ရောက်ဖို့ စီစဉ်ထားတဲ့ မေ ၉ ရက်အခမ်းအနားမတိုင်ခင်မှာ ယူကရိန်းရဲ့ဒီအကြမ်းဖက်လုပ်ရပ်ဟာ သမ္မတပူတင်ကို သတ်ဖြတ်ဖို့ကြံစည်တာလို့ ယူဆကြောင်း ရုရှားတာ၀န်ရှိသူတွေကပြောပါတယ်။ ကရင်မလင်နန်းတော် မြေပြင်မှာဒရုန်းတွေရဲ့ အပျက်အစီးတွေ ပြန့်ကြဲနေခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရမှု သို့မဟုတ် ပျက်စီးမှုမရှိကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။ ဒါပေမယ့် အဲဒီစွပ်စွဲချက်တွေဟာ မမှန်ကန်ဘဲ တိုက်ခိုက်မှုမှာ ပါ၀င်ပတ်သက်ခြင်းမရှိကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက ငြင်းဆိုထားပါတယ်။ ခုတိုက်ခိုက်နေတာဟာ ပူတင် ဒါမှမဟုတ် ရုရုားကိုတိုက်ခိုက်နေတာမဟုတ်ပါဘူး။ မိမိတို့ပိုင်နက်နယ်မြေအတွက် တိုက်ပွဲ၀င်နေတာဖြစ်ကြောင်း သူကပြောပါတယ်။ Ref: Reuters #voiceofmyanmar…

Read More

အိန္ဒိယ – မြန်မာ နယ်စပ်မှာ လူမျိုးရေး အဓိကရုဏ်းတွေဖြစ်ပွားနေတာကြောင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေ ရပ်တန့်သွား

မေ ၊ ၄ ၊ ၂၀၂၃ SP (VOM) မြန်မာ – အိန္ဒိယ ၂ နိုင်ငံ ၊ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းတွေ စည်ပင်ဖွံ့ဖြိုးရာ အိန္ဒိယနိုင်ငံ ၊ မဏိပူရ်ပြည်နယ် ၊ မိုးရေးမြို့ အပါအဝင် ခရိုင် ၅ ခုထဲမှာ လူမျိုးရေး ပဋိပက္ခ အဓိကရုဏ်းတွေဖြစ်ပွားနေပြီး ပစ်ခတ်တိုက်ခိုက်တာ နဲ့ မီးရှို့ဖျက်ဆီးတာတွေ ရှိနေတဲ့အတွက် အိန္ဒိယ – မြန်မာ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းတွေ အရောင်းအဝယ် ရပ်တန့်သွားတယ်လို့ တမူးမြို့ နယ်စပ်ကုန်သွယ်ရေး စီးပွားရေးလုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ” ၂ ရက် ၊ ၃ ရက်ရှိပြီး ၊ မိုးရေးဘက်က ဝယ်လက်တွေ မလာတော့ဘူး ၊ အမှာကုန်လည်း ဆက်သွယ်တာ မရှိတော့ဘူး ၊ အရောင်းအဝယ် ရပ်တန့်သွားတယ်…

Read More
VOM News

FREE
VIEW