ဒုက္ခသည်တွေ နေရပ်ပြန်ရေး ရိုဟင်ဂျာကိုယ်စားလှယ်အဖွဲ့ ရခိုင်ပြည်နယ်လာမည်

ဒါကာ၊ မေ-၄-၂၀၂၃
မျိုးဆက်(VOM)

ဘင်္ဂလားဒေ့ရ်ှမှာရောက်ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံပြန်မပို့မီ ရခိုင်ပြည်နယ်က အခြေအနေတွေကို သိရှိနိုင်ဖို့အတွက် အဖွဲ့၀င် ၂၀ ပါ ရိုဟင်ဂျာကိုယ်စားလှယ်အဖွဲ့ဟာ ယခုသီတင်းပတ်နှောင်းပိုင်းမှာ ရခိုင်ပြည်နယ်ကို လာရောက်ဖို့ စီစဉ်ထားကြောင်း ဘင်္ဂလားဒေ့ရ်ှအာဏာပိုင်တွေက အတည်ပြုပြောဆိုလိုက်ပါတယ်။

ဒုက္ခသည်တွေကို ကိုယ်စားပြုတဲ့ ရိုဟင်ဂျာကိုယ်စားလှယ်အဖွဲ့ဟာ မေ ၅ ရက်မှာ ရခိုင်ပြည်နယ်ကို လာရောက်ဖွယ်ရှိနေပါတယ်။

ခရီးစဉ်ကတော့ တရက်ကြာမှာဖြစ်ပြီး ရိုဟင်ဂျာကိုယ်စားလှယ်တေနွနဲ့အတူ ဘင်္ဂလားဒေ့ရ်ှအရာရှိအချို့လည်းပါမယ်လို့ ဒုက္ခသည်ကယ်ဆယ်ရေးနဲ့ နေရပ်ပြန်ပို့ရေးကော်မရှင်နာမင်းကြီး မီဇန်နာရာမန်က ပြောပါတယ်။

လူမျိုးတုံး သုတ်သင်ရှင်းလင်းမှုနဲ့ လူမျိုးတုံးသတ်ဖြတ်မှုအတွက် ဖြစ်နိုင်ခြေရှိတယ်လို့ ကုလသမဂ္ဂက ပြောဆိုထားခဲ့တဲ့ ရခိုင်ပြည်နယ်အရေးအခင်းအပြီးမှာ ရိုဟင်ဂျာ ရှစ်သိန်းနီးပါးဟာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံထဲကို ၂၀၁၇ ခုနှစ် ထွက်ပြေးခဲ့ကြပြီးနောက်ပိုင်း ရိုဟင်ဂျာကိုယ်စားလှယ်အဖွဲ့ရဲ့ ပထမဆုံးခရီးစဉ်ဖြစ်ပါတယ်။

သူတို့ကို ရခိုင်ပြည်နယ်ပြန်ပို့ရေးအတွက် နှစ်နိုင်ငံအစိုးရတွေ နှစ်ကြိမ်တိုင်ကြိုးပမ်းခဲ့ကြပေမယ့် မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်အပြုမခံရဘဲ နေရပ်မပြန်ဘူးလို့ ဒုက္ခသည်တွေက ငြင်းဆန်ခဲ့တာကြောင့် အစီအစဉ် အထမမြောက်ခဲ့ပါဘူး။

Ref:EFE
Photo:AFP
#voiceofmyanmar #VOM #ဒါကာ

Related posts

Leave a Comment

VOM News

FREE
VIEW