ရ၀မ်ဒါမှာ မိုးသည်းထန်စွာရွာပြီး ရေကြီးရေလျှံမှုတွေကြောင့် လူ ၁၃၀ ကျော်သေဆုံး

ကီဂါလီ၊ မေ-၄-၂၀၂၃
မျိုးဆက်(VOM)

ရ၀မ်ဒါနိုင်ငံ မြောက်ပိုင်းနဲ့အနောက်ပိုင်းပြည်နယ်တွေမှာ ရေကြီးရေလျှံမှုတွေနဲ့ မြေပြိုမှုတွေကြောင့် လူ ၁၃၀ ထက်မနည်းသေဆုံးခဲ့ကြောင်း တာ၀န်ရှိသူတွေက မေ ၃ ရက်မှာ ပြောပါတယ်။

လူတွေအ်ိပ်မောကျနေတဲ့ ညသန်းခေါင်အချိန်မှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံဖြစ်ပွားခြင်းက လူအများအပြား သေဆုံးရတဲ့ အဓိကအကြောင်းရင်းဖြစ်ကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။

ဖြစ်စဉ်ကြောင့် လူနေအိမ်အများအပြားလည်း ပြိုကျခဲ့ပြီး မြေပြိုမှုကြောင့် အဓိကလမ်းမကြီးတွေ အသုံးပြုလို့ မရဘဲ ပျက်စီးမှုတွေဖြစ်ပေါ်နေပါတယ်။

ရေကြီးရေလျှံဆက်လက်ဖြစ်ပွားနေခြင်းကြောင့် သေဆုံးသူအရေအတွက် တိုးလာနိုင်ကြောင်း တာ၀န်ရှိသူတွေ ကပြောပါတယ်။

အစိုးရရဲ့ အဓိကဦးစားပေးဟာ ပိတ်မိနေသူတွေကို ကယ်တင်နိုင်ဖို့ဖြစ်ပြီး ပျက်စီးသွားတဲ့ အိမ်တိုင်းကို အရောက်သွားဖို့ဖြစ်ကာ ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားကြောင်း ရ၀မ်ဒါသမ္မတက ပြောပါတယ်။

မိုးသည်းထန်စွာရွာသွန်းမှုတွေဟာ ယခုလအတွင်း ဆက်လက်ဖြစ်ပွားဖွယ်ရှိကြောင်း အာဏာပိုင်တွေက သတိပေးထားပါတယ်။

လူ ၈၀ ၀န်းကျင်သေဆုံးခဲ့တဲ့ ၂၀၂၀ ခုနှစ်မေလနောက်ပိုင်း ယခုဖြစ်စဉ်ဟာ ရ၀မ်ဒါနိုင်ငံမှာ အဆိုးရွားဆုံးသော ရေဘေးဖြစ်ပါတယ်။

Ref: BBC
#voiceofmyanmar #VOM #ကီဂါလီ

Related posts

Leave a Comment

VOM News

FREE
VIEW