သမ္မတပူတင်ကို ဒရုန်းနဲ့တိုက်ခိုက်ပြီး လုပ်ကြံသတ်ဖြတ်ဖို့ ယူကရိန်းကြိုးပမ်းခဲ့ကြောင်း ရုရှားစွပ်စွဲ

မော်စကို၊ မေ-၄-၂၀၂၃
မျိုးဆက်(VOM)

ယူကရိန်းဟာ ရုရှားရဲ့ကရင်မလင်နန်းတော်ကို ဒရုန်းနဲ့တိုက်ပြီး သမ္မတပူတင်ကို လုပ်ကြံသတ်ဖြတ်ဖို့ကြိုးပမ်းခဲ့ကြောင်း ရုရှားက စွပ်စွဲပြောဆိုလိုက်ပြီး ဒီကိစ္စအတွက် လက်တုံ့ပြန်သွားမယ်လို့ သတိပေးပြောဆိုလိုက်ပါတယ်။

အဲဒီလိုတိုက်ခိုက်မှုမှာ ဒရုန်းနှစ်စင်းနဲ့ ကရင်မလင်ကိုတိုက်ခိုက်ဖို့ ရည်ရွယ်ထားကြောင်း ရုရှားဘက်ကပြောပါတယ်။ စစ်တပ်နဲ့အထူးတပ်ဖွဲ့တွေက ဒရုန်းတွေကို အီလက်ထရောနစ်စစ်ဆင်ရေးနဲ့ တားဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပြည်ပဧည့်သည်တွေ တက်ရောက်ဖို့ စီစဉ်ထားတဲ့ မေ ၉ ရက်အခမ်းအနားမတိုင်ခင်မှာ ယူကရိန်းရဲ့ဒီအကြမ်းဖက်လုပ်ရပ်ဟာ သမ္မတပူတင်ကို သတ်ဖြတ်ဖို့ကြံစည်တာလို့ ယူဆကြောင်း ရုရှားတာ၀န်ရှိသူတွေကပြောပါတယ်။

ကရင်မလင်နန်းတော် မြေပြင်မှာဒရုန်းတွေရဲ့ အပျက်အစီးတွေ ပြန့်ကြဲနေခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရမှု သို့မဟုတ် ပျက်စီးမှုမရှိကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။

ဒါပေမယ့် အဲဒီစွပ်စွဲချက်တွေဟာ မမှန်ကန်ဘဲ တိုက်ခိုက်မှုမှာ ပါ၀င်ပတ်သက်ခြင်းမရှိကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက ငြင်းဆိုထားပါတယ်။ ခုတိုက်ခိုက်နေတာဟာ ပူတင် ဒါမှမဟုတ် ရုရုားကိုတိုက်ခိုက်နေတာမဟုတ်ပါဘူး။ မိမိတို့ပိုင်နက်နယ်မြေအတွက် တိုက်ပွဲ၀င်နေတာဖြစ်ကြောင်း သူကပြောပါတယ်။

Ref: Reuters
#voiceofmyanmar #VOM #မော်စကို

Related posts

Leave a Comment

VOM News

FREE
VIEW