ထီးလင်းမြို့ပေါ် ဌာနဆိုင်ရာ ရုံးအဆောက်ဦးတွေ မီးရှို့ခံရ

မေ ၊ ၁၁ ၊ ၂၀၂၃
SP (VOM)

မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ ထီးလင်းမြို့ပေါ်မှာရှိတဲ့ ဌာနဆိုင်ရာ ရုံးအဆောက်ဦးတချို့ ဒီကနေ့မနက်ပိုင်းက. မီးရှို့ခံရတယ်လို့ ထီးလင်းမြို့ခံတွေဆီက သိရပါတယ်။

” ဒီမနက် ၅ နာရီဝန်းကျင်က ပစ်ခတ်တိုက်ခိုက်တာတွေဖြစ်တယ် ၊ အဲ့ဒါပြီးတော့ မြို့နယ် ပညာရေးမှူးရုံး ၊ မြို့နယ်သမဝါယမ ရုံး ၊ မြို့နယ်စီမံကိန်းရုံး ၊ မြို့နယ်ဥပေဒေရုံးနဲ့ မြို့နယ်စည်ပင်သာယာရုံး အပါအဝင် ဌာနဆိုင်ရာ ရုံး ၅ ခုရဲ့ အဆောက်ဦးတွေ မီးရှို့ဖျက်စီးခံရတယ် ” လို့ ထီးလင်းမြို့ခံ တယောက်က ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဂန့်ဂေါခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတစ်ယောက်က ” ဒီမနက် ၅ နာရီမှာ ထီးလင်းမြို့နယ် စီမံအုပ်ချုပ်ရေးရုံးမှာ လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ အဖွဲ့ကို မီတာ ၄၀၀ အကွာကနေ စီစစ်ဆဲ အဖွဲ့က လက်လုပ် လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်တယ် ၊ အဲ့ဒီနောက် အထက်တန်းကျောင်းမှာ ရှိတဲ့ လုံခြုံရေး အဖွဲ့လည်း လက်လုပ် လက်နက်ကြီးတွေနဲ့ လာရောက်ပစ်ခတ်တယ် ၊ အဲ့ဒီမှာ လုံခြုံရေးအဖွဲ့ဘက်က ရဲတပ်ဖွဲ့ဝင် ၃ ဦး မစိုးရိမ်ရ ဒဏ်ရာရတယ် ၊တဖက်ကလူတွေရဲ့အလောင်း ၄ လောင်းနဲ့ သေနတ် ၂ လက် သိမ်းဆည်းရမိတယ်. ” လို့ ပြောပါတယ်။

အဲ့ဒီ ပစ်ခတ်တိုက်ခိုက်တာတွေနဲ့ ပတ်သက်ပြီး ထီးလင်းမြို့ခံ တယောက်က ” ထီးလင်းကို ဝင်ထွက်သွားလာလို့ရတဲ့ ကားလမ်းတွေကို ပြီးခဲ့တဲ့ ဧပြီလထဲက အရပ်ဘက် လက်နက်ကိုင်တွေက ပိတ်ဆို့ထားတယ် ၊ မြို့ပေါ်မှာ ကုန်စည်တွေ ပြတ်လပ်နေပြီး ၊ မြို့ပေါ်မှာ တိုက်ပွဲဖြစ်မယ်ဆိုတာ ကြားရတာကြာပြီ ၊ လုပ်ငန်းရှင်တွေနဲ့ လူလတ်တန်းစားတွေက နေရပ်စွန့်ခွာသွားတာကြာပြီ ၊ မြို့ပေါ် လူထုတော့ အထိခိုက် မရှိဘူး ” လို့ပြောပါတယ်။

ထီးလင်းမြို့နယ်မှာ ဒီမနက်ကစပြီး ဖုန်းလိုင်း ၊ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာကြောင့် မီးလောင်ဆုံးရှုံးသွားတဲ့ ကာလတန်ဘိုး ဘယ်လောက်ရှိတယ်ဆိုတာ VOM က အတည်မပြုနိုင်သေးပါဘူး။

#voiceofmyanmar #VOM #ထီးလင်း

Related posts

Leave a Comment

VOM News

FREE
VIEW