မန္တလေးက မီးရထား ဆရာဝန်ကြီး ဆေးခန်းထဲမှာ ပစ်သတ်ခံရ

မေ ၊ ၁၆ ၊ ၂၀၂၃
SP ( VOM)

မန္တလေးတိုင်း ၊ ပလိတ်မြို့ ၊ စျေးကွက်သစ်ရပ်ကွက် ၊ လျှပ်စစ်ရုံးနားက ဆေးခန်းတခုထဲမှာ မနေ့ ၁၅ ရက် ညနေပိုင်းက မန္တလေး မီးရထား ဆရာဝန်ကြီး တယောက် သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” မနေ့က ညနေပိုင်း ၆ နာရီဝန်းကျင်လောက်မှာဖြစ်တာပါ ၊ လည်ပင်း ကျည်ဆံဖောက်ဝင် ဒဏ်ရာ ၁ ချက်နဲ့သေဆုံးနေတယ် ၊ သေဆုံးသူက မီးရထား ဆရာဝန်ကြီးဖြစ်တယ် ” လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့ဝင် ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ မန္တလေးတိုင်း လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” သေဆုံးသူက အမျိုးသမီး ဆရာဝန်ကြီး ဒေါက်တာ တင်ချိုချိုကို အသက် ၅၄ နှစ်ဖြစ်တယ် ၊ သူက မန္တလေးတိုင်း မီးရထား ဆရာဝန်ကြီးဖြစ်တယ် ၊ မနေ့က ညနေပိုင်းမှာ သူ့ရဲ့ ဆေးခန်းကို လူနာလာပြဟန်ဆောင်ထားတဲ့ လူငယ် ၂ ယောက် ( စီစစ်ဆဲ) က ဆရာဝန်ကြီးကို ပစ်သတ်သွားတာ ၊ အဲ့ဒီ အခင်းဖြစ်နေရာမှာ လူသတ်သမားတွေ အသုံးပြုသွားတဲ့ Thai Arms 9mm အမျိုးအစားကျည်ခွံ(၁)ခု တွေ့ရတယ် ၊ ဘာကြောင့် သတ်ရတာလည်းဆိုတာ သိနိုင်ဖို့ အမြန်ဆုံးသိနိုင်ဖို့ တာဝန်ရှိသူတွေက လုပ်ဆောင်နေပါတယ် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း ပလိတ် မီးရထား ရဲစခန်းက ဒုရဲမှူး အဆင့်ရှိသူ ရဲအရာရှိ တစ်ယောက်ဟာ ပုသိမ်ကြီးမြို့မှာ နေထိုင်တဲ့ သူ့အမျိုးရဲ့ နေအိမ်ကို အလည်သွားရာကနေ ပစ်သတ်ခံရပြီး ခြောက်လုံးပြူး သေနတ် ၁ လက်နဲ့ ၊ ဆက်သွယ်ရေး စကားပြောစက် ပါသွားတာ ဖြစ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #မန္တလေးရထားဆေးရုံအုပ်
#ဒေါက်တာတင်ချိုချိုကို

Related posts

Leave a Comment

VOM News

FREE
VIEW