ရေနစ်မြုပ်ခဲ့တဲ့ မကွေး၊စစ်ကိုင်း အပါအဝင် ဒေသအချို့မှာ သီးနှံစိုက်ခင်း အများအပြား ပျက်စီးခဲ့

မေ ၁၆ – ၂၀၂၃ GG (VOM) မကွေး တိုင်း၊ စစ်ကိုင်းတိုင်း နဲ့ ပဲခူးတိုင်းမှာ မုန်တိုင်း မိုခါကြောင့် သီးနှံစိုက်ခင်း အများအပြား ရေနစ်မြုပ် ပျက်စီးမှုတွေ ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ မကွေးတိုင်းမှာ စိုက်ခင်း ဧက ၁၀၀၀၀ ကျော်ခန့် ရေနစ်မြုပ် ပျက်စီးခဲ့ရပြီး ၊ စစ်ကိုင်းတိုင်းမှာလည်း သီးနှံစိုက်ခင်း ဧက ၂၀၀၀၀ ကျော်ခန့် ရေနစ်မြုပ်ပျက်စီးခဲ့သလို ပဲခူးတိုင်းမှာလည်း သီးနှံ စိုက်ခင်းဧက ထောင်နဲ့ချီ ပျက်စီးမှု ရှိခဲ့တယ်လို့ သိရပါတယ်။ သီးနှံစိုက်ခင်းတွေအပြင် နေအိမ်တွေမှာသိုလှောင်ထားတဲ့ ဆန် ၊ စပါး၊ ပဲ အပါအဝင် စတဲ့ စားသောက်ကုန်ပစ္စည်းတွေလည်း ရေနစ်မြုပ်ပြီး ပျက်စီးတာ၊ ရေစီးနဲ့မျောပါ တာတွေကြောင့် ဆုံးရှုံးမှုတွေရှိခဲ့တယ်လို့သိရပါတယ်။ ” ဆင်ဖြူကျွန်းဘက်မှာဆို ပဲတီစိမ်းခင်းတွေ အကုန်ရေနစ်မြုပ်သွားတယ်။ ရေကျသွားတယ်ဆိုတာတောင်ယာထဲက ရေတွေက မခမ်းဘူးလေ။စိုက်ခင်းတွေပျက်စီးကုန်တယ်။…

Read More

တရုတ်ဘက်ခြမ်းမှာ မြန်မာကုန်သည်တွေရဲ့ တန် ၂ သောင်းခန့် ပဲတွေ ချိတ်ပိတ်ခံရလို့ အခက်ခဲဖြစ်နေ

မေ ၁၆၊ ၂၀၂၃ Shy V(VOM) တရုတ် – မြန်မာ နယ်စပ် တရုတ်ဘက်ခြမ်း ဝမ်တိန်က ဂိုဒေါင်မှာ မြန်မာကုန်သည်တွေရဲ့ ပို့ကုန် ပဲ တန်ချိန် ၂ သောင်းခန့် ချိန်ပိတ်ခံရလို့ ကုန်သည်တွေ အခက်ခဲဖြစ်နေတယ်လို့ နယ်စပ် ပို့ကုန်လုပ်ငန်းရှင်တွေက ပြောပါတယ်။ “မြန်မာကုန်သည်တွေရဲ့ကုန် ပိုများတယ်။ တရုတ်ကုန်သည်တွေရဲ့ ကုန်လည်း ပါတယ်။ ပိုးမွှား အုပ်တဲ့ ဂိုဒေါင်မှာ ချိတ်ပိတ်လိုက်တာ။ လူတွေကိုလည်း ဖမ်းထားတယ်။ မှောင်ခိုလမ်းက ဝင်လာတယ်ဆိုတဲ့ အကြောင်း လက်မှတ်ထိုးခိုင်းနေတာ။ ကျနော်တို့က ကျင်စန်းကျော့ – မန့်မိုင် တရားဝင်လမ်းက ဝင်လာတာလေ။ ဒီလိုပဲပို့နေတာ ဆယ်စုနှစ် ကျော်ပြီ။” လို့ ပို့ကုန်လုပ်ငန်းရှင် ၁ ဦးက ပြောပါတယ်။ လက်ရှိ ချိတ်ပိတ်ခံရတဲ့ ပဲတွေက ပဲတီစိမ်းအပါအဝင် ပဲတန်ချိန် နှစ်သောင်းကျော်ခန့် ရှိပြီး…

Read More

မုန်တိုင်းလွန် ကာလမှာ မဟာမြိုင်ကားလမ်း သွားလာလို့မရသေး

မေ ၊ ၁၆ ၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်းအောက်ပိုင်းနဲ့ အထက်ပိုင်းကို ဆက်သွယ်ထားတဲ့ မဟာမြိုင်ကားလမ်းဟာ မေ ၁၂ ရက်ကနေ ၁၅ ရက်အထိ ၄ ရက်ကြာ မိုးရွာသွန်းမှု များပြားခဲ့တာကြောင့် မြေသားလမ်းတွေပျက်စီးနေတဲ့အတွက် ကုန်စည်သယ်ယူပို့ဆောင်ရေးနဲ့ ခရီးသည် သယ်ယူပို့ဆောင်ရေးတွေ ရပ်နားထားရတယ်လို့ မုံရွာမြို့ခံ ကားလုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ” မုန်တိုင်းအကြိုကာလဖြစ်တဲ့ ၁၂ ရက်ကတည်းက တောင်ပေါ်မှာ မိုးစရွာတယ် ၊ ဆက်တိုက်ရွာတာဟာ ၄ ရက်ကြာတယ် ၊ မနေ့က နေ့လယ်ပိုင်းမှ မိုးစဲသွားတယ် ၊ မိုးရွာသွန်းမှုများတဲ့အတွက် တန့်ဆည် – ကလေးဝ ၊ တန့်ဆည် – မော်လိုက် – ဖောင်းပြင် – ဟုမ္မလင်း လမ်းပိုင်းဖြစ်တဲ့ မဟာမြိုင်လမ်းမှာ မြေသားတွေပြိုပြီး ၊ သဲချောင်းတွေရေလျှံနေတာကြောင့်…

Read More

နမ္မတူမှာ လင်မယား(၂)ဦးရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ပြီး အမျိုးသား အလောင်းပြန်တွေ့ပြီး ဇနီးဖြစ်သူကိုရှာ မတွေ့သေး

မေ၊၁၆-၂၀၂၃ MM(VOM) ရှမ်းပြည်နယ်၊ နမ္မတူမြို့နယ် ပိတ်ကလေးချောင်းမှာခရုရှာ ဖွေရင်း လင်မယား(၂)ယောက်ရေနစ် သေဆုံးမှုဖြစ်ပွားခဲ့ပြီး အမျိုးသားရဲ့အလောင်းကို ပြန်တွေ့ပေမယ့် ဇနီးဖြစ်သူကို လက်ရှိအချိန်ထိ ရှာမတွေ့သေးဘူးလို့ သိရပါတယ်။ ရေနစ်သေဆုံးသွားတဲ့ လင်မယား(၂)ယောက်ဟာ ပြီးခဲ့တဲ့ မေလ ၁၂ ရက်က နမ္မတူမြို့နယ်၊ ပိတ်ကလေး ချောင်းကိုသွားပြီး ခရုရှာဖွေနေရင်း ရေနစ်သွားခဲ့ပြီးနောက် အမျိုးသားဖြစ်သူရဲ့ ရုပ်အလောင်းကို မေလ ၁၄ ရက်က ပြန်လည် ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး ရက်ဆက်ရှာဖွေနေပေမယ့် အမျိုးသမီးဖြစ်သူရဲ့ အလောင်းကိုတော့ လက်ရှိအချိန်အထိ ပြန်ရှာမတွေ့သေးဘူးလို့ သိရပါတယ်။ “သူတို့လင်မယားက ခရုသွားကောက်ရင်း ရေနစ်သွားတာတဲ့၊ ၁၄ ရက်နေ့က အမျိုးသား အလောင်းကိုတော့ ပြန်တွေ့တယ်၊ အခုထိ အမျိုးသမီး အလောင်းကိုမတွေ့ သေးပါဘူး၊ ပြန်တွေ့တဲ့ အမျိုးသားရဲ့အလောင်းက တော်တော်ပွနေပြီ ၊ မနည်း ခက်ခက်ခဲခဲ ပြန်သယ်ယူခဲ့ရတယ်၊ အခု အဲ့ဒီ လင်မယား…

Read More

ယူကရိန်းကို ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှု အရှိန်မြှင့်နေ၊ မြို့တော်ကိယက်ဗ်မှာ ဒုံးကျည် ၁၈ စင်းနဲ့ တိုက်ခိုက်ခံရ

ကိယက်ဗ်၊ မေ-၁၆-၂၀၂၃ မျိုးဆက်(VOM) ယူကရိန်းနိုင်ငံ မြို့တော်ကိယက်ဗ်ကို ရုရှားက မေ ၁၅ ရက်မှာ လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ကြောင်း ယူကရိန်းတာ၀န်ရှိသူတွေက ပြောပါတယ်။ ရုရှားဟာ ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ လေကြောင်းကနေ အပြင်းအထန်တိုက်ခိုက်ခဲ့ပြီး လူသုံးဦးသေဆုံးခဲ့ပါတယ်။ ယူကရိန်းရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်ဟာ မြို့ကိုဖြတ်လာတဲ့ ရုရှားဒုံးကျည်တွေကို ကြားဖြတ်ပစ်ချနေတဲ့ရုပ်သံမှတ်တမ်းတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။ ရုရှားဟာ ယူကရိန်းတောင်ပိုင်းမှာ ထိုးစစ်ဆင်ခြင်းမပြုမီ မကြာသေးမီရက်သတ္တပတ်တွေအတွင်း လေကြောင်းတိုက်ခိုက်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။ ရုရှားဟာ ဝေဟင်၊ မြေပြင်နဲ့ ရေပြင်တို့ကနေ ဒုံးကျည် ၁၈ စင်းနဲ့ မြောက်ဘက်၊ တောင်ဘက်နဲ့ အရှေ့ဘက်တို့ကနေ မြို့တော်ကိယက်ဗ်ကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒုံးကျည်တွေကို ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်းစစ်တပ်ကပြောပါတယ်။ မကြာသေးမီကာလတွေအတွင်း ယူကရိန်းသမ္မတ ဇီလန်စကီးယား ဥရောပခရီးစဉ်သွားရောက်ခဲ့ပြီး ယူကရိန်းအတွက် ကူညီထောက်ပံ့မှုတွေအတွက် ကတိက၀တ်တွေရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နေ့ကလည်း ဇီလန်စကီးယား ဗြိတိန်ကိုသွားရောက်ခဲ့ပြီး ၀န်ကြီးချုပ် ရီရှီဆူနက်ခ်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ Ref:…

Read More

ဆန် နဲ့ စပါး သိုလှောင်မယ်ဆိုရင် မှတ်ပုံတင်ရတော့မယ်လို့ ထုတ်ပြန်ထား

မေ ၁၆ – ၂၀၂၃ GG (VOM) ဆန် အိတ်ရေ ၁၀၀၀ ( တန်ချိန် ၅၀)နဲ့ စပါးတင်းအရေအတွက် ၅၀၀၀ နဲ့အထက် သိုလှောင်မယ်ဆိုရင် မှတ်ပုံတင်ရတော့မှာဖြစ်တယ်လို့ သိရပါတယ် ။ ဆန်နဲ့စပါးသိုလှောင်မှုအတွက်မှတ်ပုံတင် ဖို့နဲ့ မှတ်ပုံတင်မှုရှိမရှိကို စစ်ဆေးကြပ်မတ်နိုင်ဖို့အတွက် ဆန်စပါး သိုလှောင်မှုလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာအစိုးရ – ပုဂ္ဂလိက လုပ်ငန်းအဖွဲ့ ဖွဲ့စည်းထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မေလ ၉ ရက်နေ့ရက်စွဲနဲ့ အသိပေးထုတ်ပြန်ထားပါတယ်။ အခုလို လုပ်ငန်းရှင်တွေ သိုလှောင်မယ့် ဆန်နဲ့ စပါး ပမာဏကို တင်ပြပြီး မှတ်ပုံတင် လျှောက်ရမယ့်ကိစ္စဟာ ကုန်သည်တွေအတွက်တော့ အဆင်မပြေကြောင်း နဲ့ လုပ်ငန်းတွေ နှောင့်နှေးသွားနိုင်တယ်လို့သိရပါတယ်။ ” ဘယ်လိုမှအဆင်မပြေပါဘူး။ ကိုယ်လှောင်မယ့်ပမာဏကို တင်ပြရအုံးမယ်။တကယ်က သူတို့က ဆန်စက်တွေမှာ စပါးဘယ်လောက်လှောင်ထားတယ်ဆိုတာ၊ ဆန်ကုန်သည်တွေမှာ ဆန်တွေဘယ်လောက်လှောင်ထားတယ်ဆိုတဲ့ အရေအတွက်ကို သိချင်လို့…

Read More

ထိုင်းပြည်သူများ၏ နိုင်ငံရေး ရေချိန် (သို့မဟုတ်) အာဏာရှင်နိုင်ငံရေး တခန်းရပ်ဇာတ်သိမ်း

မျိုးဆက်(VOM) ထိုင်းနိုင်ငံတွင် ဆယ်စုနှစ်တခုနီးပါးကြာ စစ်တပ်ကျောထောက်နောက်ခံပြုထားသည့် ၀န်ကြီးချုပ်နှင့် အစိုးရအဖွဲ့ အဆုံးသတ်ရန်အချိန်ကား ရွေးကောက်ပွဲတွင် အတိုက်အခံ Move Forward(ရှေ့သို့) ပါတီနှင့် အတိုက်အခံပါတီများ၏ အနိုင်ရလဒ်နှင့်အတူ အချိန်များစွာမကျန်တော့ချေ။ အာဏာသိမ်းမှုကိုဦးဆောင်ခဲ့သည့် လက်ရှိ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာကဲ့သို့ စစ်တပ်မဟာမိတ် ပါတီများမှာလည်း ရွေးကောက်ပွဲတွင် ခွက်ခွက်လန်အောင်ရှုံးနိမ့်ခဲ့ပြီး ထိုင်းပြည်သူများ၏ နိုင်ငံရေးရေချိန်ကို ပြသခဲ့သည့် ရွေးကောက်ပွဲလည်းဖြစ်ခဲ့ပါတယ်။ ရွေးကောက်ပွဲဆန္ဒမဲများကို ၉၉ ရာခိုင်နှုန်းထိ ရေတွက်ပြီးချိန်မှာ Move Forward (ရှေ့သို့)ပါတီနှင့် ဖြုတ်ချခံရတဲ့ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့သမီးဖြစ်သူဦးဆောင်တဲ့ ဖြူထိုင်းပါတီတို့သည် အောက်လွှတ်တော်အမတ်နေရာပေါင်း ၅၀၀ အနက် ၂၈၀ ကျော်ထိ ရရှိထားပါတယ်။ ရွေးကောက်ပွဲတွင် ပထမဆုံးအကြိမ်၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ရှေ့သို့ပါတီသည် အမတ်နေရာ ၁၄၇ နေရာရရှိခဲ့ပြီး ဖြူထိုင်းပါတီက ၁၃၈ ရရှိထားကာ အစိုးရဖွဲ့ရေးအတွက် အတိုက်အခံပါတီများနှင့် ပူပေါင်းလိုက်ပါက ပါတီခေါင်းဆောင်ဖြစ်သူ ပီတလင်ဂျာရိုအန်ရက်သည် ၀န်ကြီးချုပ်သစ်ဖြစ်လာမည်ဖြစ်သည်။ ထိုင်းစစ်တပ်က အာဏာသိမ်းပြီးနောက်…

Read More

အိန္ဒိယမှာ အငြင်းပွားဖွယ်ရုပ်ရှင်ကြောင့် အကြမ်းဖက်မှုတွေဖြစ်ပွားပြီး လူ ၁၀၀ ကျော်အဖမ်းခံရ

ဒေလီ၊ မေ-၁၆-၂၀၂၃ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံအနောက်ပိုင်း မဟာရာရှာထရာပြည်နယ်မှာ ရုပ်ရှင်ဇာတ်လမ်းတခုနဲ့ပတ်သက်ပြီး ဒေသခံအသိုင်းအဝိုင်းအကြား အငြင်းပွားမှုတွေကစတဲ့ အကြမ်းဖက်ပဋိပက္ခတွေကြောင့် လူ ၁၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ အေကိုလာမြို့မှာဖြစ်ပွားခဲ့တဲ့ အဲဒီအကြမ်းဖက်မှုတွေဟာ The Kerala Story ဆိုတဲ့ ရုပ်ရှင်ဇာတ်လမ်းနဲ့ပတ်သက်တဲ့ ဆိုရှယ်မီဒီယာပေါ်က ပို့စ်တခုကနေ အစပြုခဲ့တာလို့ သတင်းတွေကဆိုပါတယ်။ လက်ရှိမှာတော့ ပြည်နယ်အာဏာပိုင်တွေဟာ အင်တာနက်အသုံးပြုမှုတွေကို ထိ်န်းချုပ်ထားပြီး အခြေအနေကို ထိန်းချုပ်နိုင်ဖို့ ညမထွက်ရအမိန့်ထုတ်ထားပါတယ်။ ပဋိပက္ခတွေကြောင့် လူတဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ပါတယ်။ ရုပ်ရှင်နဲ့ပတ်သက်တဲ့ အငြင်းပွားဖွယ်ပို့စ်ကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ အေကိုလာရဲစခန်းပြင်ပမှာ လူသူစုဝေးကြရာကနေ စနေနေ့ကစပြီး အကြမ်းဖက်မှုတွေ စတင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ ဒီပို့စ်ဟာ ဘာသာရေးကို ထိခိုက်စေတယ်လို့ ဝေဖန်မှုတွေရှိနေပါတယ်။ The Kerala Story ရုပ်ရှင်ဟာ ရုံတင်မပြသမီ လပိုင်းကတည်းက အငြင်းပွားမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ဒီဇာတ်ကားဟာ အိုင်အက်စ်အဖွဲ့နဲ့ပူးပေါင်းထားတဲ့ တောင်ပိုင်းပြည်နယ်က အိန္ဒိယအမျိုးသမီးတွေရဲ့အကြောင်းကို စိတ်ကူးယဉ်ပုံဖော်ထားတာဖြစ်ပါတယ်။…

Read More

မိုခါမုန်တိုင်းကြောင့် ရသေ့တောင်နဲ့ စစ်တွေမှာ သေဆုံးသူ ၂၀ နီးပါးခန့်ရှိတယ်လို့ ထပ်မံ သိရှိရ

မေ ၁၆ – ၂၀၂၃ SN (VOM) ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ရခိုင်ပြည်နယ်ရှိ ရသေ့တောင်နဲ့ စစ်တွေမှာ သေဆုံးသူ ၂၀ နီးပါးခန့်ရှိတယ်လို့ ဒေသခံ ကယ်ဆယ်ရေးအသင်းအဖွဲ့‌တွေဆီက ထပ်မံ သိရှိရပါတယ်။ အဲ့ဒီ သေဆုံးသူ ၂၀ နီးပါးခန့်ဟာ ထပ်မံ ရရှိလာတဲ့ သတင်းအချက်အလက်အရသာဖြစ်ပြီး ဒီ့ထက်လည်း ပိုလာနိုင်တယ်လို့ ကယ်ဆယ်ရေးလုပ်ဆောင်သူတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်း ထိခိုက်သေဆုံးမှုတွေ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာရာမှာ ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ်ရှိ ဒုံးပိုက်ရွာမှာ သေဆုံးသူ ၁၄ ဦးရှိပြီး မုန်တိုင်းရှောင်တဲ့ ဓမ္မာရုံရဲ့ အုတ်တံတိုင်းပြိုကျလို့ သေဆုံးကြတာ ဖြစ်တယ်လို့ သိရပါတယ်။ “သေဆုံးသူတွေဟာ ဘယ်သူဘယ်ဝါတွေဖြစ်တယ်ဆိုတာ‌တော့ လက်ရှိမှာ အတည်ပြုလို့ မရသေးပါဘူး။ ဒီ သေဆုံးသူ ၁၄ ဦးမှာ ၇ နှစ်အရွယ် ကလေးတစ်ဦးနဲ့ အမျိုးသမီး ၉ ဦးပါ…

Read More

ကမ္ဘောဒီးယား အတိုက်အခံပါတီကို ရွေးကောက်ပွဲ၀င်ရောက်ခွင့် ပိတ်ပင် ၊ ၀န်ကြီးချုပ်ဟွန်ဆန် အာဏာဆက်လက် ကိုင်စွဲနိုင်ဖွယ်ရှိ

ဖနောင်ပင်၊ မေ-၁၆-၂၀၂၃ မျိုးဆက်(VOM) ကမ္ဘောဒီးယားနိုင်ငံရဲ့ အဓိကအတိုက်အခံပါတီနဲ့ ၀န်ကြီးချုပ်ဟွန်ဆန်ကို ရွေးကောက်ပွဲမှာ စိန်ခေါ်နိုင်လောက်တဲ့ပြိုင်ဘက်ပါတီကို ဇူလိုင်လမှာကျင်းပမယ့် ရွေးကောက်ပွဲမှာ ပါ၀င်ယှဉ်ပြိုင်ခွင့်ကို အာဏာပိုင်တွေက ပိတ်ပင်လိုက်ပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ ပါတီရဲ့စာရွက်စာတမ်းတွေမှန်ကန်မှုမရှိဆိုကာ ကမ္ဘောဒီးယားအတို်က်အခံ Candlelight ပါတီကို အရည်အချင်းမပြည့်မီကြောင်း ရွေးကောက်ပွဲအာဏာပိုင်တွေက ပယ်ချခဲ့ခြင်းဖြစ်ပါတယ်။ အခုလိုပိတ်ပင်တားမြစ်မှုဟာ ရွေးကောက်ပွဲ၀င်ရောက်ယှဉ်ပြိုင်မယ့် ၀န်ကြီးချုပ်ဟွန်ဆန်က သူ့အတွက်စိန်ခေါ်မှုတွေကို ထပ်မံဖယ်ရှားရှင်းလိုက်လိုက်ခြင်းဖြစ်ကြောင်း နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ထားပြီး အာဏာကိုဆက်လက်ကိုင်စွဲနိုင်ဖွယ်ရှိတယ်လို့ သုံးသပ်ပြောဆိုပါတယ်။ ပါတီကို ရွေးကောက်ပွဲ၀င်ရောက်ခွင့် ပိတ်ပင်ခြင်းလိုက်တဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ကို အယူခံ၀င်သွားမယ်လို့ Candlelight ပါတီက ထုတ်ပြန်ထားပါတယ်။ ရွေးကောက်ပွဲအတွက် ပါတီမှတ်ပုံတင်ခြင်းများပြုလုပ်ရာမှာ ပိတ်ဆို့ခြင်းတွေနဲ့ ကြုံနေရကြောင်း ပါတီထိပ်တန်းပုဂ္ဂိုလ်တွေက ယခုလအစောပိုင်းမှာ ထုတ်ဖော်ပြောဆိုထားပါတယ်။ Candlelight ပါတီကို ဖျက်သိမ်းခံလိုက်ရတဲ့အတိုက်အခံပါတီတွေက အင်အားစုတွေနဲ့ လွန်ခဲ့တဲ့နှစ်က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ကကျင်းပတဲ့ ဒေသန္တရရွေးကောက်ပွဲတွေမှာ ထောက်ခံမဲ ၂၂ ရာခိုင်နှုန်းရရှိခဲ့ပါတယ်။ Ref: BBC Photo:Reuters…

Read More
VOM News

FREE
VIEW