အိန္ဒိယမှာ အငြင်းပွားဖွယ်ရုပ်ရှင်ကြောင့် အကြမ်းဖက်မှုတွေဖြစ်ပွားပြီး လူ ၁၀၀ ကျော်အဖမ်းခံရ

ဒေလီ၊ မေ-၁၆-၂၀၂၃
မျိုးဆက်(VOM)

အိန္ဒိယနိုင်ငံအနောက်ပိုင်း မဟာရာရှာထရာပြည်နယ်မှာ ရုပ်ရှင်ဇာတ်လမ်းတခုနဲ့ပတ်သက်ပြီး ဒေသခံအသိုင်းအဝိုင်းအကြား အငြင်းပွားမှုတွေကစတဲ့ အကြမ်းဖက်ပဋိပက္ခတွေကြောင့် လူ ၁၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။

အေကိုလာမြို့မှာဖြစ်ပွားခဲ့တဲ့ အဲဒီအကြမ်းဖက်မှုတွေဟာ The Kerala Story ဆိုတဲ့ ရုပ်ရှင်ဇာတ်လမ်းနဲ့ပတ်သက်တဲ့ ဆိုရှယ်မီဒီယာပေါ်က ပို့စ်တခုကနေ အစပြုခဲ့တာလို့ သတင်းတွေကဆိုပါတယ်။

လက်ရှိမှာတော့ ပြည်နယ်အာဏာပိုင်တွေဟာ အင်တာနက်အသုံးပြုမှုတွေကို ထိ်န်းချုပ်ထားပြီး အခြေအနေကို ထိန်းချုပ်နိုင်ဖို့ ညမထွက်ရအမိန့်ထုတ်ထားပါတယ်။ ပဋိပက္ခတွေကြောင့် လူတဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ပါတယ်။

ရုပ်ရှင်နဲ့ပတ်သက်တဲ့ အငြင်းပွားဖွယ်ပို့စ်ကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ အေကိုလာရဲစခန်းပြင်ပမှာ လူသူစုဝေးကြရာကနေ စနေနေ့ကစပြီး အကြမ်းဖက်မှုတွေ စတင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ ဒီပို့စ်ဟာ ဘာသာရေးကို ထိခိုက်စေတယ်လို့ ဝေဖန်မှုတွေရှိနေပါတယ်။

The Kerala Story ရုပ်ရှင်ဟာ ရုံတင်မပြသမီ လပိုင်းကတည်းက အငြင်းပွားမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ဒီဇာတ်ကားဟာ အိုင်အက်စ်အဖွဲ့နဲ့ပူးပေါင်းထားတဲ့ တောင်ပိုင်းပြည်နယ်က အိန္ဒိယအမျိုးသမီးတွေရဲ့အကြောင်းကို စိတ်ကူးယဉ်ပုံဖော်ထားတာဖြစ်ပါတယ်။

အတိုက်အခံနိုင်ငံရေးသမားတွေကတော့ ဒီရုပ်ရှင်ဟာ ဝါဒဖြန့်ရုပ်ရှင်လို့ ဝေဖန်ထားကြပါတယ်။ ရုပ်ရှင်ထုတ်လုပ်သူတွေကတော့ ဒီဇာတ်ကားဟာ နှစ်ပေါင်းများစွာသုတေသနပြုမှုတွေနဲ့ ဖြစ်ရပ်မှန်တွေကို အခြေခံထားတယ်လို့ ဆိုကြပါတယ်။

Ref: BBC
#voiceofmyanmar #VOM #ဒေလီ

Related posts

Leave a Comment

VOM News

FREE
VIEW