ယူကရိန်းလေယာဉ်မှူးတွေကို အက်ဖ်-၁၆ တိုက်လေယာဉ်တွေနဲ့ စတင်လေ့ကျင့်ပေးနေ

ဘရပ်ဆဲလ်၊ မေ-၂၄-၂၀၂၃
မျိုးဆက်(VOM)

ပိုလန်အပါအ၀င် မဟာမိတ်နိုင်ငံအများအပြားမှာ ယူကရိန်းတိုက်လေယာဉ်မှူးတွေဟာ အက်ဖ်-၁၆ တိုက်လေယာဉ်တွေနဲ့ လေ့ကျင့်မှုတွေ စတင်နေပြီဖြစ်ကြောင်း ဥရောသမဂ္ဂရဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ ဂျိုးဆက်ဘော်ရဲလ်က မေ ၂၄ရက်မှာ ပြောပါတယ်။

ယူကရိန်းလေယာဉ်မှူးတွေကို အက်ဖ်-၁၆ တိုက်လေယာဉ်တွေနဲ့ လေ့ကျင့်ပေးမှုတွေဟာ အချိန်ယူရမှာဖြစ်ပေမယ့် အချိန်မြန်လေကောင်းလေဖြစ်ပြီး မဟာမိတ်နိုင်ငံတွေကလည်း လေယာဉ်တွေ ထောက်ပံ့ပေးဖို့ တံခါးဖွင့်ထားကြောင်း သူကပြောပါတယ်။

အက်ဖ်-၁၆ တိုက်လေယာဉ်တွေကို အမေရိကန်က ထုတ်လုပ်ထားတာဖြစ်ပေမယ့် မဟာမိတ်နိုင်ငံတွေက ယူကရိန်းအတွက် အစင်းရေဘယ်လောက်ထောက်ပံ့မလဲဆိုတာနဲ့ ဘယ်အချိန်မှာ ပေးပို့မလဲဆိုတာကိုတော့ အသေးစိတ်မသိရသေးပါဘူး။

အဲဒီလို တိုက်လေယာဉ်တွေ ထောက်ပံ့ပေးတာဟာ ပဋိပက္ခမှာ သိသာထင်ရှားတဲ့အန္တရာယ်ရှိနေကြောင်း ရုရှားဘက်က သတိပေးထားပြီး ဒါဟာ ယူကရိန်းစစ်ပွဲမှာ မဟာမိတ်တွေရဲ့ပါ၀င်ပတ်သက်မှု တိုးလာတာလို့ ဝေဖန်ထားပါတယ်။

ဒါပေမယ့် အခုလိုထောက်ပံ့မှုဟာ နေတိုးအဖွဲ့ကို ပဋိပက္ခထဲကို ၀င်ရောက်စေတာမဟုတ်ကြောင်းနဲ့ မိမိကိုယ်ကို ခုခံကာကွယ်မှုအခွင့်အရေးကို ကုလသမဂ္ဂပဋိညာဉ်စာတမ်းမှာ ဖော်ပြပါရှိတဲ့အတွက် ယူကရိန်းအတွက် ခုခံကာကွယ်ခွင့်ဆက်လက်ရရှိရေး ကူညီပေးခြင်းဖြစ်ကြောင်း နေတိုးအကြိးအကဲ ယန်းစတိုတန်ဘာ့ဂ်က ပြောဆိုထားပါတယ်။

Ref: NHK
Photo:Reuters
#VOM #voiceofmyanmar #ဘရပ်ဆဲလ်

Related posts

Leave a Comment

VOM News

FREE
VIEW