သဖန်းဆိပ်ဆည်နားမှာ ရွှေတူးဖော်ရေး လုပ်ငန်း ၃၀ ကျော် ဖမ်းဆီးခံရ

မေ ၂၅ ၊ ၂၀၂၃
SP (VOM)

စစ်ကိုင်းတိုင်း ၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့နယ် ၊ သဖန်းဆိပ်ဆည်ကျေးရွာနားမှာ မနေ့ မေ ၂၄ ရက်မနက်ပိုင်းက ရွှေတူးဖော်ရေးလုပ်ကွက်တွေ အဖမ်းခံရပြီး ရွှေသတ္ထုတူးဖော်ရေး လုပ်ငန်းသုံး ဆက်စပ်ပစ္စည်းတွေ အများအပြား သိမ်းဆည်းခံရတယ်လို့ ရွှေလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

” မနေ့ မနက်ပိုင်းက မြို့နယ်လုံခြုံရေးအဖွဲ့က ဆင်းဖမ်းတာဖြစ်တယ် ၊ လုပ်ငန်းရှင်တွေအဖို့ ဆုံးရှုံးနစ်နာမှု အများအပြားရှိတယ် “လို့ ကျွန်းလှမြို့ခံ ရွှေလုပ်ငန်းရှင်တစ်ယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ကန့်ဘလူခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” သဖန်းဆိပ်ကျေးရွားနားက ဖမ်းဆီးရမိတာ ရွှေမျှောဖောင် (အကြီး) ၃၃ စီး ၊ ၆ လုံးထိုး အင်ဂျင် ၃၃ လုံး ၊ မျောစင် ၃၃ လုံ ၊ ရေခရု ၂၃၁ လုံး ၊ ကော်ပိုက် ၂၃၁ လုံး ၊ သံပိုက် ၉၉ လုံးဘာလီကြိုးဆွဲ ၃၃ ခု ၊ ဘီလူးခေါင်း ၃၃ လုံး ၊ ကော်ဇောလိပ် ၃၃ ခု ၊ ပေပါခွံ ၄၉၅၀ လုံး ၊ ဒီဇယ် ၉၉၀ ဂါလံ သိမ်းဆည်ရမိတယ် ၊ ဒါ့အပြင် ၊အဲ့ဒီနေရာ အနီးဝန်းကျင်ကို ဆက်လက်ရှာဖွေ ဖမ်းဆီးတဲ့အခါ ရွှေမျှောဖောင် (အသေး) ၃ စီး ၊ ၄ လုံးထိုးအင်ဂျင် ၃ လုံး ၊ မျောစင် ၃ ခု ၊ ရေခရု ၃ လုံး ၊ ကော်ပိုက် ၂၁ လုံး ၊ သံပိုက် ၉ လုံး ၊ ဘာလီကြိုးဆွဲ ၃၃ ခု ၊ ဘီလူးခေါင်း ၃၃ လုံးကော်ဇောလိပ်(အသေး) ၃၃ ခု ၊ ပေပါခွံ ၃၀၀ လုံး ၊ ဒီဇယ် ၉၀ ဂါလံ ၊ဘတ္ထရီအိုးကြီး ၂ လုံး တို့ သိမ်းဆည်းရမိတယ် ” လို့ ပြောပါတယ်။

အဲ့ဒီ ရွှေတူးဖော်ရေးလုပ်ငန်းတွေ ဖမ်းဆီးခံရတာနဲ့ ပတ်သက်လို့ ရွှေတူးဖော်ရေး လုပ်ငန်းရှင်တစ်ယောက်က ” တရားဝင် တူးဖော်ခွင့် ရရှိဖို့ အကြိမ်ကြိမ် တင်ပြလျှောက်ထားတယ် ၊ ခွင့်ပြုမိန့်က အခုထိ ကျမလာဘူး ၊ ဒေသန္တရ လုပ်ငန်းဆိုတော့လည်း ဒါမှမလုပ်ရင် အခြားအလုပ်မရှိတော့ဘူး ” လို့ ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီလကလည်း စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ မင်းကင်းမြို့နယ်ထဲမှာ ရွှေတူးဖော်ရေး လုပ်ငန်း ၃၀၀ ကျော် ဖမ်းဆီးခံရတာ ဖြစ်ခဲ့ပါသေးတယ်။

#VOM #voiceofmyanmar #ကျွန်းလှ #ရွှေတူးဖော်ရေးလုပ်ငန်း #ဖမ်းဆီးခံရမှု

Related posts

Leave a Comment

VOM News

FREE
VIEW