မေ ၁၁ ၊ ၂၀၂၃ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့ ပေါ်က လူနေရပ်ကွက်တွေထဲ မနေ့ မေ ၁၀ ရက်နေ့ညက လက်နက်ကြီးကျည်တွေကျရောက်ပေါက်ကွဲလို့ အဆောက်ဦးတွေ ထိခိုက်ပျက်စီးတဲ့အပြင် လူသေဆုံး ၊ ဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ မြိုင်မြို့ခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” အမှတ် ၁ ရပ်ကွက်ထဲက အထက ၂ ကျောင်းရှေ့လမ်းမှာ လက်နက်ကြီးကျည် ၁ လုံး နဲ့ အမှတ် ၃ ရပ်ကွက်ထဲက ဦးညိုသင်းဆိုသူရဲ့ နေအိမ်ပေါ်ကို ၁ လုံး ကျရောက်ပေါက်ကွဲတယ် ” လို့ မြိုင်မြို့ခံတယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ မြိုင်မြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” မနေ့ကည ၉…
Read MoreMonth: May 2023
VOM ရဲ့ သိပ္ပံနဲ့ နည်းပညာကဏ္ဍ
ညီဘွား (VOM) -အာကာသထဲမှာ လူသားတွေနေထိုင်နိုင်ရေး ကိုယ်ပိုင်စခန်းဆောက်ဖို့ SpaceX စီစဉ်နေ အမေရိကန်ဘီလျှံနာသူဌေး အီလွန်မာ့ခ်ရဲ့ SpaceX ကုမ္ပဏီဟာ ကမ္ဘာ့ပထမဆုံး စီးပွားဖြစ်အာကာသစခန်း တည်ဆောက်ဖို့အတွက် စာချုပ်တရပ်ကို မေ ၁၀ ရက်က လက်မှတ်ရေးထိုးပြီး လူသားတွေ အာကာသထဲမှာ ရှင်သန်နေထိုင်နိုင်ဖို့ ခြေလှမ်းတရပ်စတင်လိုက်ပြီဖြစ်ပါတယ်။ SpaceX ဟာ အဲဒီအာကာသစခန်းကို ၂၀၂၅ ခုနှစ်နောက်ဆုံးထားပြီး အာကာသထဲကို လွှတ်တင်ပြီးနောက် များမကြာမီမှာ လူလိုက်ပါတဲ့အာကာသခရီးစဉ်အများအပြားကို ၀န်ဆောင်မှုပေးသွားမယ်လို့ ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ Haven-1 လို့အမည်ရတဲ့ အဲဒီအာကာသစခန်းကို ကယ်လီဖိုးနီးယားပြည်နယ် လောင်းဘိခ်ျအခြေစိုက် ပုဂ္ဂလိက အာကာသကုမ္ပဏီ Vast ကနေ တည်ဆောက်နေပြီး သူ့ရဲ့ရည်မှန်းချက်ကတော့ အနာဂတ်မှာ ကမ္ဘာ့ပေါ်က လူဘီလီယံများစွာ အာကာသထဲမှာ ရှင်သန်နေထိုင်နိုင်ဖို့ဖြစ်ပါတယ်။ SpaceX ဟာ Haven-1 အာကာသစခန်းကို ကမ္ဘာပတ်လမ်းကြောင်းထဲကို လွှတ်တင်ဖို့အတွက် သူ့ရဲ့စွမ်းအားမြင့် Falcon…
Read Moreမြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ သည်ခံနိုင်စရာမရှိကြောင်း အာဆီယံဥက္ကဋ္ဌပြော
ဂျကာတာ၊ မေ-၁၁-၂၀၂၃ မျိုးဆက်(VOM) မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ သည်းခံနိုင်စရာမရှိကြောင်း အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သူ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက အာဆီယံအစည်းအဝေးနောက်ဆုံးနေ့ မေ ၁၁ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်သင့်ပြီး ပြည်သူတွေကို အကာအကွယ်ပေးရမယ်လို့ အင်ဒိုနီးရှားသမ္မတက ပြောပါတယ်။ အာဆီယံအဖွဲ့အနေနဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးအစီအစဉ်ကို ဆက်လက်အကောင်အထည်ဖော်ဖို့ တွန်းအားပေးသွားမယ်လို့ သူကဆိုပါတယ်။ အင်ဒိုနီးရှားအနေနဲ့ မြန်မာနိုင်ငံရေးဖြစ်စဉ်မှာပါ၀င်နေတဲ့အဖွဲ့တွေကို အသိအမှတ်ပြုတာ သို့မဟုတ် ထောက်ခံတာမျိုးကို မဆိုလိုပေမယ့် ပဋိပက္ခမှာပါ၀င်နေတဲ့ ဘယ်သူတွေနဲ့မဆို ဆွေးနွေးဖို့ အသင့်ရှိတယ်လို့ အင်ဒိုနီးရှားသမ္မတက ပြောပါတယ်။ ဒါ့အပြင် မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်ရာမှာ အာဆီယံနိုင်ငံတွေအနေနဲ့ လုံလောက်တဲ့စွမ်းနိုင်ခြင်းမရှိကြောင်း ဂျိုကိုဝီဒိုဒိုက ပြောပါတယ်။ ဒီအတွက်အာဆီယံအနေနဲ့ စည်းလုံးညီညွှတ်ဖို့လိုတယ်လို့ သူကဆိုပါတယ်။ အာဆီယံဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ တိုးတက်မှုမရှိဆိုကာ အာဆီယံအဖွဲ့ရဲ့ ထိပ်တန်းအစည်းအဝေးတွေမှာ မြန်မာဘက်က ကိုယ်စားလှယ်ကို ဖိတ်ကြားခဲ့ခြင်းမရှိပါဘူး။…
Read Moreမိုခါမုန်တိုင်းဟာ စစ်တွေမြို့ကနေ ဝင်ရောက်မှာဖြစ်လို့ ဒေသခံတွေ အမြန်ပြောင်းရွှေ့ကြဖို့ တိုက်တွန်း
မေ ၁၁ – ၂၀၂၃ SN (VOM) မိုခါမုန်တိုင်း မေ ၁၄ ရက်မှာ စစ်တွေမြို့ကနေ ဝင်ရောက်မှာဖြစ်လို့ ဒေသခံတွေအနေနဲ့ ဘေးကင်းရာကို အမြန်ဆုံးပြောင်းရွှေ့ကြဖို့ မိုးလေဝသပညာရှင် တစ်ဦးက တိုက်တွန်ထားပါတယ်။ မေ ၁၄ ရက်နေ့မှာ မုန်တိုင်းဗဟိုချက် စစ်တွေ ရသေ့တောင်ကြား၊ မကျည်းချောင်းကနေပြီး ဝင်ရောက်မှာဖြစ်ပြီး မုန်တိုင်းဝန်းမိုင် ၅၀ ကျော်ရှိတယ်လို့ သိရပါတယ်။ မုန်တိုင်းကြောင့် မြေငူကျွန်း၊ စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်းတော၊ မြေပုံ၊ ပုဏ္ဍားကျွန်းမြို့၊ မြောက်ဦး အထိအခိုက်အပျက်အစီး များနိုင်တယ်လို့ သိရပါတယ်။ “မိုးရေချိန် ၂၀၀ မီလီမီတာကနေ ၃၀၀ မီလီမီတာအထိ ရွာသွန်းနိုင်လို့ မိုးအလွန်ကြီးမှာဖြစ်ပါတယ်။ ဘေးကင်းရာ ကုန်းမြင့် လုံခြုံတဲ့နေရာဒေသများသို့ ပြောင်းရွှေ့နေထိုင်ကြပါလို့ အကြံပြုလိုက်ပါတယ်” လို့ မိုးလေဝသပညာရှင် မစုစုစံက အသိပေးထားပါတယ်။ မုန်တိုင်းဝင်ရောက်စဥ် တစ်နာရီ…
Read Moreပါကစ္စတန်၀န်ကြီးချုပ် ဖမ်းဆီးခံရမှု ဆန္ဒပြပွဲတွေအတွင်း လူရှစ်ဦးသေဆုံး၊ ၁၀၀၀ ကျော်ဖမ်းဆီးခံရ
အစ္စလာမ္မာဘတ်၊ မေ-၁၁-၂၀၂၃ မျိုးဆက်(VOM) ပါကစ္စတန်၀န်ကြီးချုပ်ဟောင်း အိုင်မရာခန်းဖမ်းဆီးခံရပြီးနောက် နိုင်ငံတ၀န်းဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေအတွင်း လူရှစ်ဦးသေဆုံးခဲ့ပြီး လူ ၁၀၀၀ ကျော်ကို ဖမ်းဆီးထားကြောင်း ပါကစ္စတန်ရဲတပ်ဖွဲ့ကပြောပါတယ်။ ဆန္ဒပြပွဲတွေကြောင့် အချိူ့နေရာတွေမှာ စစ်တပ်ကို တပ်ဖြန့်ထားပြီး ပြင်းထန်တဲ့ သတိပေးချက်ထုတ်ပြန်ထားပါတယ်။ ၀န်ကြီးချူပ်ဟောင်း အိုင်းမရာခန်းကို အကျင့်ပျက်ချစားမှု စွဲချက်တွေနဲ့ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အပြစ်မရှိကြောင်း သူကငြင်းဆိုထားပါတယ်။ သူ့ကိုဖမ်းဆီးမှုဟာ ပါကစ္စတန်နိုင်ငံရဲ့ စီးပွားရေးအကြပ်ရိုက်နေတဲ့ကာလအတွင် အိုင်မရာခန်းနဲ့ စစ်တပ်တို့အကြား တင်းမာမှုတွေ သိသိသာသာတိုးခဲ့ကြောင်း အကဲခတ်တွေက သုံးသပ်ပြောဆိုပါတယ်။ ပြစ်မှုထင်ရှားလို့ ပြစ်ဒဏ်ချမှတ်ခဲ့ပါက ၂၀၁၈ ခုနှစ်မကနေ ၂၀၂၂ ခုနှစ်ထိ ၀န်ကြီးချုပ်ရာထူးထမ်းဆောင်ခဲ့တဲ့ အိုင်မရာခန်းအနေနဲ့ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရာသက်ပန် ဆုံးရှုံးနိုင်ပါတယ်။ ပါကစ္စတန်မှာ ရွေးကောက်ပွဲကို ယခုနှစ်နှောင်းပိုင်းမှာ ကျင်းပရန် စီစဉ်ထားပါတယ်။ အကြမ်းဖက်ဆန္ဒပြမှုတွေကို သည်းခံမှာမဟုတ်ကြောင်း ပါကစ္စတန်၀န်ကြီးချုပ် ရှာရစ်ဖ်က သတိပေးပြောဆိုထားပါတယ်။ Ref: BBC #voiceofmyanmar…
Read Moreသရက်တော ရဲကင်းစခန်းတိုက်ခိုက်ခံရ ၊ ၁ ဦးသေ ၊ ၁ ဦးဒဏ်ရာရ
မေ ၁၀ ၊ ၂၀၂၃ SP (VOM) မကွေးတိုင်း ၊ စလင်းမြို့နယ် ၊ သရက်တောကျေးရွာမှာရှိတဲ့ သရက်တော ရဲကင်းစခန်းကို ဒီမနက် အစောပိုင်းက ပစ်ခတ်တိုက်ခိုက်ခံရတယ်လို့ စလင်းမြို့နယ် လုံခြုံရေးအသိုင်းအဝိုင်းဆီက သိရပါတယ်။ ” ဒီမနက် အစောပိုင်း ၃ နာရီဝန်းကျင်မှာ တိုက်ခိုက်ခံရတာဖြစ်တယ် ၊ ပစ်ခတ်တိုက်ခိုက်ချိန် မိနစ် ၂၀ လောက်ကြာတယ် “လို့ သရက်တောရွာခံတယောက်က ပြောပါတယ်။ အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်လို့ စလင်းမြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တစ်ယောက်က ” သရက်တောရဲကင်းစခန်းဆိုတာ ၊ ဆင်ဖြူကျွန်းအနောက်ဘက်မှာရှိတဲ့ နွယ်တမယ်ကျေးရွာဘက်ကဝင်မယ်ဆို ၁၅ မိုင်ခန့်၊ ပုသိမ်-မုံရွာဘက်က ဝင်မယ်ဆို အိုးထိန်းရွာအနားက ဝင်ရပြီး ၇ မိုင်ခန့်ဝင်ရတဲ့ နေရာဖြစ်ပါတယ် ၊ ရဲကင်းစခန်းက ရွာလယ် ကုန်းမြင့်ပေါ်မှာရှိတယ် ၊ ဒီမနက် အစောပိုင်း…
Read Moreတိုက်ပွဲတွေဆက်ဖြစ်နေပေမယ့် အရပ်သားတွေကို အကာအကွယ်ပေးဖို့ ဆူဒန်စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့ သဘောတူ
ခါတွမ်၊ မေ-၁၂-၂၀၂၃ မျိုးဆက်(VOM) ဆူဒန်မှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဆူဒန်စစ်တပ်နဲ့ပြည်သူ့စစ်တို့အကြား အရပ်သားတွေကို အကာအကွယ်ပေးရေး နဲ့ ကူညီထောက်ပံ့မှုတွေပေးအပ်ဖို့သဘောတူညီချက်ကို မေ ၁၁ ရက်မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။ ဒါပေမယ့််နှစ်ဘက်အကြား အပစ်အခတ်ရပ်စဲရေး ရရှိခဲ့ခြင်းမရှိသေးပါဘူး။ ဆော်ဒီအာရေဗျမှာ အမေရိကန်နဲ့ဆော်ဒီတို့ရဲ့ ကမကထပြုမှုနဲ့ပြုလုပ်တဲ့ဆွေးနွေးပွဲတွေမှာ နှစ်ဘက်အကြား ဆွေးနွေးမှုတွေ အလှမ်းကွာဆဲဖြစ်တယ်လို့ အမေရိကန်သံတမန်တွေက ပြောပါတယ်။ နိုင်ငံတကာအကူအညီတွေ ၀င်ရောက်ခွင့်ပြုရေးနဲ့ တိုက်ပွဲဖြစ်ပွားရာ ဒေသတွေက အရပ်သားတွေကို ဘေးလွတ်ရာသို့ ထွက်ခွာခွင့်ပြုမယ်လို့ ဆူဒန်စစ်တပ်နှင့် အာအက်စ်အက်ဖ်ပြည်သူ့စစ်အဖွဲ့တို့က သဘောတူခဲ့ပါတယ်။ ယခင်အပစ်အခတ်ရပ်စဲရေးတွေ ကျိုးပေါက်မှုကြောင့် ၁၀ ရက်ကြာအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နဲ့ပတ်သက်တဲ့ အဆိုပြုချက်တွေနဲ့ စောင့်ကြည့်ရေးယန္တရားကို ဆွေးနွေးနေကြဆဲဖြစ်ပါတယ်။ အရပ်သားအုပ်ချုပ်မှုကို အသွင်ကူးပြောင်းဖို့စီစဉ်ထားတဲ့ အစီအစဉ်အောက်မှာ အာအက်စ်အက်ဖ်ပြည်သူ့စစ်အဖွဲ့ကို ဆူဒန်စစ်တပ်ှာပေါင်းစည်းဖို့ကို ပြည်သူ့စစ်အဖွဲ့က လက်မခံပြီးနောက် ဧပြီလလယ်ကစပြီး ပဋိပက္ခတွေဖြစ်ပွားနေခဲ့တာဖြစ်ပါတယ်။ Ref: BBC Photo:Reuters #voiceofmyanmar #VOM #ခါတွမ်
Read Moreမြောက်ဥက္ကလာမှာ နေအိမ်အတွင်း မိုင်းပေါက်ကွဲလို့ ၁ယောက်သေ၊ ၁ယောက်ဒဏ်ရာရပြီး ဖမ်းခံရ
မေ ၁၂ – ၂၀၂၃ GG (VOM) ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်၊(၁၃) ရပ်ကွက်က နေအိမ်တစ်အိမ်မှာ မနေ့ မေလ ၁၁ ရက် ညပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ နောက်ပြီး အဆိုပါပေါက်ကွဲမှုဖြစ်စဥ်မှာ ဒဏ်ရာရရှိခဲ့တဲ့ နောက်ထပ်အမျိုးသားတစ်ဦးလည်း ဖမ်းဆီးခံခဲ့ရတယ်လို့သိရပါတယ်။ ” ညက ၈ နာရီလောက်မှာ ပေါက်ကွဲမှုဖြစ်တယ်၊ဖြစ်တာက ကျောက်ဆည်လမ်း အိမ်အမှတ် (၁၀၆)ပါ၊ အဲ့ဒီမှာ နေတာက အဲ့ဒီကောင်လေး၂ယောက်၊ အခုပေါက်ကွဲတော့ တစ်ယောက်က ဒဏ်ရာတွေနဲ့သေ သွားတယ်။ နောက်တစ်ယောက်ကိုတော့ စစ်တပ်ကဖမ်းသွားကြတယ်၊ သတင်းကတော့ လက်လုပ်မိုင်းလုပ်ရင်းနဲ့ ပေါက်ကွဲတာလို့သိရတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ ပေါက်ကွဲမှုမှ သေဆုံးသူကတော့ အဲ့ဒီအိမ်မှာငှားရမ်းနေထိုင်တဲ့ ရန်နိုင် ဆိုသူဖြစ်ပြီး ဒဏ်ရာရရှိပြီး ဖမ်းခံရသူကတော့ အောင်မြင့်မြတ်ဆိုသူတို့ဖြစ်တယ်လို့သိရပါတယ်။ အဆိုပါ ပေါက်ကွဲမှုဖြစ်ပြီးနောက်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရောက်လာပြီးစစ်ဆေး ခဲ့ကြောင်း ၊ စစ်ဆေးမှုအရ လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်တယ်လို့ ဒေသခံတွေပြောပြချက်အရ…
Read Moreလိင်ပိုင်းဆိုင်ရာစော်ကားမှုကြောင့် ဒေါ်လာငါးသန်းလျော်ကြေးပေးဖို့အမိန့် သမ္မတဟောင်းဒေါ်နယ်ထရန့် အယူခံ၀င်
၀ါရှင်တန်၊ မေ-၁၂-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်ဟာ နယူးယောက်စတိုးဆိုင်တခုမှာ အီဂျန်ကာရိုးဆိုသူအမျိုးသမီးကို လိင်ပိုင်ဆိုင်ရာ စော်ကာခဲ့ကြောင်း အရပ်ဘက်တရားရုံးက ဆုံးဖြတ်လိုက်ပြီးနောက်နှစ်ရက်အကြာ မေ ၁၁ ရက်မှာ အဲဒီအမှုအတွက် အယူခံ၀င်ခဲ့ပါတယ်။ ၁၉၉၀ ပြည့်လွန်နှစ်တွေအတွင်း မစ္စတာထရန့်က သူမကို လိင်ပိုင်ဆိုင်ရာကျူးလွန်ခဲ့ကြောင်း စွပ်စွဲချက်တွေအပေါ် နယူးယောက်ဂျူရီလူကြီးတွေက မစ္စကာရိုးကို နစ်နာကြေား ဒေါ်လာငါးသန်းပေးဖို့ အမိန့်ချခဲ့တာဖြစ်ပါတယ်။ ဒီကိစ္စကို အသက် ၇၆ နှစ်အရွယ် သမ္မတဟောင်းဒေါ်နယ်ထရန့်က ကျူးလွန်ခဲ့ကြောင်းနဲ့ အသရေဖျက်မှုအတွက် တာ၀န်ရှိကြောင်း တရားသူကြီးတွေက စစ်ဆေးတွေ့ရှိခဲ့သော်လည်း မုဒိမ်းမှုအဖြစ် သတ်မှတ်ခြင်းမရှိခဲ့ပါဘူး။ မစ္စတာထရန့်ကတော့ အသက် ၇၉ နှစ်အရွယ် မစ္စကာရိုးကို သိရှိခြင်း သို့မဟုတ် တွေ့ဆုံဖူးခြင်းမရှိကြောင်း ငြင်းဆိုထားပါတယ်။ ဒီအမျိုးသမီးဘယ်သူဆိုတာမသိရှိကြောင်းနဲ့ ပုံပြင်ဇာတ်လမ်းအတုအယောင်တွေသာဖြစ်ကြောင်း မစ္စတာထရန့်ကပြောပါတယ်။ ဒေါ်နယ်ထရန့်အပေါ် ချမှတ်လိုက်တဲ့ စီရင်ချက်ဟာ ထူးဆန်းတဲ့ စီရင်ချက်ဖြစ်ကြောင်း သူ့ရဲ့ရှေ့နေဖြစ်သူက တရားခွင်ပြင်ပမှာ သတင်းထောက်တွေကို ထုတ်ဖော်ပြောဆိုပါတယ်။…
Read Moreဘတစ်ပြန်ခြိမ်းခြောက်လာတဲ့ ပုဂ္ဂလိကစစ်တပ်နှင့်လုံခြုံရေးကုမ္ပဏီများ
“-ပရမ်းပတာနဲ့ အထိန်းအကွပ်မဲ့နေတဲ့ စစ်တပ်ကန်ထရိုက်တာမျိုးဆက်ကို အမေရိကန်အနေနဲ့ ချင့်တွက်နေရပြီဖြစ်ပါတယ်။” ပြင်းထန်လာတဲ့ ဆူဒန်ရဲ့နိုင်ငံရေးပဋိပက္ခက သိမ်မွေ့ပါးနပ်တဲ့အမေရိကန်ရဲ့မူလစတင်မှုဖြစ်ပါတယ်။ ၂၀၁၇ခုနှစ်ကတည်းက ဆူဒန်ရဲ့မငြိမ်သက်နိုင်သေးတဲ့လုံခြုံရေးဗိသုကာကို ပုံဖော်တာနဲ့ ဆက်လက်ပုံပေါ်လာ စေဖို့ ကူညီထားခဲ့သူကတော့ ရုရှားကြေးစားစစ်တပ်အုပ်စုဖြစ်တဲ့ဝဂ်နာပဲဖြစ်ပါတယ်။ ၀ဂ်နာဆိုတာက အမေရိ ကန်ကနေစတင်ထားခဲ့တဲ့ နိုင်ငံခြားရေးမူဝါဒထဲ ပုဂ္ဂလိကစစ်တပ်နဲ့လုံခြုံရေးကန်ထရိုက်တာတွေကို ပုံမှန်အသုံး ပြုမှုပုံစံကနေမှ ဆန့်ကျင်ဘက်အဖြစ် သွေဖယ်ကွဲထွက်လာတဲ့အဆွယ်အပွားတစ်ခုဖြစ်ပါတယ်။ ဒီလိုကြီးမားတဲ့ကမ္ဘာလုံးဆိုင်ရာနယ်ပယ်ကြီးက ထိတ်လန့်ဖွယ်ရာ စည်းမဲ့ကမ်းမဲ့ဖြစ်လာနေပြီး အကျင့်ပျက်ကာ အလွဲသုံးစားလုပ်လာကြပါတယ်။ လွန်ခဲ့တဲ့ နှစ်၂၀ကျော်လောက်တုန်းက စစ်ပွဲတွေမှာကန်ထရိုက်တာ တွေကို အလွန်အမင်းမှီခိုအားထားခဲ့တဲ့ အမေရိကန်အတွက်တော့ ဒီထိုးဖောက်မြင်နိုင်စွမ်းမရှိတဲ့နယ်ပယ်ကြီးရဲ့ ကြိုတင်မှန်းဆတွက်မရနိုင်တဲ့ အန္တရာယ်ရှိတဲ့အကျိုးဆက်တွေက အမိမြေမှာရော၊ နိုင်ငံရပ်ခြားမှာပါသက် ရောက်လာစေခဲ့ပါတယ်။ ပုဂ္ဂလိကစစ်တပ်နဲ့လုံခြုံရေးကုမ္ပဏီတွေကို အတိုကောက် PMSC လို့ရည်ညွှန်းပြီး တကယ်တမ်းမှာ သူတို့တွေက ဘာတွေဖြစ်ပါသလဲ။ အခြေခံအားဖြင့် စာချုပ်အခြေပြုပြီး စစ်တပ်နဲ့လုံခြုံရေးဝန်ဆောင်မှုတွေအ တွက် အခကြေးငွေနဲ့အလုပ်လုပ်တဲ့အဖွဲ့အစည်းတွေလို့ဆိုရမှာပါ။ တစ်ချို့ကုမ္ပဏီတွေကတော့ အပျက်သဘော ဆောင်တဲ့အဓိပ္ပာယ်သက်ရောက်မှုမဖြစ်စေလိုတာကြောင့် ကာကွယ်ရေးကန်ထရိုက်တာ၊ လုံခြုံရေးအတိုင်ပင်ခံ ကုမ္ပဏီ၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးလုပ်ငန်း…
Read More