ဘတစ်ပြန်ခြိမ်းခြောက်လာတဲ့ ပုဂ္ဂလိကစစ်တပ်နှင့်လုံခြုံရေးကုမ္ပဏီများ

“-ပရမ်းပတာနဲ့ အထိန်းအကွပ်မဲ့နေတဲ့ စစ်တပ်ကန်ထရိုက်တာမျိုးဆက်ကို အမေရိကန်အနေနဲ့ ချင့်တွက်နေရပြီဖြစ်ပါတယ်။”

ပြင်းထန်လာတဲ့ ဆူဒန်ရဲ့နိုင်ငံရေးပဋိပက္ခက သိမ်မွေ့ပါးနပ်တဲ့အမေရိကန်ရဲ့မူလစတင်မှုဖြစ်ပါတယ်။ ၂၀၁၇ခုနှစ်ကတည်းက ဆူဒန်ရဲ့မငြိမ်သက်နိုင်သေးတဲ့လုံခြုံရေးဗိသုကာကို ပုံဖော်တာနဲ့ ဆက်လက်ပုံပေါ်လာ စေဖို့ ကူညီထားခဲ့သူကတော့ ရုရှားကြေးစားစစ်တပ်အုပ်စုဖြစ်တဲ့ဝဂ်နာပဲဖြစ်ပါတယ်။

၀ဂ်နာဆိုတာက အမေရိ ကန်ကနေစတင်ထားခဲ့တဲ့ နိုင်ငံခြားရေးမူဝါဒထဲ ပုဂ္ဂလိကစစ်တပ်နဲ့လုံခြုံရေးကန်ထရိုက်တာတွေကို ပုံမှန်အသုံး ပြုမှုပုံစံကနေမှ ဆန့်ကျင်ဘက်အဖြစ် သွေဖယ်ကွဲထွက်လာတဲ့အဆွယ်အပွားတစ်ခုဖြစ်ပါတယ်။

ဒီလိုကြီးမားတဲ့ကမ္ဘာလုံးဆိုင်ရာနယ်ပယ်ကြီးက ထိတ်လန့်ဖွယ်ရာ စည်းမဲ့ကမ်းမဲ့ဖြစ်လာနေပြီး အကျင့်ပျက်ကာ အလွဲသုံးစားလုပ်လာကြပါတယ်။

လွန်ခဲ့တဲ့ နှစ်၂၀ကျော်လောက်တုန်းက စစ်ပွဲတွေမှာကန်ထရိုက်တာ တွေကို အလွန်အမင်းမှီခိုအားထားခဲ့တဲ့ အမေရိကန်အတွက်တော့ ဒီထိုးဖောက်မြင်နိုင်စွမ်းမရှိတဲ့နယ်ပယ်ကြီးရဲ့ ကြိုတင်မှန်းဆတွက်မရနိုင်တဲ့ အန္တရာယ်ရှိတဲ့အကျိုးဆက်တွေက အမိမြေမှာရော၊ နိုင်ငံရပ်ခြားမှာပါသက် ရောက်လာစေခဲ့ပါတယ်။

ပုဂ္ဂလိကစစ်တပ်နဲ့လုံခြုံရေးကုမ္ပဏီတွေကို အတိုကောက် PMSC လို့ရည်ညွှန်းပြီး တကယ်တမ်းမှာ သူတို့တွေက ဘာတွေဖြစ်ပါသလဲ။ အခြေခံအားဖြင့် စာချုပ်အခြေပြုပြီး စစ်တပ်နဲ့လုံခြုံရေးဝန်ဆောင်မှုတွေအ တွက် အခကြေးငွေနဲ့အလုပ်လုပ်တဲ့အဖွဲ့အစည်းတွေလို့ဆိုရမှာပါ။ တစ်ချို့ကုမ္ပဏီတွေကတော့ အပျက်သဘော ဆောင်တဲ့အဓိပ္ပာယ်သက်ရောက်မှုမဖြစ်စေလိုတာကြောင့် ကာကွယ်ရေးကန်ထရိုက်တာ၊ လုံခြုံရေးအတိုင်ပင်ခံ ကုမ္ပဏီ၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးလုပ်ငန်း စသဖြင့် အမည်တပ်ကြပါတယ်။ သူတို့ဆီလုပ်ငန်းအပ်နှံတဲ့သူတွေ ထဲမှာတော့ အစိုးရတွေ၊ စစ်တပ်တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ပုဂ္ဂလိကကုမ္ပဏီတွေ၊အစိုးရမဟုတ်တဲ့အဖွဲ့ အစည်းတွေ၊ ချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေနဲ့ ငွေပေးနိုင်သူဘယ်သူမဆိုပါရှိနေကြတာဖြစ်ပါတယ်။

ဒီကုမ္ပဏီတွေမှာ စစ်မှုထမ်းဟောင်းတွေ၊ အစိုးရအရာရှိအရာခံဟောင်းတွေကို ၀န်ထမ်းအဖြစ်အဓိကခန့်ထားကြပြီး အဆင့် နိမ့်ဝန်ထမ်းနေရာတွေမှာတော့ နိုင်ငံခြားသားတွေနဲ့ဖြည့်ထားလေ့ရှိပါတယ်။

ဒီလုပ်ငန်းနယ်ပယ်ရဲ့အ၀န်းအ၀ိုင်းက ကြီးမားကျယ်ပြန့်လာခဲ့ပြီး ဈေးကွက်သုတေသနအဖွဲ့တစ်ခုရဲ့ ခန့်မှန်းတွက်ဆချက်အရ ၂၀၂၀ပြည့်နှစ်အတွင်း ကမ္ဘာလုံးဆိုင်ရာ PMSCနယ်ပယ်ကနေ ၀န်ဆောင်မှုပေးထား တဲ့အလုပ်တွေရဲ့တန်ကြေး ဒေါ်လာ ၂၂၃ဘီလျံဖိုးရှိထားခဲ့ပြီး ၂၀၃၀ပြည့်နှစ်မှာ နှစ်ဆတိုးလာဦးမယ်လို့ဆိုပါတယ်။ ဒီနယ်ပယ်မှာ အစုအရွယ်အစား သာလွန်ကြီးမားနေတဲ့ အမေရိကန်နိုင်ငံက ကမ္ဘာ့အကြီးမားဆုံးပုဂ္ဂလိကစစ်တပ်ကုမ္ပဏီတွေအများအပြားတည်ရှိနေတဲ့နိုင်ငံဖြစ်သလို လုပ်ငန်းအပ်နှံမှုကြီးမားတဲ့နိုင်ငံလည်းဖြစ်ပါတယ်။

PMSCတွေအပေါ်မှာ အမေရိကန်က အလွန်အမင်းမှီခိုအားထားခဲ့ရတဲ့အကြောင်းပြချက်များစွာရှိပြီး ဒီထဲမှာမှ အထွေထွေကုန်ကျစရိတ်တွေ၊ စာရွက်စာတမ်းကိစ္စတွေကအစ တပ်စွဲချထားနိုင်တဲ့စစ်တပ်ပိုင်ဆိုင်မှု တွေကိုထိန်းသိမ်းမှု၊ ထောက်ပို့ဌာနတွေ၊ စခန်းချထောက်ပံ့မှုနဲ့ စီမံခန့်ခွဲရေးဝန်ထမ်းတွေအထိ လုပ်ဆောင်ဖွယ်ရာအ၀၀ကိုလျှော့ချနိုင်တာတွေလည်းအပါအ၀င်ဖြစ်ပါတယ်။

အကြောင်းကြားစာရောက်တာနဲ့ ချက်ချင်းထ ဆောင်ရွက်နိုင်တဲ့ စစ်ဆင်မှုစွမ်းဆောင်ရည်တွေ အရန်သင့်စီစဉ်ထားတဲ့အချက်လည်းပါရှိပါတယ်။ တပ်စွဲချထားမှုတွေအတွက် လူအင်အားသုံးရဖို့လိုအပ်တဲ့ကုန်ကျတဲ့စရိတ်ပမာဏကို ကန်ထရိုက်တာတွေက လျှော့ချပေးနိုင်ပြီး နိုင်ငံခြားသားတွေများတဲ့ ကန်ထရိုက်တာတွေက အီရတ်နဲ့အာဖဂနစ္စတန်တို့မှာတပ်စွဲထားခဲ့တဲ့အမေရိကန်တပ်ဖွဲ့ဝင်တွေထက် ပမာဏပိုများပါတယ်။ဒီအားသာချက်တွေကပဲ ဒီနယ်ပယ်ရဲ့အန္တရာယ်အမွေဆိုးတွေအဖြစ် ကမ်းဆင့်ခဲ့တာဖြစ်ပါတယ်။

ပထမဦးဆုံး ဒီကုမ္ပဏီတွေက တခြားဝန်ဆောင်မှုနယ်ပယ်တွေနဲ့မတူကွဲပြားတဲ့ဝန်ဆောင်မှုတွေကိုပေးနေတာဖြစ်ပါတယ်။ လက်နက်တွေလိုမျိုး အန္တရာယ်ရှိပြီးဖျက်ဆီးနိုင်တဲ့အရာတွေက လူမှန်မဟုတ်သူတွေရဲ့လက်ထဲရောက် သွားနိုင်ပါတယ်။ ဈေးကွက်ပြိုင်ဆိုင်မှုအရ ဒီဈေးကွက်ထဲမှာ အမေရိကန်အစိုးရကသာ တစ်ဦးတည်းသောလုပ် ငန်းအပ်နှံသူမဟုတ်ပါဘူး။ လက်နက်ချည်းသက်သက်မဟုတ်ဘဲ လက်နက်တွေနောက်ကွယ်က အသိဥာဏ်ပညာတွေပါရောင်းချလာတဲ့ နယ်ပယ်ရဲ့ ရုတ်ချည်းကြီးထွားလာမှုနဲ့ လုပ်ရိုးလုပ်စဉ်တွေအပေါ် ဆိုးသွမ်းသူတွေအ များအပြားက အမြတ်ထုတ်လာကြပါတယ်။

 

ဒုတိယကတော့ အမေရိကန်အနေနဲ့ ဒီနယ်ပယ်ကို ဘယ်တော့မှ စနစ်တကျစည်းကမ်းထိန်းသိမ်းနိုင်မှာ မဟုတ်ပါဘူး။ အီရတ်နဲ့အာဖဂနစ္စတန်တို့ကစစ်ပွဲတွေတုန်းက ကန်ထရိုက်တာတွေရဲ့ဇာတ်ရှုပ်တွေ၊ အလွဲသုံး စားလုပ်တာတွေနဲ့ လွဲချော်မှားယွင်းမှုတွေက နှေးကွေးနည်းပါးတာမျိုးမရှိခဲ့ပေမယ့် ဘယ်အမေရိကန်ဥပဒေကမှ ဒီကုမ္ပဏီတွေကပေးတဲ့ဝန်ဆောင်မှုတွေအပေါ်အပြည့်အ၀လွှမ်းခြုံနိုင်မှုမရှိခဲ့ပါဘူး။ စိစစ်ကြီးကြပ်မှုအားနည်းတဲ့ အောက်ကနေ အမေရိကန်ကန်ထရိုက်တာတွေက ၀န်ဆောင်မှုတွေရောင်းချပေးနေကြပါတယ်။ တည်ရှိနေတဲ့ ဥပဒေနဲ့စည်းမျဉ်းစည်းကမ်းတွေကို လက်တစ်လုံးခြားလှည့်ဖျားလာကြပါတယ်။

တတိယအနေနဲ့ကတော့ သတင်းအချက်အလက်တွေကိုစီးပွားဖြစ်ကိုင်တွယ်မှုနဲ့ အမျိုးသားလုံခြုံရေး နဲ့ပတ်သက်ဆက်နွယ်မှုတွေဆိုပြီး အစနှစ်ဖက်ကိုင်နိုင်တာကို PMSCနယ်ပယ်က နှစ်ခြိုက်ပါတယ်။ ခေါင်း ဆောင်မှု၊ ၀န်ထမ်း၊ စာချုပ်တွေ၊ ထောက်ပံ့ရေးကွင်းဆက်တွေနဲ့ လက်ခွဲကန်ထရိုက်တာဆက်ဆံရေးတွေနဲ့ ပတ်သက်လို့ ဂရုတစိုက်လျှို့ဝှက်လာကြပါတယ်။ ဒါတွေထက် ကန်ထရိုက်တာအများစုက လုပ်ငန်းစီးပွား ဆောင်ရွက်မယ့် သတင်းအချက်အလက်ကွန်ရက်တွေနဲ့ဆက်ဆံရေးတွေအပေါ်မှီခိုမှုများလာပြီး အစိုးရ ထောက်လှမ်းရေးအဂျင်စီတွေနဲ့ အမျိုးသားစစ်တပ်တွေကြားထဲမှာ ကွန်ရက်တွေကို တည်ဆောက်ထားကြပါ တယ်။ ဒီကွန်ရက်တွေက နိုင်ငံကိုကျော်လွန်ပြီး ဌာနဆိုင်ရာနယ်နိမိတ်ကန့်သတ်ချက်တွေကိုပါကျော်လွှားကာ မထင်မရှားနောက်ကွယ်ကပါဝင်နေသူတွေရဲ့မျက်နှာဖုံးတွေနဲ့ ပူးပေါင်းအသုံးချကြပါတယ်။

ရလဒ်အနေနဲ့ကတော့ အထူးတပ်ဖွဲ့ဝင်ဟောင်းတွေနဲ့ပြည့်ကျပ်နေတဲ့ ဒီလိုနယ်ပယ်လုပ်ငန်းတစ်ခုက တကယ့်လက်တွေ့မှာ ဘာတွေလုပ်နေတယ်၊ ဘယ်သူတွေနဲ့အတူအလုပ်လုပ်နေတယ်ဆိုတာကို အမေရိကန်အ စိုးရရော၊ ဘယ်သူတစ်ဦးတစ်ယောက်ကမျှ သိနိုင်မှာမဟုတ်ပါဘူး။ ဒီစစ်မှုထမ်းဟောင်းတွေနဲ့ ၄င်းတို့စီးပွားရေး မိတ်ဖက်တွေက အဓိကဆုံးဖြတ်ချက်ချတဲ့ရာထူးရာခံရှိတဲ့အရာရှိတွေနဲ့ ချိတ်ဆက်မှုရှိနေနိုင်ပြီး သူတို့ကနေတဆင့် စာချုပ်ချုပ်ထားတဲ့ကုမ္ပဏီခွဲတွေကို ထိန်းချုပ်လာနိုင်ကာ အ၀ယ်ဆုံးဖြတ်ချက်တွေကို လိုသလိုကိုင်စွဲထိန်း ကျောင်းလာနိုင်ပြီး ကြွယ်ဝချမ်းသာလာစေမယ့်လမ်းဆီ သယ်ဆောင်လာကြပါတယ်။ အီရတ်နဲ့ အာဖဂနစ္စ တန်ကစစ်ပွဲတွေမှာ PMSCရဲ့စီးပွားရေးမဟာမိတ်တွေက ဒေသတွင်းအာဏာရှိကိုယ်စားလှယ်တွေရဲ့ ဆွေမျိုး သားချင်းတွေဖြစ်လေ့ရှိပြီး အမေရိကန်အစိုးရစာချုပ်တစ်ခုကိုဖျက်ဖို့အလဲအလှယ်အနေနဲ့ အမေရိကန်ဘက်က အရာရှိတွေကို လာဘ်လာဘပေးနိုင်ကြသူတွေလည်းဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ ကန်ထရိုက်တာတွေရဲ့အကျင့်ပျက်မှုတွေက ဘတစ်ပြန်ခြိမ်းခြောက်မှုအနေနဲ့ အမေ ရိကန်ကိုတစ်ပတ်ပြန်လာပြီဖြစ်ပါတယ်။ PMSC နယ်ပယ်အပေါ် ပြည်သူလူထုအမြင်မှာ သံသယဖြစ်ဖွယ်ကောင်း နေတဲ့ဆက်ဆံရေးတွေအဖြစ်ကနေ ဖုံးကွယ်ထားကြပါတယ်။

ကာကွယ်ရေးစာချုပ်တွေရဲ့အတိုင်းအတာပမာ ဏက လာဘ်ပေးလာဘ်ယူမှုတွေနဲ့ မတန်တဆအကျိုးခံစားမှုတွေကို အလွယ်လေးဖုံးကွယ်လိုက်နိုင်ပါတယ်။ PMSCတွေကို အမေရိကန်အစိုးရက စိစစ်ကြီးကြပ်တဲ့လုပ်ဆောင်မှုတွေ အဆောတလျင် ပြုပြင်ပြောင်း လဲမှုမလုပ်ဘူးဆိုရင် အမေရိကန်အနေနဲ့ အန္တရာယ်ကြီးမားပြီးမြင်သာမှုမရှိတဲ့ ဒီနယ်ပယ်ကြောင့် နိုင်ငံရေးအ ငိုက်မိသွားမယ့်တကယ့်အန္တရာယ်စွန့်စားမှုနဲ့ ရင်ဆိုင်သွားရမှာပါ။

https://inkstickmedia.com/private-military-and-security-companies-are-a-homegrown-threat/

#voiceofmyanmar #VOM #နိုင်ငံတကာသတင်း

Related posts

Leave a Comment

VOM News

FREE
VIEW