ခါတွမ်၊ မေ-၁-၂၀၂၃ မျိုးဆက်(VOM) ဆူဒန်မှာ အရပ်သားတွေဘးလွတ်ရာကို ရှောင်တိမ်းနိုင်ဖို့ အပစ်အခတ်ရပ်စဲရေးသဘောတူထားပေမယ့် မြို့တော်ခါတွမ်တွင် ဧပြီ ၃၀ ရက်က လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပွားနေပါတယ်။ အာအက်စ်အက်ဖ် ပြည်သူ့စစ်အဖွဲ့ကိုချေမှုန်းဖို့ အတွက် မြို့တော်ခါတွမ်ရှိပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေခြင်းဖြစ်ကြောင်း ဆူဒန်စစ်တပ်ကပြောပါတယ်။ အပစ်အခတ်ရပ်စဲရေးကို နောက်ထပ်သုံးရက် သက်တမ်းတိုးမယ်လို့ နှစ်ဘက်စစ်တပ်က ပြောဆိုထားသော်လည်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာဖြစ်ပါတယ်။ တိုက်ပွဲတွေကြောင့် အရပ်သား ၅၀၀ ကျော်သေဆုံးခဲ့ပြီး ဒီထက်ပိုသေဆုံးဖွယ်ရှိနေကာ မြို့တော်ခါတွမ်မှာ လူသန်းပေါင်းများစွာ ပိတ်မိနေပါတယ်။ ဆူဒန်စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီးအယ်လ်ဘာဟန်နဲ့ အာအက်စ်အက်ဖ်ပြည်သူ့စစ်အကြီးအကဲ ဟမ်ဒန်ဒါဂါလိုတို့အကြား အာဏာလွန်ဆွဲပွဲကြောင့် ပဋိပက္ခများဖြစ်ပွားနေခြင်းဖြစ်ပြီး အထူးသဖြင့် အာအက်စ်အက်ဖ်အဖွဲ့ကို စစ်တပ်အောက်သို့ထားရှိမယ့်အစီအစဉ်အပေါ် သဘောထားကွဲလွဲနေကြပါတယ်။ အမေရိကန်၊ ဗြိတိန်နှင့် ကုလသမဂ္ဂတို့ရဲ့ သံတမန်ရေးရာကြိုးပမ်းမှုအပြီးမှာ အပစ်အခတ်ရပ်စဲရေးတွေရရှိခဲ့ပေမယ့် တည်မြဲခြင်းမရှိခဲ့ပါဘူး။ ဒါပေမယ့် အမေရိကန်နဲ့ ဆော်ဒီတို့ရဲ့ ကြား၀င်စေ့စပ်မှုနောက်တဆင့်အနေနဲ့ နှစ်ဘက်အကြား ဘယ်လိုဖြစ်လာမယ်ဆိုတာ ရှင်းလင်းစွာ မသိရသေးပါဘူး။ Ref:BBC #voiceofmyanmar…
Read MoreMonth: May 2023
အမရပူရရဲစခန်း ဗုံးပစ်ခံရပြီး သေနတ်နဲ့ပါ ပစ်ခတ်ခံရ
မေ ၁ – ၂၀၂၃ Voice Of Myanmar(VOM) မန္တလေးမြို့၊ အမရပူရမြို့နယ်၊ စျေးချိုရပ်ကွက်၊ စစ်ကိုင်း-မန္တလေးကားလမ်းဘေးရှိ အမရပူရမြို့မရဲစခန်းဟာ ဒီကနေ့မနက်ပိုင်းက ဗုံးနဲ့ပစ်ခံရပြီး သေနတ်နဲ့ပစ်ခတ်ခံရမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဥ်ဟာ မနက် ၆နာရီက တစ်ကြိမ်နဲ့ မနက် ၁၀ နာရီကျော်မှာ တစ်ကြိမ် ၂ကြိမ်ဖြစ်ပွားခဲ့ဖြစ်ပြီး ပထမတကြိမ်မှာ လူထိခိုက်မှုမရှိခဲ့ပေမယ့် ဒုတိယအကြိမ်မှာတော့ ရဲစခန်းရဲ့ လူနေလိုင်းခန်းအနီး ကျရောက်ပေါက်ကွဲပြီး လူ(၅)ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရဲနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။ ဒါ့အပြင် ဒီကနေ့မနက် ၈နာရီခွဲအချိန်ကလည်း မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီကုန်းရပ်ကွက်ရှိ ကားဂိတ်တစ်ခုရှေ့မှာလည်း လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး လူ သုံးဦး ထိခိုက်ဒဏ်ရာ ရခဲ့တဲ့ဖြစ်စဥ်လည်း ဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM #မန္တလေး #အမရပူရရဲစခန်း #ပစ်ခတ်ပေါက်ကွဲမှု
Read Moreထီးလင်းမှာ အခြေခံလူသုံးကုန်တွေ ပြတ်လပ်မှုဖြစ်ပေါ်ပြီး စားဝတ်နေရေး အခက်ကြုံနေရ
မေ ၊ ၁ ၊ ၂၀၂၃ SP (VOM) မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ ထီးလင်းမြို့မှာ အခြေခံလူသုံးကုန်နဲ့ နေ့စဥ်သုံး စားသောက်ကုန်စည်တွေ ပြတ်လပ်နေတဲ့အတွက် ဒေသခံတွေဟာ စားဝတ်နေရေး အခက်ကြုံနေရတယ်လို့ ထီးလင်းမြို့ခံတွေဆီက သိရပါတယ်။ ” ထီးလင်းမြို့ကို ဝင်ရောက်နိုင်တဲ့ ပင်မ ဆက်သွယ်လမ်းကြောင်းတွေက ပေါက် – ထီးလင်း လမ်းပိုင်း ၊ ထီးလင်း – ကျောက်ထု လမ်းပိုင်း ၊ ထီးလင်း – ရေမျက်နီ – ဂန့်ဂေါ လမ်းပိုင်း နဲ့ ထီးလင်း – ကျင်း လမ်းပိုင်းတွေဖြစ်တယ် ၊ အဲ့ဒီ လမ်းပိုင်းတွေမှာ အရပ်ဘက် စစ်ဆေးရေးဂိတ်များစွာရှိတယ် ၊ ထီးလင်းမြို့နယ်ထဲကို ဝင်ရောက်လာတဲ့ ကုန်စည်ပို့ဆောင်ရေးကားတွေကို အဲ့ဒီ ဂိတ်တွေကနေ တားဆီးပိတ်ဆို့ပြီး နောက်ကြောင်းပြန်လှည့်ခိုင်းနေတာကြောင့်…
Read Moreအထည်ချုပ်လုပ်ငန်းတွေမှာ ရာနှုန်းပြည့် မလည်ပတ်နိုင်သေးတဲ့အတွက် အထည်ချုပ် လုပ်သား(၉)သောင်းဝန်းကျင် အလုပ်လက်မဲ့ဖြစ်နေ
မေလ၊၁-၂၀၂၃ MM [ VOM] နိုင်ငံတဝှမ်းမှာ အကြောင်းအမျိုးမျိုးကြောင့် အထည်ချုပ်စက်ရုံလုပ်ငန်းတွေ ရာနှုန်းပြည့်မလည်ပတ်နိုင်သေးတာကြောင့် လုပ်သားဦးရေ(၉)သောင်းဝန်းကျင်အထိ အလုပ်လက်မဲ့ဖြစ်နေရတယ်လို့ အလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေဆီကနေ သိရပါတယ်။ ”ပြည်တွင်းက အထည်ချုပ်လုပ်ငန်းတွေ ရာနှုန်းပြည့် မလည်ပတ်နိုင်သေးတာက ကိုဗစ်ရောဂါဖြစ်ပွားခဲ့တာနဲ့ ပြည်တွင်းနိုင်ငံရေးအကျပ် အတည်းဖြစ်နေတာကြောင့်ပါ၊ အရင်လို ပြည်ပက အထည်တွေ အမှာကုန်လည်း များများမရှိတော့တာကြောင့်လည်းပါတယ်၊ လက်ရှိ လုပ်ငန်း ၆၀ရာခိုင်နှုန်းအထိလောက်သာ လည်ပတ်နိုင်သေးပါတယ်၊ ဒါ့ကြောင့် ပျှမ်းမျှလုပ်သား ၉ သောင်းဝန်းကျင်အထိ အလုပ်လက်မဲ့ဖြစ်နေတယ်။”လို့ အလုပ်သမားအရေးကူညီဆောင် ရွက်ပေးနေတဲ့အဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ လက်ရှိလည်ပတ်နေတဲ့ အထည်ချုပ်စက်ရုံတွေမှာလည်း လျှပ်စစ်မီး အချိန်မှန် မရတာကြောင့် အလုပ်ချိန်အပြည့် မဆင်းရတဲ့အတွက် လုပ်အားခထဲကနေဖြတ် တောက် နေတာကြောင့် လုပ်အားခအပြည့်အဝမရတဲ့ အခက်အခဲနဲ့ လုပ်သားလျှော့ချမယ့် အခြေအနေ အခက်အခဲတွေနဲ့လည်း ကြုံနေရတယ်လို့ အထည်ချုပ် ဝန်ထမ်းတွေဆီကနေ သိရပါတယ်။ ”အလုပ်သာ လုပ်နေရတာ စိုးရိမ်စိတ်နဲ့…
Read Moreလွိုင်ကော်မှာ ရုတ်တရက် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၉၈)လုံးပျက်စီးကာ ပြန်လည်တည်ဆောက်ဖို့အခက်အခဲရှိနေ
ဧပြီ၊ ၃၀-၂၀၂၃ MM(VOM) ကယားပြည်နယ်၊လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းမှာ မိုးသက်လေပြင်းရုတ်တရက် လူနေအိမ် ၁၀၀ နီးပါး ပျက်စီးခဲ့ကာ နေအိမ်တွေ ပြန်လည်ပြုပြင် တည်ဆောက် ဖို့အခက်ခဲတွေရှိနေတယ်လို့ လေဘေးသင့်ဒေသခံတွေဆီကနေ သိရပါတယ်။ ”အခု ဧပြီလ၂၇ ရက် ၂၈ ရက်နဲ့ ၂၉ ရက်တွေမှာ ရုတ်တရက် မိုးသက်လေပြင်းတွေတိုက်ခတ် တာကြောင့်ပျက်စီးခဲ့တာ၊အကုန်ဆို လူနေအိမ်ခြေ ၁၀၀ နီးပါး အထိရှိတယ်၊ တစိတ်တပိုင်းပျက်စီးတာက နည်းတယ်၊ လုံးဝပျက်စီးတာကများတယ်၊ အခု နေစရာ အိမ်မရှိဖြစ်နေတယ်၊ လေဘေးသင့်တွေ အရေးပေါ် အကူအညီ လိုအပ်နေပါတယ်၊တချို့ကတော့ သူတို့ရှိတာလေးနဲ့ပြုပြင်နေတာလည်းတွေ့ရတယ်။”လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ လေပြင်းတိုက်ခတ်မှုဒဏ်ကြောင့် လွိုင်ကော်မြို့ထဲက ပါလောင်းကျေးရွာအုပ်စု၊ စူဖဲလော်ကျေးရွာက နေအိမ် ၇၄ လုံးနဲ့ နေပလုကျေးရွာက နေအိမ် ၂၄ လုံးစုစုပေါင်း နေအိမ် ၉၈ လုံးပျက်စီးခဲ့တာဖြစ်ပြီး လူတွေထိခိုက် သေဆုံးတာမရှိဘဲ ကျေးရွာဘုန်တော်ကြီးကျောင်းလည်း…
Read Moreသမိုင်းတလျှောက် အမြင့်ဆုံးဖြစ်လာတဲ့ ပြည်တွင်းဆန်ဈေး
SN (VOM) သင်္ကြန်မတိုင်မီ ကာလကတည်းက အမြင့်ဈေးမှာပဲ ရှိခဲ့တဲ့ ပြည်တွင်းဆန်ဈေးနှုန်းဟာ သင်္ကြန်ကာလအလွန်မှာတော့ သမိုင်းတလျှောက် မကြုံဖူးတဲ့ ဈေးတန်းတခုကို ရောက်ရှိလာပါတယ်။ စျေးကွက်ထဲ ဆန်အသစ်တွေ ဝင်ရောက်နေချိန်မှာ ဆန်စျေးကျဆင်းလေ့ရှိပေမယ့် အခု ၂၀၂၃ ခုနှစ်မှာတော့ စပါးစျေးနဲ့ အထွေထွေကုန်ကျစရိတ်တွေ မြင့်တက်နေတာကြောင့် ဆန်စျေးတွေလည်း တောက်လျှောက် လိုက်ပါမြင့်တက်နေတာပါ။ အခုလို ပြည်တွင်းဆန်စျေးကွက်အတွင်း စျေးနှုန်း မတန်တဆမြင့်တက်နေတာဟာ နယ်မြေ မတည်ငြိမ်မှုတွေအရ စပါးစိုက်ပျိုးနိုင်ခြင်းမရှိဘဲ စိုက်ဧကလျော့ကျလာတာ၊ လျှပ်စစ်မီးမရတာကြောင့် စပါးကြိတ်ခွဲမှုလုပ်ငန်းတွေ နှောင့်နှေးပြီး ကုန်ကျစရိတ် ပိုလာတာ၊ သယ်ယူစရိတ်တွေ မြင့်တက်လာတာ၊ လှောင်လက်တွေရဲ့ စျေးကစားမှုတွေရှိနေတာ စတဲ့အချက်တွေကြောင့် ဖြစ်တယ်လို့ ဈေးကွက်ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ လက်ရှိဈေးကွက်အတွင်း ရွှေဘိုပေါ်ဆန်း တစ်အိတ်ကို ကျပ် ၁၀၅,၀၀၀ မှ ၁၁၀,၀၀၀ အထိ မြင့်တက်နေတာဖြစ်ပြီး ရက် ၉၀ ဆန်ကြမ်းဈေးမှာလည်း တစ်အိတ်ကို ကျပ်…
Read Moreပန်းမြိုင်လယ် နှင့် ချစ်သမျှကို
ဆူးငှက် ကျွန်တော် ‘ပန်းမြိုင်လယ်’ကို တော်တော်စွဲလန်းခဲ့ပါတယ်။ တကယ်တမ်း ‘ပန်းမြိုင်လယ်’ ကို နှစ်ခြိုက်စွဲလန်းခဲ့ပေမယ့်လည်း ‘ပန်းမြိုင်လယ်’ ကို ဂဏသေချာစွာ ကျွန်တော်မသိရိုး အမှန်ပါ။ ရွာစားစိန်ချစ်တီး ဆိုင်းဝိုင်းထဲက ဦးပြေဟန်နှင့် ဦးစပယ်ရှယ်ပြောသလို ‘ပန်းမြိုင်လယ်ဆိုတာ ကိုဖိုးခလယ်နဲ့ ကန်သင်းချင်းယှဉ်နေတဲ့ လယ်ပါ့’ဆိုတဲ့ ပက်လုံးထဲကလိုပင် မတွေးမိခဲ့…။ ကျွန်တော် စာအုပ်အငှားဆိုင်လေးဖွင့်မှာမို့ ဆိုင်နာမည် ဆိုင်းဘုတ်လေးကို အဲဒီအချိန်ကခတ်စားနေတဲ့ ရောင်စုံစတစ်ကာ ပလတ်စတစ်အစိမ်းရောင်လေး စာလုံးလှီးပြီး ကျောက်သင်ပုန်းဆေး အနက်သုတ်ထားတဲ့ သုံးထပ်ပြားလေးပေါ် ကပ်တော့ ရွာကရောက်နေတဲ့ ဦးကြီးက ပါးစောင်ရှိ ကွမ်းတွေ ဖွီးကနဲ ထွေးပြီး “မင်းဆိုင် နာမည်ကလည်းကွယ် အတိတ်နိမိတ်မရှိ…၊ ပန်းလည်းပန်း၊ လယ်လည်းလယ်ဦးမှာ ဆိုတော့ မဟန်ပါဘူးကွယ်…”လို့ ဆိုတယ်။ ကျွန်တော်လည်း ဦးကြီးကို ရှင်းပြမနေတော့ပါဘူး။ ဒါပေမယ့် ဘွဲ့ရပြီးလူငယ်တစ်ယောက်ပေမယ့် ဦးကြီးပြောသလို အဆင်မပြေ တပင်တပန်း တလည်လည်ဖြစ်ရချေရဲ့ဆိုပြီး အဲဒီဆိုင်းဘုတ်လေး မသုံးဖြစ်ခဲ့ပါဘူး။…
Read More