အိန္ဒိယမှာ ရထားမတော်တဆမှုကြောင့် လူ ၂၈၀ ကျော်သေဆုံး၊ ၉၀၀ ကျော်ဒဏ်ရာရ

ဒေလီ ၊ ဇွန်- ၃-၂၀၂၃
မျိုးဆက်(VOM)

အိန္ဒိယနိုင်ငံအရှေ့ပိုင်း အိုဒီရှာပြည်နယ်မှာ ရထားမတော်တဆမှုကြောင့် လူ ၂၈၀ ကျော် သေဆုံးပြီး ၉၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

သောကြာနေ့နှောင်းပိုင်းမှာဖြစ်ပွားခဲ့တဲ့ မတော်တဆမှုအတွင်း ခရီးသည်တင်ရထားတစင်း လမ်းချော်သွားပြီး ကပ်လျက်ရှိတဲ့လမ်းကြောင်းပေါ်မှာ အခြားရထားတစင်းကို တိုက်မိခဲ့တာဖြစ်ပါတယ်။

ဒီဖြစ်စဥ်ဟာ အိန္ဒိယမှာ ဒီရာစုနှစ်အတွင်း အဆိုးရွားဆုံး ရထားမတော်တဆမှုဖြစ်ပြီး သေဆုံးသူဦးရေ ထပ်မံတိုးလာဖွယ်ရှိကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

စုစုပေါင်း ရုပ်အလောင်း ၂၈၀ ကျော်ကို လက်ရှိအချိန်ထိတွေ့ရှိထားကြောင်း တာဝန်ရှိသူတွေကပြောပါတယ်။

အခင်းဖြစ်နေရာသို့ လူနာတင်ယာဥ် အစီး ၂၀၀ ကျော် စေလွှတ်ထားပြီး နောက်ထပ် ဆရာဝန် ၁၀၀ ကျော်ကို ခေါ်ယူထားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

Ref:BBC
#VOM #voiceofmyanmar #ဒေလီ

Related posts

✕
VOM News

FREE
VIEW