ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာနားမှာ လုံခြုံရေး တပ်ဖွဲ့ဝင် ၁ ဦး ပစ်သတ်ခံရ

ဇွန် ၅-၂၀၂၃
SP (VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာ၊ မုံရွာ – မန္တလေး ကားလမ်းဘေးရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဘက်စုံခြံအနီးနားမှာ ဒီကနေ့ မနက် ၃ နာရီဝန်းကျင်က ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ချောင်းဦးမြို့နယ် လုံခြုံရေး အဖွဲ့ဆီက သိရပါတယ်။

” ဒီမနက် အစောပိုင်း ၃ နာရီဝန်းကျင်က ပစ်ခတ်တာတွေဖြစ်တယ် ၊ စီစစ်ဆဲအဖွဲ့က စျေးသည်ဟန်ဆောင်ကာ ဆိုင်ကယ်တွေနဲ့လာပြီး ပစ်တာဖြစ်တယ် ၊ အဲ့ဒီပစ်ခတ်မှုကြောင့် လုံခြုံရေးတာဝန်ကျ တပ်ဖွဲ့ ၁ ဦး ထိခိုက်သေဆုံးတယ်”လို့ ဒေသခံ တယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်လို့ ချောင်းဦးမြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” မနက်အစောပိုင်း စျေးသည်တွေလို ပုံမှားရိုက်ပြီး အလစ်အငိုက် ဆိုင်ကယ်တွေနဲ့ တိုက်သွားတာဖြစ်တယ် ” လို့ ပြောပါတယ်။

မနေ့ ဇွန် ၄ ရက် ၊ မနက် ၆ နာရီဝန်းကျင်ကလည်း ချောင်းဦးမြို့ ၊ လဝကရုံးနားမှာ လမ်းလုံခြုံရေးကျ ရဲတပ်ဖွဲ့ဝင် ၃ ဦး ပစ်သတ်ခံရပြီး သေနတ် ၄ လက်ပါသွားတာဖြစ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ချောင်းဦး

Related posts

Leave a Comment

VOM News

FREE
VIEW