အစိုးရလျှို့ဝှက်ချက်တွေ သိမ်းထားမိတဲ့ ဒေါ်နယ်ထရန့်ရဲ့ ထောင်ကျနိုင်ခြေနဲ့ ရွေးကောက်ပွဲယှဉ်ပြိုင်ခွင့် အလားအလာ

မျိုးဆက်(VOM)
၁၀-၆-၂၀၂၃

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်တယောက်ကတော့ လအနည်းငယ်အတွင်း ဒုတိယအကြိမ်မြောက်အဖြစ် ရာဇ၀တ်မှုနဲ့ စွဲချက်တင်ခံရပြန်ပြီဖြစ်ပါတယ်။

အခုတစ်ကြိမ်မှာတော့ စွဲချက် ၃၇ ခုနဲ့ ရင်ဆိုင်နေရပြီး ဒါဟာ အမေရိကန်သမိုင်းမှာတော့ သမ္မတဟောင်းတယောက်ကို အစိုးရက ပထမဆုံးအကြိမ် တရားစွဲမှုလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့လအနည်းငယ်က အပြာမယ်တဦးနဲ့ကို တိတ်တဆိတ်ငွေပေးခဲ့တဲ့ကိစ္စအပေါ် စွဲချက်တွေနဲ့ရင်ဆိုင်ခဲ့တဲ့ ထရန့်ဟာ ခုတကြိမ်မှာတော့ အစိုးရရဲ့လျှို့ဝှက်ချက် စာရွက်စာတမ်းတွေကို ရာထူးကနေထွက်ခွာပြီးနောက် သူ့နေအိမ်မှာ သိမ်းထားမိတာဖြစ်ပါတယ်။

အက်ဖ်ဘီအိုင်က ရှာဖွေတွေ့ရှိခဲ့တဲ့ စာရွက်စာတမ်းတွေထဲမှာ အမေရိကန်ရဲ့ နျူကလီးယားအစီအစဉ်တွေ၊ အမေရိကန်နဲ့ ပြည်ပနိုင်ငံတွေရဲ့ကာကွယ်ရေးနဲ့ လက်နက်စွမ်းရည်၊ အမေရိကန်နဲ့မဟာမိတ်တွေအပေါ် အလားအလာရှိတဲ့ တိုက်ခိုက်မှုတွေနဲ့ တုံ့ပြန်ရေးအစီအစဉ်တွေဖြစ်ပြီး အစိုးရအတွက်တော့ အလွန်အကဲဆတ်တဲ့ ကိစ္စဖြစ်ပါတယ်။

အမေရိကန်ဥပဒေအရ သမ္မတဟောင်းတွေအပါအ၀င် အစိုးရတာ၀န်ရှိသူတွေဟာ ခွင့်ပြုချက်မဲ့နေရာမှာ လျှို့ဝှက်စာရွက်စာတမ်းတွေကို ဖယ်ရှားခြင်း သို့မဟုတ် သိမ်းဆည်းထားခြင်းဟာ တရားမ၀င်တာကြောင့် သမ္မတထရန့်ဟာ ၂၀၂၁ ခုနှစ်ဇန်နဝါရီလအတွင်း ရာထူးကနေထွက်ခွာချိန်မှာ အစိုးရက ပိုင်ဆိုင်တယ်လို့ယူဆရတဲ့ သမ္မတမှတ်တမ်းအားလုံးကို လွှဲပြောင်းပေးခဲ့ရမှာဖြစ်ပါတယ်။

ဒါပေမယ့် သမ္မတထရန့် အိမ်ဖြူတော်ကနေထွက်ခွာပြီး လအနည်းငယ်ကြာမှသာ လျှို့ဝှက်စာရွက်စာတမ်းအချို့ ပျောက်ဆုံးနေသည်ကို အမေရိကန်မော်ကွန်းတိုက်က သိရှိခဲ့တာဖြစ်ကာ သူဟာဒါတွေကို သိရက်နဲ့သိမ်းဆည်းထားတာလို့ အစိုးရရှေ့နေတွေက ယုံကြည်နေပါတယ်။

ဒေါ်နယ်ထရန့်ယူလာတဲ့ လျှို့ဝှက်စာရွက်စာတမ်းတွေထဲမှာတော့ အမေရိကန်ရဲ့ နျူကလီးယားနဲ့ စစ်ရေးဆိုင်ရာ အကဲဆတ်တဲ့လျှို့ဝှက်စာရွက်စာတမ်းတွေ ၁၀၀ ကျော်အပါအ၀င် စာရွက်စာတမ်းထောက်နဲ့ချီပြီး အက်ဖ်ဘီအိုင်က ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဒီလိုလျှို့ဝှက်ချက်စာရွက်စာတမ်းတွေအပြင် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်နဲ့ ထရန့်တို့ အပြန်အလှန်စာတိုပေးပို့မှု၊ သမ္မတဟောင်း ဘားရက်အိုဘားမား ရာထူးကနေထွက်ခွာချိန်မှာ ထရန့်အတွက်ထားခဲ့တဲ့စာတစောင်နဲ့ ပြင်သစ်သမ္မတ မက်ခရိုနဲ့ပတ်သက်တဲ့ မှတ်တမ်းတွေလည်း ပါ၀င်ပါတယ်။

တရားရုံးကတော့ မစ္စတာထရန့်ဟာ တရား၀င်ခွင့်ပြုချက်မရှိဘဲ လျှို့ဝှက်စာရွက်စာတမ်းတွေကို လက်၀ယ်ထားရှိမှု၊ စုံစမ်းစစ်ဆေးမှုတွေကို ဟန့်တားဖို့ကြိုးစားမှုနဲ့ မှားယွင်းတဲ့ထွက်ဆိုမှု တွေပြုလုပ်မှုတွေကြောင့် စွဲချက် ၃၇ ခုနဲ့ စွဲချက်တင်ခဲ့တာလို့ ဆိုပါတယ်။

သူ့အပေါ် စွဲချက် ၃၇ ခုထဲမှာ သူလျှိုဥပဒေအောက်က နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာအချက်အလက်တွေကို တမင်တကာ သိမ်းဆည်းထားတယ်ဆိုတဲ့ စွဲချက် ၃၁ ခုပါ၀င်နေပြီး အဲဒီစွဲချက်တွေသာ ပြစ်မှုထင်ရှား စီရင်ခဲ့မယ်ဆ်ိုရင် ဒေါ်နယ်ထရန့်ဟာ ထောင် ၁၀ နှစ်ထိ ချမှတ်ခံရနိုင်ပါတယ်။

ထိရှလွယ်တဲ့ အမျိုးသားလုံခြုံရေးသတင်းအချက်အလက်တွေကို လွဲမှားစွာကိုင်တွယ်ခြင်းဟာ အစိုးရအတွက် အလွန်အကဲဆတ်တဲ့ကိစ္စဖြစ်ပြီး စွဲချက်တွေဟာ ပြင်းထန်ကြောင်း ဗာဂျီးနီးယားရှိ ရစ်ခ်ျမွန်တက္ကသိုလ်က ဥပဒေပါမောက္ခ ကားလ်တိုဘစ်က သုံးသပ်ပြောဆိုပါတယ်။

များမကြာမီက အပြာမယ်ကို နှုတ်ပိတ်ခပေးမှုစွဲချက်တင်ရာ တရားရုံးမှအဖမ်းမခံခဲ့ရပေမယ့် ခုတကြိမ်မှာ ထရန့်တယောက် အဖမ်းခံရနိုင်ခြေရှိတယ်ဆိုတဲ့ ယူဆချက်တွေလည်း ထွက်ပေါ်နေပါတယ်။

ထရန့်ကတော့ လက်ရှိစွပ်စွဲချက်တွေအပေါ် ဒေါသတကြီးတုံ့ပြန်ခဲ့ပြီး ဒါဟာ သမ္မတရွေးကောက်ပွဲ၀င်မယ့် အချိန်မှာ နိုင်ငံရေးချေထိုးမှုသာဖြစ်တယ်လို့ ဒေါသတကြီးတုံ့ပြန်ထားပါတယ်။

ဒါပေမယ့် အမေရိကန်ရဲ့ဥပဒေတွေအရတော့ နိုင်ငံသားတယောက်ဟာ ရာဇ၀တ်မှုဆိုင်ရာ စွဲချက်တွေနဲ့ ရင်ဆိုင်နေရသည်ဖြစ်စေ ရွေးကောက်ပွဲမှာ၀င်ရောက်ယှဉ်ပြိုင်ခွင့်ကို တားဆီးခွင့်မရှိပါဘူး။

အမေရိကန်သမိုင်းမှာလည်း ရာဇ၀တ်မှုနဲ့ပြစ်ဒဏ်ကျခံခဲ့ရသူနှစ်ဦးဟာ သမ္မတရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။အရွေးခံခဲ့ပါတယ်။

၁၉၂၀ ခုနှစ်မှာ ဆိုရှယ်လစ်သမ္မတလောင်း ယူဂျင်းဒက်ဘ်ဟာ ၁၉၁၈ ခုနှစ်က စစ်ဆန့်ကျင်ရေး မိန့်ခွန်းနဲ့ဆက်စပ်ပြီး သူလျှိုဥပဒေနဲ့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပေမယ့် သမ္မတရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

လင်ဒန်လာရိုချီဆိုသူဟာလည်း ၁၉၈၈ ခုနှစ်မှာ လိမ်လည်မှုနဲ့ပြစ်ဒဏ်ချမှတ်ခံခဲ့ရပေမယ့် အကြိမ်ပေါင်းများစွာ သမ္မတရာထူးအတွက် သူ့ရဲ့ ၁၉၉၂ ခုနှစ်က သမ္မတရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မှုတခုမှာဆိုရင် သူဟာ မင်နီဆိုးတားဗဟိုအကျဉ်းထောင်မှာရှိနေချိန်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူတို့နှစ်ဦးစလုံးဟာ ရွေးကောက်ပွဲမှာ ရှုံးန်ိမ့်ခဲ့ကြပါတယ်။

ပြစ်ဒဏ်ချမှတ်ခံရသူတွေကို နိုင်ငံရေးမှာ ပါ၀င်ယှဉ်ပြိုင်မှုကနေ ပိတ်ပင်တားဆီးနိုင်မှာမဟုတ်ပေမယ့် လူတွေကတော့ အဲဒီလူတွေကို မဲပေးဖို့ နှစ်ကြိမ်ပြန်စဉ်းစားကြမှာဖြစ်ကြောင်း ရစ်ခ်ျမွန်တက္ကသိုလ်က ဥပဒေပါမောက္ခ ကားလ်တိုဘစ်ကတော့ သုံးသပ်ထားပြီး သမ္မတဟောင်းဒေါ်နယ်ထရန့်ရဲ့ ပြစ်ဒဏ်နဲ့ ရွေးကောက်ပွဲ အလားအလာကတော့ အမေရိကန်သမိုင်းမှာ အထင်ကရဖြစ်ရပ်အဖြစ် စိတ်၀င်တစား စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Ref: BBC
Photo: Getty Images
#VOM #voiceofmyanmar #ကမ္ဘာ့သတင်း

Related posts

Leave a Comment

VOM News

FREE
VIEW