ဘုန်းကြီးတပါးကို ကားနဲ့တိုက်ပြီး အလောင်းစွန့်ပစ်ခဲ့တဲ့ကားဟာ တခြားဘုန်းကြီးကျောင်းက ကားဖြစ်နေ

ဇွန် ၁၀ – ၂၀၂၃ SN (VOM) မန္တလေးမှာ ဘုန်းကြီးတပါးကို ကားနဲ့တိုက်ပြီး အလောင်းစွန့်ပစ်ခဲ့တဲ့ ယာ‌ဉ်မောင်းကို ဖမ်းဆီးရမိထားပြီး ရာဇသတ်ကြီးပုဒ်မ ၃၀၄ (က) နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ သိရပါတယ်။ ပြီးခဲ့တဲ့ ‌ဇွန် ၆ ရက်၊ မနက် ၅ နာရီလောက်မှာ မန္တလေး၊ ရွှေတောင်ကြားကျောင်းတိုက်က သက်တော် ၉၃ နှစ်၊ ဝါတော် ၂၁ ဝါရှိ ဆရာတော်ဦးဩဘာသနဲ့ ဒုလ္လဘဦးဇင်းတစ်ပါးတို့ အရုဏ်ဆွမ်းခံထွက်‌လာချိန် လူ ၄ ဦးပါ လိုက်ထရပ်ယာဉ်က ဆရာတော်ဦးဩဘာသကို တိုက်မိခဲ့တာဖြစ်ပြီး ဆေးခန်းပို့ဆောင်ပေးမယ်လို့ဆိုကာ ရုပ်အလောင်းစွန့်ပစ်မှု ဖြစ်ပွားခဲ့တာပါ။ ဝင်တိုက်မိတဲ့ ကားနံပါတ် MDY-8B/4277 ကို အတူပါ ဒုလ္လဘဦးဇင်းက ဓာတ်ပုံရိုက်ထားလိုက်နိုင်ပြီး အဲ့ဒီယာဉ်ကို မြင်ဖူးနေသူတွေက ဘုန်းကြီးရဲ့ မိသားစုဝင်တွေကို အသိပေးခဲ့တာကြောင့်…

Read More

လားရှိုးမှာ မိုးရွာသွန်းမှုကြောင့် အုတ်တံတိုင်းပြိုကျပြီး ကလေး ၃ ဦးနဲ့ အမျိုးသမီး ၁ ဦးသေဆုံး

ဇွန်၊ ၁၀-၂၀၂၃ MM[VOM] ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နယ်မှာ ဇွန်လ ၁၀ ရက် မနက်အစောပိုင်းက လေပြင်းတိုက်ခတ်ပြီးမိုးရွာ သွန်းမှုကြောင့် နေအိမ်အုတ်တံတိုင်းပြိုကျပြီး ကလေး ငယ် ၃ ယောက်နဲ့ အမျိုးသမီး ၁ ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ”ဒီနေ့ မနက် ၁ နာရီခွဲ ကျော်ကျော်အချိန်က ဖြစ်တာ၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ ဟက်ကာကျေးရွာမှာလေ တိုက်ပြီး မိုးရွာသွန်းမှုကြောင့် လူနေအိမ်ပေါ်ကို မြေထိန်း နံရံအုတ်တံတိုင်း ပြိုကျမှုဖြစ်ပွားတာ ၊အိမ်ထဲက ကလေး ၃ ယောက်နဲ့ အမျိုးသမီး ၁ ယောက် သေဆုံးသွားတာ၊ ကလေးတွေက အသက် ၉ နှစ် ကျော်ကျော်အရွယ်တွေ အမျိုးသမီးကတော့ ၃၀ ကျော်လောက်ရှိမယ် ။”လို့ လားရှိုးမြို့နယ်တာဝန်ရှိ ရပ်မိရပ်ဖတစ်ဦးကပြောပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ဒေသခံတစ်ဦးက” သူတို့ အိမ်ကလေးက…

Read More

အိန္ဒိယပြည်သူ သန်း(၁၀၀)ကျော် ဆီးချိုရောဂါ ဖြစ်ပွားနေကြောင်း အစီရင်ခံစာဖော်ပြ

ဒေလီ၊ ဇွန် ၁၀-၂၀၂၃ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံလူဦးရေရဲ့ ၁၁ ဒသမ ၄ ရာခိုင်နှုန်းဖြစ်တဲ့ လူပေါင်း ၁၀၁ သန်းဟာ ဆီးချိုရောဂါခံစားနေရကြောင်း Lancet ဆေးပညာဂျာနယ်မှ ဖော်ပြထားတဲ့ လေ့လာမှုစစ်တမ်းမှာ ဖော်ပြထားပါတယ်။ ဒါဟာ အိန္ဒိယနိုင်ငံမှ မကူးစက်နိုင်တဲ့ ရောဂါတွေနဲ့ပတ်သက်ပြီး ပထမဆုံးအကြိမ်အကဲဖြတ်တဲ့ လေ့လာမှုလည်းဖြစ်ပါတယ်။ အိန္ဒိယကျန်းမာရေး၀န်ကြီးဌာနရဲ့ အချက်အလက်တွေမှာလည်း လူပေါင်း ၁၃၆ သန်းသို့မဟုတ် လူဦးရေရဲ့ ၁၅ ဒသမ ၃ ရာခိုင်နှုန်းဟာ ဆီးချိုရောဂါအကြိုအဆင့်ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဆီးချိုရောဂါဟာ ပန်းကရိယကနေ အင်ဆူလင်မထုတ်နိုင်တော့တဲ့ အခြေအနေမျိုးဖြစ်ပြီး သွေးတွင်းသကြားဓါတ်ကို သောက်ဆေးနဲ့ မထိန်းချုပ်နိုင်တော့ရင် အင်ဆူလင်ထိုးတဲ့ ကုထုံးခံယူရလေ့ရှိပါတယ်။ အိန္ဒိယနိုင်ငံမှာ ဆီးချိုရောဂါဖြစ်ပွားမှုနှုန်းဟာ ယခင်ခန့်မှန်းထားတာထက် အဆပေါင်းများစွာမြင့်တက်နေတယ်လို့ သုတေသီတွေက အစီရင်ခံစာမှာ ရေးသားထားပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ လူ ၇၇ သန်းဟာ ဆီးချိုရောဂါခံစားနေရပြီး နောက်ထပ် ၂၅ သန်းနီးပါးကတော့…

Read More

အမေရိကန်ရဲ့ နျူကလီးယားနဲ့ စစ်ရေးလျှို့ဝှက်ချက်တွေ သိမ်းဆည်းထားမှု သမ္မတဟောင်း ဒေါ်နယ်ထရန့်ကို စွဲချက် ၃၇ ခုနဲ့ တရားစွဲ

၀ါရှင်တန်၊ ဇွန်-၁၀-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်ဟာ ရာထူးကနေထွက်ခွာပြီးနောက် အမေရိကန်ရဲ့ နျူကလီးယားလျှို့ဝှက်ချက်တွေနဲ့ စစ်ရေးအစီအစဉ်တွေအပါအ၀င် လျှို့ဝှက်စာရွက်စာတမ်းတွေကို ထိန်းသိမ်းထားမှုအတွက် ဇွန် ၉ ရက်မှာ တရားစွဲဆိုခံလိုက်ရပါတယ်။ ဒေါ်နယ်ထရန့်ဟာ အဲဒီလျှိူ့ဝှက်စာရွက်စာတမ်းတွေကို ဖလော်ရီဒါရှိ သူ့ရဲ့နေအိမ်မှည ခွင့်ပြုချက်မရှိဘဲ သိမ်းဆည်းထားခြင်းအပါအ၀င် စွဲချက် ၃၇ ခုနဲ့ တာ၀န်ရှိသူတွေက တရားစွဲဆိုလိုက်တာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေါ်နယ်ထရန့်ဟာ စုံစမ်းစစ်ဆေးသူတွေကို လိမ်ညာခဲ့ကြောင်းနဲ့ ဟန့်တားဖို့ ကြိုးပမ်းခဲ့ကြောင်း စွပ်စွဲခံထားရပြီး ၂၀၂၄ ခုနှစ်မှာ သမ္မတအဖြစ် ထပ်မံရွေးချယ်ခံမယ့် ဒေါ်နယ်ထရန့်ကတော့ အပြစ်မရှိကြောင်း ငြင်းဆိုထားပါတယ်။ အဲဒီတရားစွဲဆိုမှုမှာ အမေရိကန်သမ္မတဟောင်းတဦးအပေါ် ပထဆုံးပြည်ထောင်စုအဆင့် တရားစွဲဆိုမှုလည်းဖြစ်ပြီး စာမျက်နှာ ၄၉ မျက်နှာရှိတဲ့စွဲချက်တွေမှာတော့ ဒေါ်နယ်ထရန့်က လျှို့ဝှက်စာရွက်စာတမ်းတွေကို သိမ်းဆည်းထားတဲ့ အသေးစိတ်အကြောင်းတွေ ဖော်ပြထားပါတယ်။ သူဟာ သမ္မတရာထူးမှထွက်ခွာချိန်မှာ လျှို့ဝှက်စာရွက်စာတမ်း ၃၀၀ ခန့်ကိုယူဆောင်သွားခဲ့ကြောင်း အစိုးရရှေ့နေတွေကပြောပါတယ်။ ယင်းကိစ္စနဲ့ပတ်သက်ပြီး ပထမဆုံးရုံးချိန်းကို…

Read More

ဆားလင်းကြီးမြို့နယ်က ညောင်ပင်ကြီး ရဲစခန်း တိုက်ခိုက်ခံရ ရဲ ၃ ဦး သေဆုံး

ဇွန် ၊ ၁၀ -၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ် ၊ ညောင်ပင်ကြီးကျေးရွာမှာရှိတဲ့ ညောင်ပင်ကြီးနယ်မြေရဲစခန်းဟာ မနေ့ ဇွန် ၉ ရက် ညနေ ၆ နာရီဝန်းကျင်ခန့်က ပစ်ခိုက် တိုက်ခိုက်ခံရပြီး ၊ ရဲတပ်ဖွဲ့ဝင်တချို့ သေဆုံးဒဏ်ရာခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” ညနေ ၅ နာရီ ၄၅ မိနစ်ဝန်းကျင်လောက်မှာ တိုက်ပွဲ စဖြစ်တယ် ၊ ရဲစခန်းဝန်းကျင်မှာ ပစ်ခိုက်တိုက်တယ် ၊ ရဲစခန်းနားက လူနေအိမ်တွေ မီးလောင်ကုန်တယ် ၊ ၂ ဘက် လူအသေအပျောက်တွေရှိတယ်”လို့ ညောင်ပင်ကြီး ဒေသခံတယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်လို့ ညောင်ပင်ကြီး ရွာရှည်ရွာခံ တယောက် က ” ညောင်ပင်ကြီး ရဲစခန်းကို တိုက်ခိုက်ခံရတာဖြစ်တယ်…

Read More

ကိုဗစ်ကာလအတွင်း ပါတီပွဲကျင်းပခဲ့တဲ့ ဗြိတိန်၀န်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင် ပါလီမန်အမတ်အဖြစ်ကပါ နှုတ်ထွက်သွား

လန်ဒန်၊ ဇွန်-၁၀-၂၀၂၃ မျိုးဆက်(VOM) ဗြိတိန်၀န်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်ဟာ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ၀န်ကြီးချုပ်ရုံးမှာ ပါတီကျင်းပခဲ့တဲ့ အပေါ် ပါလီမန်ကော်မတီရဲ့ ဖိအားပေးမှုကြောင့် ပါလီမန်အမတ်အဖြစ်ကနေ ဇွန် ၉ ရက်မှာ နှုတ်ထွက်သွားပါတယ်။ ကပ်ရောဂါကာလအတွင်း လော့ခ်ဒေါင်းကာလမှာ ဒေါင်းနင်းလမ်းရှိ ၀န်ကြီးချုပ်ရုံးပါတီပွဲကျင်းပခဲ့တဲ့ အပေါ် စုံစမ်းစစ်ဆေးနေတဲ့ ပါလီမန်ကော်မတီရဲ့ အစီရင်ခံစာဟာ ဖြစ်ရပ်မှန်တွေ ဘယ်လိုပဲရှိနေပါစေ အပြစ်ရှာဖို့ ရည်ရွယ်ချက်ရှိကြောင်း ဘောရစ်ဂျွန်ဆင်ကပြောပါတယ်။ ပါလီမန်ကော်မတီကကတော့ သူ့ရဲ့လုပ်ထုံးလုပ်နည်းနဲ့ လုပ်ပိုင်ခွင့်တွေအတိုင်းသာ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ ကွန်ဆာဗေးတစ်အများစုပါ၀င်တဲ့ ပါလီမန်ကော်မတီဟာ ဇွန် ၁၂ ရက်မှာ စုံစမ်းစစ်ဆေးမှုကို အပြီးသတ်ပြီး အစီရင်ခံစာထုတ်ပြန်သွားမှာဖြစ်ပါတယ်။ သိရှိထားတဲ့ ပါလီမန်ကော်မတီရဲ့ အစီရင်ခံစာမူကြမ်းဟာ မှားယွင်းမှုတွေ၊ မလိုမုန်းထားမှုတွေ လွှမ်းမိုးနေပြီး သူ့ကိုအမတ်အဖြစ်ကနေ နှုတ်ထွက်စေလိုကြောင်း ရှင်းလင်းနေတယ်လို့ ဘောရစ်ဂျွန်ဆင်ကပြောပါတယ်။ ၂၀၂၀ ခုနှစ်က ဒေါင်းနင်းလမ်း ၀န်ကြီးချုပ်ရုံးမှာ ပြုလုပ်ခဲ့သောပါတီပွဲမှာ တဦးနဲ့တဦး ခပ်ခွာခွာနေတဲ့အခြေအနေဟာ…

Read More

အစိုးရလျှို့ဝှက်ချက်တွေ သိမ်းထားမိတဲ့ ဒေါ်နယ်ထရန့်ရဲ့ ထောင်ကျနိုင်ခြေနဲ့ ရွေးကောက်ပွဲယှဉ်ပြိုင်ခွင့် အလားအလာ

မျိုးဆက်(VOM) ၁၀-၆-၂၀၂၃ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်တယောက်ကတော့ လအနည်းငယ်အတွင်း ဒုတိယအကြိမ်မြောက်အဖြစ် ရာဇ၀တ်မှုနဲ့ စွဲချက်တင်ခံရပြန်ပြီဖြစ်ပါတယ်။ အခုတစ်ကြိမ်မှာတော့ စွဲချက် ၃၇ ခုနဲ့ ရင်ဆိုင်နေရပြီး ဒါဟာ အမေရိကန်သမိုင်းမှာတော့ သမ္မတဟောင်းတယောက်ကို အစိုးရက ပထမဆုံးအကြိမ် တရားစွဲမှုလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့လအနည်းငယ်က အပြာမယ်တဦးနဲ့ကို တိတ်တဆိတ်ငွေပေးခဲ့တဲ့ကိစ္စအပေါ် စွဲချက်တွေနဲ့ရင်ဆိုင်ခဲ့တဲ့ ထရန့်ဟာ ခုတကြိမ်မှာတော့ အစိုးရရဲ့လျှို့ဝှက်ချက် စာရွက်စာတမ်းတွေကို ရာထူးကနေထွက်ခွာပြီးနောက် သူ့နေအိမ်မှာ သိမ်းထားမိတာဖြစ်ပါတယ်။ အက်ဖ်ဘီအိုင်က ရှာဖွေတွေ့ရှိခဲ့တဲ့ စာရွက်စာတမ်းတွေထဲမှာ အမေရိကန်ရဲ့ နျူကလီးယားအစီအစဉ်တွေ၊ အမေရိကန်နဲ့ ပြည်ပနိုင်ငံတွေရဲ့ကာကွယ်ရေးနဲ့ လက်နက်စွမ်းရည်၊ အမေရိကန်နဲ့မဟာမိတ်တွေအပေါ် အလားအလာရှိတဲ့ တိုက်ခိုက်မှုတွေနဲ့ တုံ့ပြန်ရေးအစီအစဉ်တွေဖြစ်ပြီး အစိုးရအတွက်တော့ အလွန်အကဲဆတ်တဲ့ ကိစ္စဖြစ်ပါတယ်။ အမေရိကန်ဥပဒေအရ သမ္မတဟောင်းတွေအပါအ၀င် အစိုးရတာ၀န်ရှိသူတွေဟာ ခွင့်ပြုချက်မဲ့နေရာမှာ လျှို့ဝှက်စာရွက်စာတမ်းတွေကို ဖယ်ရှားခြင်း သို့မဟုတ် သိမ်းဆည်းထားခြင်းဟာ တရားမ၀င်တာကြောင့် သမ္မတထရန့်ဟာ ၂၀၂၁ ခုနှစ်ဇန်နဝါရီလအတွင်း ရာထူးကနေထွက်ခွာချိန်မှာ အစိုးရက ပိုင်ဆိုင်တယ်လို့ယူဆရတဲ့…

Read More
VOM News

FREE
VIEW