ဒေလီ၊ ဇွန် ၁၀-၂၀၂၃
မျိုးဆက်(VOM)
အိန္ဒိယနိုင်ငံလူဦးရေရဲ့ ၁၁ ဒသမ ၄ ရာခိုင်နှုန်းဖြစ်တဲ့ လူပေါင်း ၁၀၁ သန်းဟာ ဆီးချိုရောဂါခံစားနေရကြောင်း Lancet ဆေးပညာဂျာနယ်မှ ဖော်ပြထားတဲ့ လေ့လာမှုစစ်တမ်းမှာ ဖော်ပြထားပါတယ်။
ဒါဟာ အိန္ဒိယနိုင်ငံမှ မကူးစက်နိုင်တဲ့ ရောဂါတွေနဲ့ပတ်သက်ပြီး ပထမဆုံးအကြိမ်အကဲဖြတ်တဲ့ လေ့လာမှုလည်းဖြစ်ပါတယ်။
အိန္ဒိယကျန်းမာရေး၀န်ကြီးဌာနရဲ့ အချက်အလက်တွေမှာလည်း လူပေါင်း ၁၃၆ သန်းသို့မဟုတ် လူဦးရေရဲ့ ၁၅ ဒသမ ၃ ရာခိုင်နှုန်းဟာ ဆီးချိုရောဂါအကြိုအဆင့်ဖြစ်နေတယ်လို့ ဆိုပါတယ်။
ဆီးချိုရောဂါဟာ ပန်းကရိယကနေ အင်ဆူလင်မထုတ်နိုင်တော့တဲ့ အခြေအနေမျိုးဖြစ်ပြီး သွေးတွင်းသကြားဓါတ်ကို သောက်ဆေးနဲ့ မထိန်းချုပ်နိုင်တော့ရင် အင်ဆူလင်ထိုးတဲ့ ကုထုံးခံယူရလေ့ရှိပါတယ်။
အိန္ဒိယနိုင်ငံမှာ ဆီးချိုရောဂါဖြစ်ပွားမှုနှုန်းဟာ ယခင်ခန့်မှန်းထားတာထက် အဆပေါင်းများစွာမြင့်တက်နေတယ်လို့ သုတေသီတွေက အစီရင်ခံစာမှာ ရေးသားထားပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ လူ ၇၇ သန်းဟာ ဆီးချိုရောဂါခံစားနေရပြီး နောက်ထပ် ၂၅ သန်းနီးပါးကတော့ မဝေးတော့တဲ့အချိန်မှာ ဆီးချိုဖြစ်နိုင်ခြေရှိတယ်လို့ ဆိုပါတယ်။
ကမ္ဘာပေါ်မှာ အရွယ်ရောက်ပြီးသူ ၁၁ ဦးမှာတဦးနှုန်း ဆီးချိုရောဂါခံစားနေရပြီး ဆီးချိုရောဂါကြောင့် နှလုံးထိခိုက်ခြင်း၊ လေဖြတ်ခြင်း၊ မျက်စိကွယ်ခြင်းနဲ့ ခြေလက်ဖြတ်ရခြင်းစတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ကြုံတွေ့ရလေ့ရှိပြီး အမျိုးအစား (၁) ဆီးချိုနဲ့အမျိုးအစား(၂) ဆီးချိုဆိုပြီး ခွဲခြားထားပါတယ်။
Ref: BBC
Photo:Getty Images
#VOM #voiceofmyanmar #ဒေလီ