ကိုဗစ်ကာလအတွင်း ပါတီပွဲကျင်းပခဲ့တဲ့ ဗြိတိန်၀န်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင် ပါလီမန်အမတ်အဖြစ်ကပါ နှုတ်ထွက်သွား

လန်ဒန်၊ ဇွန်-၁၀-၂၀၂၃
မျိုးဆက်(VOM)

ဗြိတိန်၀န်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်ဟာ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ၀န်ကြီးချုပ်ရုံးမှာ ပါတီကျင်းပခဲ့တဲ့ အပေါ် ပါလီမန်ကော်မတီရဲ့ ဖိအားပေးမှုကြောင့် ပါလီမန်အမတ်အဖြစ်ကနေ ဇွန် ၉ ရက်မှာ နှုတ်ထွက်သွားပါတယ်။

ကပ်ရောဂါကာလအတွင်း လော့ခ်ဒေါင်းကာလမှာ ဒေါင်းနင်းလမ်းရှိ ၀န်ကြီးချုပ်ရုံးပါတီပွဲကျင်းပခဲ့တဲ့ အပေါ် စုံစမ်းစစ်ဆေးနေတဲ့ ပါလီမန်ကော်မတီရဲ့ အစီရင်ခံစာဟာ ဖြစ်ရပ်မှန်တွေ ဘယ်လိုပဲရှိနေပါစေ အပြစ်ရှာဖို့ ရည်ရွယ်ချက်ရှိကြောင်း ဘောရစ်ဂျွန်ဆင်ကပြောပါတယ်။

ပါလီမန်ကော်မတီကကတော့ သူ့ရဲ့လုပ်ထုံးလုပ်နည်းနဲ့ လုပ်ပိုင်ခွင့်တွေအတိုင်းသာ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

ကွန်ဆာဗေးတစ်အများစုပါ၀င်တဲ့ ပါလီမန်ကော်မတီဟာ ဇွန် ၁၂ ရက်မှာ စုံစမ်းစစ်ဆေးမှုကို အပြီးသတ်ပြီး အစီရင်ခံစာထုတ်ပြန်သွားမှာဖြစ်ပါတယ်။

သိရှိထားတဲ့ ပါလီမန်ကော်မတီရဲ့ အစီရင်ခံစာမူကြမ်းဟာ မှားယွင်းမှုတွေ၊ မလိုမုန်းထားမှုတွေ လွှမ်းမိုးနေပြီး သူ့ကိုအမတ်အဖြစ်ကနေ နှုတ်ထွက်စေလိုကြောင်း ရှင်းလင်းနေတယ်လို့ ဘောရစ်ဂျွန်ဆင်ကပြောပါတယ်။

၂၀၂၀ ခုနှစ်က ဒေါင်းနင်းလမ်း ၀န်ကြီးချုပ်ရုံးမှာ ပြုလုပ်ခဲ့သောပါတီပွဲမှာ တဦးနဲ့တဦး ခပ်ခွာခွာနေတဲ့အခြေအနေဟာ ပြီးပြည့်စုံမှုမရှိခဲ့ပေမယ့်လည်း ကိုဗစ်ဆိုင်ရာ လမ်းညွှန်ချက်တွေကို နည်းလည်ထားတဲ့ အတိုင်း လိုက်နာခဲ့ကြောင်း ၀န်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်က ပြောဆိုထားပါတယ်။

Ref: BBC
#VOM #voiceofmyanmar #လန်ဒန်

Related posts

Leave a Comment

VOM News

FREE
VIEW