အခေါက်ရွှေတစ်ကျပ်သား ၃၀၄၀၀၀၀ ကျပ်နဲ့ ထပ်မံဈေးလျှော့ရောင်းချ

ဇွန် ၂၀ – ၂၀၂၃ SN (VOM) ပြည်တွင်းရွှေဈေးနှုန်း တည်ငြိမ်စေရေးအတွက် မန္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း အနေနဲ့ အခေါက်ရွှေတစ်ကျပ်သား ၃၀၄၀၀၀၀ ကျပ်နဲ့ ထပ်မံဈေးလျှော့ ရောင်းချပေးနေတယ်လို့ သိရပါတယ်။ အိမ်ထောင်စုဇယား၊ မှတ်ပုံတင်မူရင်း၊ မိတ္တူနဲ့ ဖောင်ဖြည့်ပြီး လူတစ်ယောက်ကို ရွှေတစ်ကျပ်သားနှုန်းနဲ့ ရွှေတုံး ၇၃၀ လောက် ထုတ်ရောင်းပေးနေတာလို့ သိရပါတယ်။ “ရွှေဈေးကျရင်ကျသလို နောက်ရက်တွေမှာလည်း လျှော့ဈေးနဲ့ ဆက်လက် ရောင်းချပေးသွားမှာပါ။ အခုက ရွှေဈေးကျနေတဲ့အတွက် မနေ့ကထက် တစ်သောင်းလျှော့ပြီး ရောင်းချပေးနေပါတယ်” လို့ မန္တလေးမှ ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ အခုလို ရွှေရောင်းချပေးတာကို မနေ့ ဇွန် ၁၉ ရက်မှစတင်ကာ ပြုလုပ်ပေးနေခြင်းဖြစ်ပြီး မနေ့ကတော့ တစ်ဦးကို တစ်ကျပ်သားနှုန်းနဲ့ ၅၁ ဦးရောင်းချပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ရွှေရောင်းချပေးတာကို မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၆၇ လမ်း၊…

Read More

တိုက်တန်းနစ်သင်္ဘောအပျက်အစီးတွေကို သွားရောက်လေ့လာသူ(၅)ဦးလိုက်ပါသွားတဲ့ ရေငုပ်သင်္ဘော ပျောက်ဆုံးနေ

၀ါရှင်တန်၊ ဇွန်-၂၀-၂၀၂၃ မျိုးဆက်(VOM) တိုက်တန်းနစ်သင်္ဘောရဲ့အပျက်အစီးတွေကို သွားရောက်ကြည့်ရှုကြရင်း ပျောက်ဆုံးနေသွားရေငုပ်သင်္ဘောငယ်ကို အမေရိကန်နဲ့ ကနေဒါကယ်ဆယ်ရေးသမားတွေက အပူတပြင်းရှာဖွေမှုတွေ ပြုလုပ်နေကြပါတယ်။ အဲဒီရေငုပ်သင်္ဘောဟာ ဇွန် ၁၈ ရက်က ရေအောက်သို့ခုတ်မောင်းပြီး ၄၅ မိနစ်အကြာမှာ အဆက်အသွယ်ပြတ်တောက်သွားခဲ့ခြင်းဖြစ်ပြီး သင်္ဘောပေါ်မှာ လူငါးဦးလိုက်သွားကြောင်း သိရပါတယ်။ အတ္တလန္တိတ်အလယ်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ညလုံးပေါက် ဆက်လက်လုပ်ဆောင်ခဲ့ကြပေမယ့်လည်း ပျောက်ဆုံးသွားတဲ့ ရေငုပ်သင်္ဘောရဲ့ အရိပ်အယောင်မတွေ့ရပါဘူး။ အစိုးရအေဂျင်စီတွေ နှစ်နိုင်ငံရေတပ်တွေနဲ့ ပုဂ္ဂလိကရေနက်ရှာဖွေရေးကုမ္ပဏီတွေက ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကူညီဆောင်ရွက်ပေးလျှက်ရှိပါတယ်။ ရေငုပ်သင်္ဘောပေါ်မှာ လိုက်ပါသွားသူတွေအတွက် ဇွန် ၁၉ ရက်မွန်းလွဲကစပြီး အောက်ဆီဂျင်လေးရက်စာ ကျန်ရှိတော့တယ်လို့ ယူဆရပြီးသင်္ဘောပေါ်မှာ ဗြိတိန်ဘီလျှံနာစီးပွားရေးလုပ်ငန်းရှင်နဲ့ စူးစမ်းရှာဖွေသူ ဟာမစ်ရ်ှဟာ့ဒင်းလည်းပါ၀င်ကြောင်းသိရပါတယ်။ တိုက်တန်းနစ်သင်္ဘောရဲ့အပျက်အစီးတွေဟာ နယူးဖောင်လန်၊ စိန့်ဂျွန်မြို့တောင်ဘက် ၄၃၅ မိုင်အကွာမှာတည်ရှိပေမယ့် ပျောက်ဆုံးရေငုပ်သင်္ဘောရှာဖွေရေးကို မက်ဆာချူးဆက်ပြည်နယ် ဘော်စတွန်ကစပြီး လမ်းကြောင်းအတိုင်းရှာဖွေမှုတွေပြုလုပ်လျှက်ရှိပါတယ်။ ရေငုပ်သင်္ဘောကို အတွင်းအပြင်ကို သော့တံတွေနဲ့အလုံပိတ်ထားတာကြောင့် လိုက်ပါသွားသူတွေဟာ သူတို့ကိုယ်တိုင်လွတ်မြောက်ဖို့ မဖြစ်နိုင်ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။…

Read More

နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်စေဖို့ အမေရိကန်နဲ့ တရုတ်ကတိပြု

ပေကျင်း၊ ဇွန်-၂၀-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဘလင်ကင် ပေကျင်းကိုနှစ်ရက်ကြာလာရောက်ပြီးနောက် နှစ်နိုင်ငံအကြား တင်းမာနေတဲ့ဆက်ဆံရေးကို တည်ငြိမ်စေဖို့ ကတိပြုလိုက်ကြပါတယ်။ ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံအကြား အဆင့်မြင့်တွေ့ဆုံဆွေးနွေးမှုတွေ ပြန်လည်စတင်နေပြီး မစ္စတာဘလင်ကင်ဟာ တရုတ်သမ္မတရှီကျင်းပင်နဲ့ ဇွန် ၁၉ ရက်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ နှစ်ဘက်စလုံးက နောက်ထပ်ဆွေးနွေးပွဲတွေ ပြုလုပ်သွားမှာဖြစ်ကြောင်း မစ္စတာဘလင်ကင်က ပြောဆိုထားပြီး လက်ရှိတွေ့ဆုံမှုဟာ တိုးတက်မှုရှိခဲ့ကြောင်း တရုတ်သမ္မတရှီကျင်းပင်ကဆိုပါတယ်။ ဒါပေမယ့်လည်း နှစ်ဘက်အကြား ကြီးကြီးမားမား ကွဲပြားမှုတွေ ရှိနေသေးကြောင်း တရုတ်သမ္မတရှီကျင်းပင်နဲ့ ၃၅ မိနစ်ကြာတွေ့ဆုံပြီးနောက် အမေရိကန်နိုင်ငံခြားရေး၀န်ကြီးက ပြောပါတယ်။ ထိပ်တန်းအဆင့် တွေ့ဆုံပြောဆိုမှုတွေဟာ မတူကွဲပြားမှုတွေကို စီမံခန့်ခွဲနိုင်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပြီး ပဋိပက္ခတွေကို ရှောင်ရှားနိုင်မယ်လို့ သူကဆိုပါတယ်။ သမ္မတဟောင်း ဒေါ်နယ်ထရန့်လက်ထက်မှာ တရုတ်နိုင်ငံအပေါ် ကုန်သွယ်ရေးစစ်ပွဲ၊ ထိုင်၀မ်အရေးနဲ့ အမေရိကန်အပေါ် တရုတ်သူလျှိုဘောလုံးတွေပျံသန်းမှုတွေကြောင့် နှစ်နိုင်ငံဆက်ဆံရေး ပျက်ယွင်းနေပါတယ်။ Ref: BBC Photo:Getty Images #VOM #voiceofmyanmar #ပေကျင်း

Read More

ဧရာဝတီတိုင်းမှာ ပန်းသပိတ်နဲ့ပတ်သက်ပြီး ဒေသခံ ၇၀ ကျော် ဖမ်းဆီးခံရ

ဇွန်၊၂၀-၂၀၂၃ MM(VOM) ဧရာဝတီတိုင်းမှာ မနေ့ ဇွန် ၁၉ ရက်က ဘုရားပန်း ကပ်လှူတာ၊ ပန်းသပိတ်ပြုလုပ်တာနဲ့ ပန်းသပိတ်နဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို လူမှုကွန်ယက်မှာ မျှဝေတဲ့ ဒေသခံ အယောက် ၇၀ ကျော်ကို ဖမ်းဆီးလိုက်တယ်လို့ အဖမ်းခံရသူတွေကို ကူညီပေးနေတဲ့သူတွေဆီကနေ သိရပါတယ်။ ”မနေ့က အဖမ်းခံရတာ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတွေ ၊ ပန်းပန်ထားပြီး ဓာတ်ပုံရိုက်တင်ထားတဲ့သူတွေကို ဖုန်းကို စစ်ပြီးဖမ်းတာ ၊ကိုယ့်အိမ်မှာ မနေ့က ဘုရားပန်း ကပ်တဲ့သူတွေလည်း အဖမ်းခံရတယ်၊ အားလုံး အယောက် ၇၀ ကျော်မယ် ၊ နာမည်နဲ့ နေရပ် လိပ်စာတွေကတော့ ပြောဖို့ခက်တယ် ၊ အခု ၂၀ ရက် မနက်အထိတော့ ဖမ်းသွားသူတွေကို ဘယ်လိုလုပ်မယ်ဆိုတာ မသိရသေးပါဘူး၊ မော်လမြိုင်ကျွန်းဘက်က အဖမ်းခံရတာများတယ်။”လို့ တရားလွှတ်တော်ရှေ့နေတစ်ဦးကပြောပါတယ်။ အဖမ်းခံရတဲ့ ဒေသခံ တစ်ဦးရဲ့မိသားစုဝင်က” အရပ်ဝတ်နဲ့…

Read More

ဇေကမ္ဘာဝင်း ခရေရိပ်သာတွင် လေဆိပ် အထွေထွေမန်နေဂျာတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရ

ဇွန် ၂၀ ၊၂၀၂၃ KK(VOM) မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝင်း၊ ခရေရိပ်သာလမ်းသွယ်မှာ မနေ့ည ခြောက်နာရီကျော်က လေဆိပ် အထွေထွေ မန်နေဂျာတစ်ဦး အလုပ်ကနေ နေအိမ်ကိုပြန်လာတဲ့အချိန် သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်လုပ်ငန်းကုမ္မဏီ(YACL) က အထွေထွေ မန်နေဂျာ ဦးရဲနိုင်ဟာ အလုပ်ကနေ၊ အိမ်ကိုကားနဲ့ ပြန်လာတဲ့အချိန် ဆိုင်ကယ်နဲ့ လာရောက်ပစ်ခတ်လုပ်ကြံခံရတာဖြစ်တယ်လို့ ဇေကမ္ဘာဝင်းအတွင်း နေထိုင်သူတစ်ဦးက VOM ကိုပြောပါတယ်။ “လေဆိပ်ကနေ အိမ်ကိုကားနဲ့ပြန်လာတဲ့အချိန် ပစ်သွားတာ ချက်ချင်းမသေဘူး ဆေးရုံပို့ဖို့လုပ်သေးတယ်။ လူနာတင်ကားပေါ်မှာပဲ ဆုံးသွားတာ “လို့ မျက်မြင်တဦး ပြောပါတယ်။ ဦးရဲနိုင်ဟာ စစ်တပ်က အငြိမ်းစားယူထားသူတစ်ဦးဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတစ်ဦးက VO M ကိုပြောပါတယ်။ “အပစ်ခံရတဲ့ သူက ဗိုလ်မှုးဟောင်းလို့လည်း ပြောတယ်။ လေတပ်အရာရှိချုပ်လို့လည်း ပြောတယ်။ တပ်က ထွက်ထားတာတော့သိတယ်။ ရာထူးကိုမသိဘူး။ လက်ရှိ လေဆိပ်မှာ…

Read More
VOM News

FREE
VIEW