နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်စေဖို့ အမေရိကန်နဲ့ တရုတ်ကတိပြု

ပေကျင်း၊ ဇွန်-၂၀-၂၀၂၃
မျိုးဆက်(VOM)

အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဘလင်ကင် ပေကျင်းကိုနှစ်ရက်ကြာလာရောက်ပြီးနောက် နှစ်နိုင်ငံအကြား တင်းမာနေတဲ့ဆက်ဆံရေးကို တည်ငြိမ်စေဖို့ ကတိပြုလိုက်ကြပါတယ်။

ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံအကြား အဆင့်မြင့်တွေ့ဆုံဆွေးနွေးမှုတွေ ပြန်လည်စတင်နေပြီး မစ္စတာဘလင်ကင်ဟာ တရုတ်သမ္မတရှီကျင်းပင်နဲ့ ဇွန် ၁၉ ရက်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

နှစ်ဘက်စလုံးက နောက်ထပ်ဆွေးနွေးပွဲတွေ ပြုလုပ်သွားမှာဖြစ်ကြောင်း မစ္စတာဘလင်ကင်က ပြောဆိုထားပြီး လက်ရှိတွေ့ဆုံမှုဟာ တိုးတက်မှုရှိခဲ့ကြောင်း တရုတ်သမ္မတရှီကျင်းပင်ကဆိုပါတယ်။

ဒါပေမယ့်လည်း နှစ်ဘက်အကြား ကြီးကြီးမားမား ကွဲပြားမှုတွေ ရှိနေသေးကြောင်း တရုတ်သမ္မတရှီကျင်းပင်နဲ့ ၃၅ မိနစ်ကြာတွေ့ဆုံပြီးနောက် အမေရိကန်နိုင်ငံခြားရေး၀န်ကြီးက ပြောပါတယ်။

ထိပ်တန်းအဆင့် တွေ့ဆုံပြောဆိုမှုတွေဟာ မတူကွဲပြားမှုတွေကို စီမံခန့်ခွဲနိုင်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပြီး ပဋိပက္ခတွေကို ရှောင်ရှားနိုင်မယ်လို့ သူကဆိုပါတယ်။

သမ္မတဟောင်း ဒေါ်နယ်ထရန့်လက်ထက်မှာ တရုတ်နိုင်ငံအပေါ် ကုန်သွယ်ရေးစစ်ပွဲ၊ ထိုင်၀မ်အရေးနဲ့ အမေရိကန်အပေါ် တရုတ်သူလျှိုဘောလုံးတွေပျံသန်းမှုတွေကြောင့် နှစ်နိုင်ငံဆက်ဆံရေး ပျက်ယွင်းနေပါတယ်။

Ref: BBC
Photo:Getty Images
#VOM #voiceofmyanmar #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW