ဇွန် ၂၃ – ၂၀၂၃ SN (VOM) စတီရီယိုခေတ်ဦးကာလနဲ့ မြန်မာ့ရုပ်မြင်သံကြား ပေါ်ထွန်းစ ခေတ်တွေမှာ လူကြိုက်များထင်ရှားခဲ့တဲ့ နိုင်ငံကျော်အဆိုတော် စိမ်းမို့မို့ဟာ ဒီနေ့ ဇွန် ၂၃ ရက် နေ့လယ်ပိုင်းက ကွယ်လွန်သွားပြီ ဖြစ်တယ်လို့ အဆိုတော်အသိုင်းအဝိုင်းကနေ သိရပါတယ်။ အဆိုတော်စိမ်းမို့မို့ ကွယ်လွန်ခဲ့တာနဲ့ ပတ်သက်ပြီး အဆိုတော် ယုဇနက “ချစ်ခင်လေးစားရပါသော အန်တီမို့ (စိမ်းမို့မို့) ဆုံးပါးသွားတဲ့အတွက် များစွာ စိတ်မကောင်းဖြစ်ရပါတယ်။ သီချင်းတွေအတူဆိုခဲ့ကြဖူးတယ်။ ဆုံးမစကားတွေလည်း နားထောင်ခဲ့ဖူးတယ်။ အန်တီမို့ သီချင်းဆိုလိုက်တိုင်း အသံအားကောင်းကောင်းနဲ့ နားထောင်ကောင်းလွန်းလို့ညအားကျခဲ့ရပါတယ်။ အမြဲအပြုံးချိုချိုလေးနဲ့ စိတ်သဘောလှတဲ့ အန်တီမို့ အေးချမ်းတဲ့ဘုံဘဝသိုရောက်ရှိပါစေ”လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။ ဒါ့အပြင် အတိုတော် တင်ဇာမော်ကလည်း “ချစ်ရတဲ့ မမို့(စိမ်းမို့မို့) သံသရာတစ်ကွေ့မှာ ခဏလေးဆုံတွေ့ခဲ့ကြရတယ်။ ချစ်ချစ်ခင်ခင်ရှိခဲ့ကြတဲ့ အချိန်တွေအပေါ် အမြဲတန်ဖိုးထားပါတယ်။ မမြဲတဲ့ နှိပ်စက်တတ်တဲ့ ခန္ဓာရခြင်းမှ လွတ်မြောက်ရာသို့…
Read MoreMonth: June 2023
စပိန်ကမ်းလွန်မှာ ဒုက္ခသည်စက်လှေနစ်မြုပ်မှု လူ ၃၀ ကျော်သေဆုံး၊ ၂၀၀ ကျော်ကယ်တင်နိုင်ခဲ့
မက်ဒရစ်၊ ဇွန် ၂၃-၂၀၂၃ မျိုးဆက်(VOM) စပိန်နိုင်ငံ အတ္တလန္တိတ်သမုဒ္ဒရာအတွင်းရှိ ကနေရီကျွန်းစုမှာ ရွှေ့ပြောင်းဒုက္ခသည်များလိုက်ပါလာတဲ့ စက်လှေနစ်မြုပ်မှုကြောင့် လူ ၃၀ ကျော်သေဆုံးသွားပြီး ၂၂၇ ယောက်ကို ကယ်တင်နိုင်ခဲ့ကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ လက်ရှိအချိန်ထိ လူ ၃၉ ယောက်သေဆုံးပြီး ၃၅ ဦးပျောက်ဆုံးနေဆဲဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ စက်လှေဟာ ဂရန်းကနေရီယာရဲ့ တောင်ဘက် မိုင် ၁၀၀ အကွာရေပြင်မှာ နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း တာ၀န်ရှိသူတွေကပြောသည်။ ဒါဟာ ကြေကွဲဖွယ်ရာ အဖြစ်ဆိုးကြီးဖြစ်ကြောင်း ကနေရီကျွန်းစုဒေသခေါင်းဆောင် အိန်ဂျယ်ဗစ်တာတောရက်စ်က ပြောဆိုထားပြီး ရွှေ့ပြောင်းအခြေချမှုဆိုင်ရာ မူဝါဒတွေကို ချမှတ်ဖို့ ဥရောပသမဂ္ဂကို တောင်းဆိုလိုက်ပါတယ်။ လွန်ခဲ့တဲ့ သီတင်းပတ်အတွင်းကလည်း ဂရိနိုင်ငံကမ်းလွန်မှာ စစ်လှေတ်စင်းနှစ်မြုပ်မှုကြောင့် ဒုက္ခသည် ၇၈ ယောင် သေဆုံးမှုဖြစ်ပွားပြီးနောက် ရက်အနည်းငယ်အကြာမှာ ဒီဖြစ်စဉ် ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒုက္ခသည်အရေး ဥရောပရဲ့ တုံ့ပြန်မှုအပေါ် မေးခွန်းတွေလည်း ထွက်ပေါ်နေပါတယ်။…
Read Moreရခိုင်မှာ ကူညီထောက်ပံ့မှုတွေပြုလုပ်ခွင့်ပိတ်ထားတာကြောင့် ကူညီရေးလုပ်ငန်းတွေ ထိခိုက်နေတယ်လို့ UNOCHA က ထုတ်ပြန်
ဇွန် ၂၃ – ၂၀၂၃ GG (VOM) ရခိုင်ပြည်နယ်ထဲကို လူသားချင်းစာနာမှုဆိုင်ရာ ဝင်ရောက်ကူညီခွင့်တွေကို တာဝန်ရှိသူတွေက လက်ရှိအချိန်အထိ ရပ်ထားဆဲဖြစ်တယ်လို့ UNOCHA Myanmar က မနေ့ ဇွန်လ ၂၂ ရက်နေ့ မှာ ထပ်မံအသိပေးထုတ်ပြန်လိုက်ပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေက လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းတွေကို ထုတ်ပေးထားတဲ့ ခရီးသွားခွင့်ပြုမိန့်(TAs)တွေကို ဇွန်လ ၈ ရက်နေ့ကတည်းကနေ ဒီနေ့အထိ ယာယီဆိုင်းငံ့ထားပြီး လူမှုကယ်ဆယ်ရေးအကူအညီတွေ ဖြန့်ဝေခွင့်နဲ့ ဝင်ရောက်ကူညီခွင့်တွေ ကန့်သတ်ထားတာဖြစ်ကြောင်း၊ အခုလိုဝင်ရောင်ခွင့်ပိတ်ထားတဲ့အတွက် ကူညီရေးလုပ်ငန်းတွေလည်း ဆက်လက် လုပ်နိုင်ခြင်းမရှိဘဲ ထိခိုက်နေရတယ်လို့ UNOCHA myanmar ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အခုလို ကူညီထောက်ပံ့ရေးပစ္စည်းတွေဖြန့်ဝေခွင့်ပိတ်ထားတယ်ဆိုတာနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ” အရင်ကတည်းက NGO သွားလာတာနဲ့ပတ်သက်ပြီး ဘယ်လိုလုပ်ရမယ်ဆိုတာရှိတယ်။နဂိုကတည်းက ဘယ်နေရာကိုသွားရင် ဘယ်လိုလုပ်ရတယ်ဆိုတာရှိတယ်။ကျနော်တို့ဆီ ညှိနိူင်းပေါင်းစပ်ရေးအဖွဲ့ခေါ်တာပေါ့ ရှိတယ်၊အဲ့ဒီညှိနိူင်းပေါင်းစပ်ရေးအဖွဲ့ကိုတရားဝင်ခွင့်ယူပြီးတော့မှ ဘယ်နေရာကိုသွားမယ်…
Read MoreVOM ရဲ့ တပတ်အတွင်း စီးပွားရေးသတင်းမြင်ကွင်း
– လျှပ်စစ်မီးကြောင့် ပြည်တွင်း စက်မှုကုန်ချောထုတ်လုပ်မှု စျေးကွက်အခြေအနေ ဘာတွေကြုံနေရလဲ – ငွေလဲနှုန်း မတည်ငြိမ်မှုနဲ့ မူဆယ်နယ်စပ်ကုန်သွယ်ရေး အခက်အခဲ – ပြည်တွင်းကားထုတ်လုပ်မှု မြင့်တက်လာတဲ့ ထိုင်းနိုင်ငံ – တက်စ်လာလျှပ်စစ်ကားကုမ္ပဏီ အိန္ဒိယမှာ ရင်းနှီးမြုပ်နှံဖို့ ဘာတွေစီစဉ်နေသလဲ – ခရီးသည်တင် Airbus အစင်းရေ ၅၀၀ စံချိန်တင်မှာယူလိုက်တဲ့ အင်ဒီဂိုလေကြောင်းလိုင်း MSN (VOM) ၂၃-၆-၂၀၂၃ (၁) ပြည်တွင်း စက်မှုကုန်ချောထုတ်လုပ်မှု စျေးကွက်ပျက်နိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရ ပြည်တွင်းက စက်မှုကုန်ချော ထုတ်လုပ်မှုအပိုင်းမှာ အခက်ခဲအမျိုးမျိုးကြောင့် ကုန်ကျစရိတ်တွေ မြင့်တက်လာပြီး ကုန်ပစ္စည်းတန်ဖိုးတွေ မြင့်တက်လျက်ရှိကာ စျေးကွက်ပျက်နိုင်တဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်လို့ စက်မှုကုန်ချောထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ကုန်ချောထုတ်လုပ်မှုအပိုင်းမှာ လျှပ်စစ်မီး အလုံအလောက်မရရှိခြင်း၊ ပြည်ပက ကုန်ကြမ်းတင်သွင်းမှုအပိုင်း ခက်ခဲခြင်း၊ မီးစက်တွေ အသုံးပြုရတဲ့အခါ ဒီဇယ်အလွယ်တကူ ဝယ်ယူလို့မရခြင်း…
Read Moreတိုက်တန်းနစ်လေ့လာရေး ရေငုပ်သင်္ဘောပျောက်ဆုံးမှု သင်္ဘောပေါက်ကွဲပြီး လိုက်ပါသွားသူအားလုံးသေဆုံး
၀ါရှင်တန်၊ ဇွန်-၂၃-၂၀၂၃ မျိုးဆက်(VOM) တိုက်တန်းနစ်သင်္ဘောပျက်ကို သွားရောက်လေ့လာသူငါးဦးလိုက်ပါသွားတဲ့ ရေငုပ်သင်္ဘောရဲ့ အပျက်အစီးအပိုင်းအစတွေကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် လိုက်ပါသွားသူအားလုံး သေဆုံးသွားကြောင်း အမေရိကန်ကမ်းခြေစောင့်တပ်က အတည်ပြုပြောကြားလိုက်ပါတယ်။ ကနေဒါရှာဖွေရေးသင်္ဘောတစင်းမှ မောင်းသူမဲ့ရေအောက်ရှာဖွေရေး ရေယာဉ်ငယ်က တိုက်တန်းနစ်သင်္ဘောပျက်ရှိတဲ့ ရေအောက်ကနေ ပေ ၁၆၀၀ အကွာမှာ ရေငုပ်သင်္ဘောပျက်ရဲ့ အပျက်အစီးတွေကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် သေဆုံးမှုနဲ့ပတ်သက်ပြီး အတည်ပြုခဲ့တာဖြစ်ပါတယ်။ ပျောက်ဆုံးနေတဲ့ ရေငုပ်သင်္ဘောကိုရှာဖွေနေစဉ်မှာ ရေအောက်ကနေ ပေါက်ကွဲသံကြားခဲ့ရကြောင်း တာ၀န်ရှိသူတွေက ထုတ်ဖော်ပြောဆိုပြီးနောက်မှာ သင်္ဘောရဲ့မတူညီတဲ့ အပျက်အစီးအစိတ်အပိုင်းငါးခုကို ရှာဖွေတွေ့ရှိခဲ့ပြီး ဒါတွေဟာ ရေငုပ်သင်္ဘောရဲ့ ပျက်စီးတဲ့အစိတ်အပိုင်းတွေနဲ့ ကိုက်ညီတယ်လို့ တာ၀န်ရှိသူတွေက အတည်ပြုထားပါတယ်။ လူတစ်ယောက်ကို ဒေါ်လာနှစ်သိန်းငါးသောင်း ကျသင့်တဲ့အဲဒီခရီးစဉ်မှာ လိုက်ပါသွားတဲ့ Ocean Gate ကုမ္ပဏီတည်ထောင်သူနဲ့ စီအီးအို၊ သင်္ဘောမောင်းနှင်သူ စတိုတန်ရွပ်ရ်ှအ၀င် ဗြိတိန်ဘီလျှံနာနဲ့ စူးစမ်းရှာဖွေသူ ဟာမစ်ရ်ှဟာ့ဒင်း (၅၈) နှစ်၊ ပါကစ္စတန်နွယ်ဖွားစီးပွားရေးလုပ်ငန်းရှင် ရှာဇာဒါဒေဝုဒ် (၄၈)နှစ်နဲ့သားဖြစ်သူ (၁၉)နှစ်အရွယ် ဆူလီမန်တို့သေဆုံးခဲ့တာဖြစ်ပါတယ်။…
Read Moreဇေယျာသီရိမြို့နယ်ရှိ ကျောင်းတကျောင်းမှာ ခြိမ်းခြောက်စာကပ်ပြီး ဆရာဆရာမတွေကို ရန်မူတဲ့နှစ်ဦးကို ဖမ်းဆီး
ဇွန် ၂၂-၂၀၂၃ KT(VOM) နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊သစ်တပ်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းခွဲမှာ ခြိမ်းခြောက်စာကပ်ပြီး ဆရာ၊ဆရာမတွေကို ရန်မူနေတဲ့သားအဖကို ဒီနေ့ ဇွန် ၂၂ ရက် မနက်ပိုင်းက ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ” ကျောင်းအုပ်ဆရာကြီးရဲ့ ရုံးခန်းဝင်ပေါက်မှာ စက္ကူနဲ့”ကျောင်းအုပ်ကြီးနဲ့ စစ်သားမိန်းမများ သတ်ခံကမယ် သတိထား”ဆိုတဲ့စာကို ကျောင်းသန့်ရှင်းရေးပြုလုပ်တဲ့ ကျောင်းသားတွေကမြင်ပြီး ဆရာမဖြစ်သူကိုအကြောင်းကြားခဲ့တယ်”လို့ ရဲနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။ ကျောင်းတွင်းမှာလည်း သစ်တပ်ကျေးရွာမှာနေထိုင်တဲ့ ဦးကျော်မြင့် (၇၆ နှစ်)နဲ့ သားဖြစ်သူ မောင်ကျော်ခိုင်ဝင်း (၁၅ နှစ်)တို့က ဆရာ၊ဆရာမတွေကို စာသင်မရအောင် ခြိမ်းခြောက်နေခြင်း၊ ဆရာဆရာမများအပြန်လမ်းတွင် သတ်မယ်လို့ခြိမ်းခြောက်ခြင်း၊ ကျောင်းမှာ စာသင်မရအောင်လုပ်မယ်လို့ခြိမ်းခြောက်နေတာကြောင့် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဖမ်းဆီးရမိသူတွေဖြစ်တဲ့ ဖခင်ဖြစ်သူကျော်မြင့် နဲ့သားဖြစ်သူကျော်ခိုင်းဝင်းတို့ဟာ ပုဒ်မ ၄၅၁/၅၀၅-က/၃၃၆/ ၂၉၄/ ၅၀၆ များဖြင့် ရေဆင်းရဲစခန်းမှာ အမှုဖွင့်ထားခံရသူဖြစ်ပြီး ဖခင်မှာထောင်ဒဏ် ၂ နှစ်၊…
Read Moreမင်းဘူးမြို့နယ်မှာ မှုခင်းသတင်းထောက် ၁ ဦး သေနတ်နဲ့ပစ်သတ်ခံရ
ဇွန်၊ ၂၂ -၂၀၂၃ SP(VOM) မကွေးတိုင်း ၊မင်းဘူးမြို့နယ်၊ထောက်ရှာပင်ကျေးရွာအုပ်စု ၊ ရွှေတပင်ကျေးရွာနေမှာနေတဲ့ မှုခင်းသတင်းထောက် ၁ ဦးဟာ မနေ့ ဇွန် ၂၁ ရက် ညပိုင်းက သေနတ်နဲ့ ပစ်သတ်ခံရတဲ့အတွက် သေဆုံးသွားတယ်လို့ ရဲအသိုင်းအဝိုင်းဆီက သိရပါတယ်။ ” မနေ့ညက ၇ နာရီခွဲဝန်းကျင်မှာ ပစ်ခံရတာဖြစ်တယ် ၊ မှုခင်းသတင်းထောက် မင်းသူလှိုင် ပစ်ခံရတာ”လို့ အဲ့ဒီရွာခံတယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်လို့ မင်းဘူးခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က ” မင်းဘူးနယ်က မှုခင်းသတင်းထောက် ကိုမင်းသူလှိုင် အသက် ၄၁ နှစ် ပစ်သတ်ခံရတာ ဖြစ်တယ် ၊ မနေ့က ညပိုင်း ၇ နာရီခွဲ ဝန်းကျင် သူ့ရဲ့နေအိမ်ထဲမှာ ပစ်ခံရတယ် ၊ အမည်မသိ(စုံစမ်းဆဲ)လူ ၂ ယောက်ကနေ သေနတ်နဲ့…
Read Moreတရုတ်နိုင်ငံ စားသောက်ဆိုင်တဆိုင်မှာ ပေါက်ကွဲမှုကြောင့် လူ(၃၀) ကျော်သေဆုံး
ပေကျင်း၊ ဇွန်-၂၂-၂၀၂၃ မျိုးဆက်(VOM) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ စားသောက်ဆိုင်တဆိုင်မှာပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၃၁ ဦး သေဆုံးသွားပါတယ်။ ဒီဖြစ်စဥ်ကြောင့် လူကိုးဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။ ပေါက်ကွဲမှုဟာ ဒေသစံတော်ချိန် ဗုဒ္ဓဟူးနေ့ညက ရင်ချွန်မြို့မှာ ဓာတ်ငွေ့ယိုစိမ့်မှုုကြောင့် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ တရုတ်သမ္မတ ရှီကျင်းပင် က ကယ်ဆယ်ရေး လုပ်ငန်းတွေ အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်ဖို့နဲ့ ပေါက်ကွဲမှုအတွက် စုံစမ်းစစ်ဆေးမှု ပြုလုပ်ဖို့ ညွှန်ကြားထားပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ဖူယန်စားသောက်ဆိုင် ပိုင်ရှင်ဟာလည်း ဖမ်းဆီးခံထားရသူများထဲမှာ ပါဝင်ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံမှာ သုံးရက်ကြာ နဂါးလှေပွဲတော် အားလပ်ရက် အကြိုနေ့မှာ မိသားစုတွေနဲ့ သူငယ်ချင်း အများအပြား စုရုံးကာ ဂုဏ်ပြုစားသောက်ကြတဲ့အချိန်မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။ Ref:BBC #VOM #voiceofmyanmar #ပေကျင်း
Read Moreပြည်တွင်း ဆန်စျေးမြင့်တက်မှုကြောင့် တရုတ်စျေးကွက်နဲ့အဆင်မပြေလို့ တရုတ်ကို ဆန်တင်ပို့မှု ရပ်ထားရ
ဇွန် ၂၂ – ၂၀၂၃ GG (VOM) ပြည်တွင်း ဆန်စျေးနူန်းမြင့်တက်နေတဲ့အခြေအနေတွေကြောင့် နယ်စပ်ကနေ တရုတ်ကို ဆန်တင်ပို့မှု ကုန်သည်တွေရပ်နားထားရတယ်လို့ နယ်စပ်ကုန်သည်တွေဆီက သိရပါတယ်။ လက်ရှိပြည်တွင်းမှာဖြစ်နေတဲ့ ဆန်စျေးနဲ့ တရုတ်ဘက်ကိုတင်ပို့ရောင်းချတဲ့အခါ တရုတ်ဘက်က ဝယ်ယူတဲ့ဆန်စျေးက ကွာဟမှုရှိနေတာကြောင့် တွက်ချေမကိုက်တဲ့အတွက် ဆန်တင်ပို့မှုကို ရပ်ထားကြတာ ဖြစ်တယ်လို့ သိရပါတယ်။ “ပြည်တွင်းဆန်စျေးက တအားတက်သွားတယ်၊ ဗမာပြည်ကစျေးက မြင့်နေတယ်၊အဲ့ဒီတော့ ဒီကဆန်ကို တရုတ်ကိုပို့မယ်လုပ်တော့ တရုတ်ဘက်ကပေးတဲ့စျေးနဲ့ ဘယ်လိုမှမကိုက်ညီဘူးဖြစ်နေတယ်။ဒါကြောင့်အကျိုးအမြတ်မရှိလို့ ကုန်သည်တွေက ဆန်တင်ပို့မှုကို ရပ်ထားတာပါ။ အရင်ကဆို တစ်ရက်ကို ကား၁၀ စီးအထက်လောက်သွားတယ်၊အခုကတော့ ၁စီးလောက်ပဲ ရှိတယ် “လို့ မူဆယ်နယ်စပ် ဆန်ကုန်သည်တစ်ဦးကပြောပါတယ်။ ဒါ့ကြောင့် လက်ရှိမှာ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးဂိတ်တစ်ခုဖြစ်တဲ့ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်၊ မူဆယ်-ကျင့်စန်းကျော့ နယ်စပ်ဂိတ်ကနေ တရုတ်ဘက်ကို ဆန်၊ဆန်ကွဲတင်ပို့မှုဟာ ရပ်တန့်လုနီးပါးအခြေအနေဖြစ်နေတယ်လို့ သိရပါတယ်။ ”…
Read Moreပခုက္ကူမှာ နေအိမ်ထဲအိပ်နေတဲ့ မိသားစုဝင် အမျိုးသမီး ၅ ယောက်အသတ်ခံရ
ဇွန် ၂၁ -၂၀၂၃ GG(VOM) မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပေါက်တောရွာမှာ မနေ့က ဇွန်လ ၂၀ ရက်နေ့ ညပိုင်းက နေအိမ်မှာအိပ်နေတဲ့ မိသားစုတစု အသတ်ခံရလို့ မိသားစုဝင် ၅ ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အသတ်ခံလိုက်ရသူ ၅ ယောက်ဟာ ဆွေမျိုးတော်စပ်တဲ့ မိသားစုဝင် အမျိုးသမီးတွေချည်းဖြစ်ပြီး သေနတ်၊ ဓားဒဏ်ရာတွေနဲ့ သေဆုံးကြတာဖြစ်တယ်လို့သိရပါတယ်။ ” အိပ်နေချိန် လာပြီး သတ်သွားတာလို့သိရတယ်၊ လာသတ်တဲ့သူတွေက ၅ ယောက် ၆ ယောက်လောက်ရှိတယ်လို့ပြောတယ်။ အခုအသတ်ခံရတဲ့အထဲက အမျိုးသမီးတွေရဲ့ မောင်ဖြစ်သူကလည်း အရင်ရက်တုန်းကအသတ်ခံရတာရှိတယ်၊ စစ်တပ်က စစ်ဆေးတာ မေးမြန်းတာတွေလုပ်တာရှိပါတယ် ၊ဖြစ်တာက ၁၂ နာရီကျော်လောက်လို့သိရတယ် ” လို့ ပခုက္ကူ မြို့ခံတစ်ဦးကပြောပါတယ်။ အသတ်ခံရသူတွေကတော့ ဒေါ်စန်းစန်းအေး ၄၂နှစ်၊ ဒေါ်ဟန်စန်းနွယ် ၃၉နှစ်၊ မဇာမိုးအောင် ၁၄နှစ်၊ မခင်မာလင်း ၂၈နှစ်၊…
Read More