ဇူလိူင် ၅ – ၂၀၂၃ GG (VOM) ဧရာဝတီတိုင်း ၊ အိမ်မဲမြို့နယ်က ကရင်စာပေနှင့် ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအတွက်လုပ်ဆောင်နေတဲ့ စသိန်းဇော်မင်း အပါအဝင် လူငယ် ၃ ယောက်ကို ဒီနေ့ ဇူလိူင် ၅ ရက်နေ့မှာ မြောင်းမြထောင်တွင်းတရားရုံးကနေ ထောင် ၁၀ နှစ် အမိန့်ချမှတ်လိုက်တယ်လို့သိရပါတယ်။ စသိန်းဇော်မင်း ၊ ကိုစောနေမူး အပါအဝင် လူ ၃ ယောက်ကို ပုဒ်မ ၅၂ ၊ပုဒ်မ ၅၀၅ နဲ့ တရားစွဲဆိုကာ ဖမ်းဆီးပြီး ၆ လကျော်အကြာမှာ အခုလိုအမိန့်ချမှတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။ ” ပုဒ်မ ၅၀ ၊ ၅၂ နှစ်ခုနဲ့ အမိန့်ချလိုက်တာပေါ့။ စသိန်းဇော်မင်း ရယ် စောနေမူးရယ်၊ နောက်တစ်ယောက် ပါတယ်၊အားလုံး၃ယောက်ပေါ့။ဒီနေ့အမိန့်ချလိုက်တာပါ။သူတို့ကို ပထမတစ်ရက်ဖမ်းတယ်၊အာမခံနဲ့ပြန်လွှတ်တယ်၊နောက် ၃ရက် ၄ ရက်ကြာတော့ ပြန်ဖမ်းလိုက်တာ။ရုံးချိန်းတွေက…
Read MoreDay: July 5, 2023
ဂျပန် နျူကလီးယားဓါတ်အားပေးစက်ရုံပျက်က ရေဆိုးတွေ ပင်လယ်ထဲ စွန့်ထုတ်တော့မယ်
တိုကျို၊ ဇူလိုင်-၅-၂၀၂၃ မျိုးဆက်(VOM) ဂျပန်နိုင်ငံမှာ ဆူနာမီကြောင့် ပျက်စီးသွားတဲ့ ဖူကူရှီးမာနျူကလီးယား ဓါတ်အားပေးစက်ရုံက ရေဆိုးတွေကို ပင်လယ်ထဲ စွန့်ထုတ်မယ့် ဂျပန်နိုင်ငံရဲ့အစီအစဉ်ဟာ နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့ ကိုက်ညီတာကြောင့် စွန့်ထုတ်ခွင့်ပြုကြောင်း နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ (အိုင်အေအီးအေ)က ပြောပါတယ်။ နျူကလီးယားဓါတ်အားပေးစက်ရုံမှ သန့်စင်ထားတဲ့ ရေတွေကို ပင်လယ်ထဲစွန့်ထုတ်ဖို့ ဂျပန်နိုင်ငံရဲ့အစီအမံတွေဟာ သဘာ၀ပတ်၀န်းကျင်ကို ထိခိုက်မှုနည်းပါးလိမ့်မယ်လို့ အိုင်အေအီးအေက ပြောပါတယ်။ ဂျပန်နိုင်ငံရဲ့ အဲဒီအစီအစဉ်ကို တရုတ်နဲ့ တောင်ကိုရီးယားတို့က ကန့်ကွက်ထားပါတယ်။ ရေဆိုးတွေစွန့်ထုတ်ဖို့ စီစဉ်ထားတဲ့ နေ့ရက်အချိန်အသေးစိတ်ကိုတော့ ဂျပန်နိုင်ငံက ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ ၂၀၁၁ ခုနှစ်မှာ လှုပ်ခတ်ခဲ့တဲ့ ပြင်အား ၉ ဒသမ သုည အဆင့်ရှိ အင်အားပြင်းမြေငလျင်ကြောင့် ဖူကူရှီးမားနျူကလီးယား ဓါတ်အားပေးစက်ရုံရဲ့ ဓါတ်ပေါင်းဖိုသုံးလုံး ရေလွှမ်းမိုးပျက်စီးခဲ့ပြီး ယူကရ်ိန်းနိုင်ငံ ချာနိုဘိုင်းနျူကလီးယားဓါတ်အားပေးစက်ရုံ မတော်တဆမှုနောက်ပိုင်း ကမ္ဘာ့အဆိုးရွားဆုံးသော နျူကလီးယား မတော်တဆမှုဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကြောင့် လူပေါင်း တသိန်းငါးသောင်းကျော်ကို ဘေးလွတ်ရာသို့…
Read Moreအထည်ချုပ်စက်ရုံက အလုပ်သမား၅ ယောက်နဲ့ အလုပ်သမားရေးဆောင်ရွက်သူ ၃ ယောက်ကို ပုဒ်မ ၂ခုနဲ့တရားစွဲဖို့လုပ်နေတယ်လို့ သိရ
ဇူလိူင် ၅ – ၂၀၂၃ KK + GG( VOM) ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ် ၊ ဟိုစိမ့်မြန်မာ Hosheng Myanmar အထည်ချုပ်စက်ရုံက ဖမ်းဆီးခံထားရတဲ့ အလုပ်သမား ၅ ယောက်နဲ့ အလုပ်သမားအရေးလှုပ်ရှားသူ ၃ ယောက်ကို ပုဒ်မ ၂ ခုနဲ့ တရားစွဲဖို့ စီစဥ်နေတယ်လို့ အလုပ်သမား အရေးဆောင်ရွက်နေသူတွေဆီက သိရပါတယ်။ နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ – က ၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ ( ၁ ) နဲ့ တရားစွဲဖို့ သက်ဆိုင်ရာ ရဲစခန်းဘက်က အသိပေးလာတာဖြစ်တယ်လို့ သိရပါတယ်။ ” ဟုတ်တယ် ၊ ပုဒ်မ ၂ ခုနဲ့တရားစွဲဖို့လုပ်နေတယ်လို့သိရတယ်။ ဖမ်းခံရတဲ့အထဲမှာ တစ်ယောက်က ခန်းမငှားပေးတဲ့သူပါ။လုပ်ခလစာ တိုးတောင်းတာကနေ အဖမ်းခံရပြီး…
Read Moreနေအိမ်တွေဖျက်ခံရမယ့် နန်းဦးလွင်ကျေးရွာကို အကြောင်းကြားစာအချို့ လာကပ်တယ်လို့သိရ
ဇူလိုင် ၅-၂၀၂၃ Voice Of Myanmar(VOM) မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်အတွင်းက နေအိမ်တွေ ဖျက်သိမ်းခံရမယ့် နန်းဦးလွင်ကျေးရွာကို ဒီကနေ့ နေ့လယ်ပိုင်းက အကြောင်းကြားစာအချို့ လာကပ်သွားတယ်လို့ မန္တလေးမြို့ခံတွေဆီက သိရပါတယ်။ နေအိမ်ဖျက်သိမ်းခံရမယ့် နန်းဦးလွင်ကျေးရွာခံတစ်ဦးက ” ကျွန်မလည်း စာလာကပ်တယ်ဆိုလို့ သွားကြည့်တာ ဟုတ်တယ်၊ဆိုင်းငံ့တယ် မဖျက်သိမ်းဘူးဆိုတာတော့ မပါဘူး၊ နစက ဥက္ကဌရဲ့ ညွန်ကြားချက်ဆိုတာကို အောက်ခြေက မလိုက်နာရင် အရေးယူမယ်ဆိုတာတော့ တွေ့ရတယ်။ ဘာတွေဖြစ်လာအုံးမလဲဆိုတာ ဆက်တော့ စောင့်ကြည့်ရမှာပဲ”လို့ ပြောပါတယ်။ အဲ့ဒီအကြောင်းကြားစာထဲမှာတော့ နေအိမ်ဖျက်သိမ်းမယ့်ကိစ္စ ဆိုင်းငံ့ခြင်း နဲ့ ပတ်သက်ပြီး တစုံတရာရေးသားထားတာကိုတော့ မတွေ့ရပါဘူး။ ပြီးခဲ့တဲ့ ဇွန်လ ၂၇ရက်နေ့က မန္တလေးမြို့၊ပုသိမ်ကြီးမြို့နယ်အတွင်းရှိ နန်းဦးလွင်၊ မဲခင်းကုန်း၊ ဂွေ့ကြီးကုန်း၊ ကန်ကောက်အရှေ့ စတဲ့ကျေးရွာတွေကို နေအိမ်အဆောက်အဦ ရာနဲ့ချီ ဖယ်ရှားပေးဖို့ ထုတ်ပြန်စာလာကပ်သွားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် ကျေးရွာအချို့က နေပြည်တော်ရှိ တာ၀န်ရှိသူတွေကို…
Read Moreကမ္ဘာ့အပူဆုံးနေ့အဖြစ် ဇူလိုင် (၃) ရက်မှာ စံချိန်သစ်တင်ခဲ့
၀ါရှင်တန်၊ ဇူလိုင်-၅-၂၀၂ မျိုးဆက်(VOM) ကမ္ဘာ့ပျှမ်းမျှအပူချိန်ဟာ ဇူလိုင် ၃ ရက်မှာ ပထမဆုံးအကြိမ်အဖြစ် ၁၇ ဒီဂရီစင်တီဂရိတ်ထိ မြင့်တက်ခဲ့ပြီး အပူဆုံးနေ့အဖြစ် စံချိန်တင်ခဲ့ကြောင်း အမေရိကန် သုတေသီတွေက ပြောပါတယ်။ အဲဒီစံချိန်သစ်ဟာ ၁၉ ရာစုနှောင်းပိုင်းထိ မှတ်တမ်းတင်ထားခဲ့တဲ့ အပူချိန်မှတ်တမ်းတွေထက် စံချိန်တင်ကျော်လွန်ခဲ့ကြောင်း အမေရိကန်သုတေသီတွေက ဆိုပါတယ်။ လွန်ခဲ့တဲ့လကလည်း ကမ္ဘာ့အပူဆုံးဇွန်လအဖြစ် မှတ်တမ်း၀င်ခဲ့ပါတယ်။ ကမ္ဘာ့ပျှမ်းမျှအပူချိန်ဟာ ဇူလိုင် ၃ ရက်မှာ ၁၇ ဒသမ ၉၁ ဒီဂရီစင်တီဂရိတ်ထိ စံချိန်တင်ခဲ့ပြီး ယခင်အမြင့်ဆုံးစံချိန်ကတော့ ၂၀၁၆ ခုနှစ် သြဂုတ်လမှာဖြစ်ပြီး အပူချိန် ၁၆ ဒသမ ၉၂ ဒီဂရီစင်တီဂရိတ်ရှိခဲ့ပါတယ်။ အယ်နီညိုရာသီဥတုဖြစ်စဉ်နဲ့ လူသားတို့ရဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဓါတ်ငွေ့တွေဆက်တိုက်ထုတ်လွှတ်မှုတွေက အပူချိန်မြင့်တက်စေရန် ဒီလိုဖြစ်ဖို့ တွန်းအားပေးနေတဲ့ အကြောင်းရင်းတွေဖြစ်ကြောင်း ကျွမ်းကျင်သူတွေကပြောပါတယ်။ ရာသီဥတုဖောက်မှုတွေကြောင့် ယခုနှစ်ကစပြီး ကမ္ဘာ့ကုန်းမြေနဲ့ ပင်လယ်ပြင်တွေမှာ အပူချိနတွေ မြင့်တက်လာတဲ့ အခြေအနေတွေအပေါ်…
Read Moreထိုင်းအောက်လွှတ်တော် ဥက္ကဌသစ် ရွေးချယ်ခန့်အပ်၊ အစိုးရဖွဲ့သစ်ဖွဲ့နိုင်ရေး အတိုက်အခံပါတီတွေ ကြိုးပမ်းနေ
ဘန်ကောက်၊ ဇူလိုင်-၅-၂၀၂၃ မျိုးဆက်(VOM) ထိုင်းပါလီမန်ဟာ အောက်လွှတ်တော်ဥက္ကဌအဖြစ် ဝါရင့်နိုင်ငံရေးသမား ၀န်မိုဟာမက်နောမက်သာကို ဇူလိုင် ၄ ရက်မှာ လွှတ်တော်အမတ်တွေက တညီတညွတ်တည်း ရွေးချယ်ခန့်အပ်လိုက်ပါတယ်။ မေလကကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ အတိုက်အခံပါတီတွေ အံ့မခန်းအနိုင်ရရှိခဲ့ပြီးနောက် ပထမဆုံးအကြိမ် ပါလီမန်အစည်းအဝေး ကျင်းပပြီး အောက်လွှတ်တော်ဥက္ကဌကို ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ အများဆုံးအနိုင်ရရှိခဲ့တဲ့ ရှေ့သို့ပါတီဟာ အခြားသောအတိုက်အခံမဟာမိတ်ပါတီတွေနဲ့ ညွှန့်ပေါင်းအစိုးရဖွဲ့ဖို့ ကြိုးပမ်းနေပြီး အောက်လွှတ်တော်ဥက္ကဌ ရွေးချယ်ခန့်အပ်နိုင်ခြင်းဟာ အစိုးရဖွဲ့နိုင်ရေး ခြေတလှမ်းနီးစပ်လာတာဖြစ်ပါတယ်။ လွှတ်တော်ဥက္ကဌဟာ ဥပဒေပြုရေးနဲ့ မဲခွဲဆုံးဖြတ်မှုတွေမှာ အရေးပါအရာရောက်တဲ့ ရာထူးလည်းဖြစ်ပါတယ်။ ၀န်ကြီးချုပ်သစ်ရွေးချယ်ခန့်အပ်ရန်အတွက် အစည်းအဝေးကို ဇူလိုင်လလယ်မှာ ကျင်းပဖို့ မျှော်မှန်းထားပါတယ်။ ရှေ့သို့ပါတီခေါင်းဆောင် ပီတာလင်ဂျာရိုနက်ကို ၀န်ကြီးချုပ်ရာထူးအတွက် ထောက်ခံရန် မဟာမိတ်ပါတီရှစ်ပါတီက သဘောတူထားပါတယ်။ ညွှန့်ပေါင်းအဖွဲ့သည် အောက်လွှတ်တော်နေရာအများစု ရရှိထားပါတယ်။ သို့သော် ပီတာ၀န်ကြီးချုပ်ဖြစ်လာရန်မှာ အထက်လွှတ်တော်အမတ်များ၏ ထောက်ခံမှုလိုအပ်နေသေးတယ်လို့ သိရပြီး အထက်လွှတ်တော်အမတ်တွေကိုတော့ ၂၀၁၄ ခုနှစ်မှာ အာဏာသိမ်းခဲ့တဲ့…
Read Moreဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအဖွဲ့ခေါင်းဆောင် ပြည့်ဖြိုးနိုင် အကျဉ်းထောင်ကနေ ပြန်လွတ်လာ
ဇူလိုင်၊၅-၂၀၂၃ MM(VOM) ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်လုံခြုံရေးအဖွဲ့ခေါင်းဆောင်တာဝန်ယူခဲ့သူ ရဲအုပ် ပြည့်ဖြိုးနိုင်ဟာ ဒီနေ့ ဇူလိုင် ၅ ရက် မနက်ပိုင်းက အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတယ်လို့ မိသားစုနဲ့နီးစပ်တဲ့ အသိုင်း အဝိုင်းကနေ သိရပါတယ်။ ”လုံခြုံရေးအဖွဲ့ခေါင်းဆောင် ရဲအုပ်ပြည့်ဖြိုးနိုင် ဒီနေ့ ဇူလိုင်လ ၅ရက် မနက်ပိုင်း အချိန်က ရမည်းသင်းအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတာဟုတ်ပါတယ်၊ အတိုင်ပင်ခံရဲ့ အနီးကပ်လုံခြုံရေးအဖွဲ့ခေါင်းဆောင်က လွတ်ရက်စေ့တာကြောင့် ပြန်လည် လွတ်မြောက်လာတာ။ မိသားစုက အရမ်းပျော်နေတာပေါ့။”လို့ နီးစပ်သူတစ်ဦးကပြောပါတယ်။ ရဲအုပ်ပြည့်ဖြိုးနိုင်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့လုံခြုံရေးတာဝန်တွေဆောင်ရွက်ရင်း ဖမ်းဆီးခံရကာ ကနဦး ရဲဝန်ထမ်းလိုင်းခန်းမှာ ထိန်းသိမ်းစောင့်ကြည့်ခံရပြီး ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် စက်တင်ဘာလအတွင်းက ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့ရမည်းသင်းအကျဉ်းထောင်မှာ ထောင်ဒဏ် ၃နှစ် ချမှတ်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ ရဲအုပ်ပြည့်ဖြိုးနိုင်ဟာ ထောင်ဒဏ် ၃နှစ် ချမှတ်ခံခဲ့ရပေမယ့် ချုပ်ရက်နဲ့ လျှော့ရက်ခံစားခွင့်တွေ ရရှိတာကြောင့်ထောင် ၃ နှစ်ပြည့်ဖို့လိုနေသေးပေမယ့် လွတ်ရက်စေ့ပြီး လွတ်မြောက်လာတာဖြစ်တယ်လို့ သိရပါတယ်။…
Read Moreနစက ဥက္ကဌရဲ့ အကြံပေးပုဂ္ဂိုလ် ခန့်အပ်ကြောင်း ကြေညာချက် ထုတ်ပြန်
ဇူလိုင် ၅-၂၀၂၃ KT(VOM) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမိန့်အမှတ်၊ ၄၀ /၂၀၂၃ ၁၃၈၅ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် ၃ ရက် (၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၅ ရက်) နေ့စွဲနဲ့ အကြံပေးပုဂ္ဂိုလ် ခန့်အပ်တာဝန်ပေးခြင်း ကြေညာချက်ထုတ်ပြန်ကြေညာထားပါတယ်။ #voiceofmyanmar #VOM #နစက #အကြံပေးပုဂ္ဂိုလ်ခန့်အပ်ခြင်း
Read Moreရန်ကုန်က မြို့နယ် ၁၃ ခုမှာ ညပိုင်းအချိန် တစ်ပြိုင်နက်တည်း ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့
ဇူလိုင် ၅ – ၂၀၂၃ SN (VOM) မနေ့ ဇူလိုင် ၄ ရက်နေ့၊ ည ၈ နာရီ ၃၈ မိနစ် ဝန်းကျင်အချိန်က ရန်ကုန်ရှိ မြို့နယ် ၁၂ မြို့နယ်မှာ တပြိုင်နက်တည်း ဗုံးတွေပေါက်ကွဲခဲ့တယ်လို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ မြောက်ဒဂုံ၊ မရမ်းကုန်း၊ အင်းစိန်၊ လှိုင်သာယာ၊ လှိုင်၊ အရှေ့ဒဂုံ၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ ဗဟန်း၊ တောင်ဒဂုံနဲ့ သန်လျင် စတဲ့ မြို့နယ် (၁၃) မြို့နယ်မှာ ဗုံးတွေ တစ်ပြိုင်နက်တည်း ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး တချို့နေရာတွေမှာ မပေါက်ကွဲသေးတဲ့ ဗုံးတွေလည်း တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ “ည ၉ နာရီကျော်လောက်ကတည်းက ဗုံးသံတွေကြာနေရတာ။ ၁၀ နာရီကျော်တဲ့အထိ ကြားနေရတုန်း။ ဗုံးကွဲတာ ၄/၅ လုံးလောက်တော့ရှိမယ်။…
Read Moreပဲခူးက ပရဟိတကျောင်းမှာ ခေါက်ဆွဲကြော်စားပြီး အစာအဆိပ်သင့်လို့ ကလေးအပါ ၁၂၆ ယောက် ဆေးကုသမှုခံယူနေရ
ဇူလိူင် ၄ – ၂၀၂၃ GG (VOM) ပဲခူးမြို့နယ် ၊ အဆိပ်တောင်ကျေးရွာအုပ်စု၊ သစ်နီကျေးရွာ (၅၃/၅)အနီးက မေတ္တာကမ်းလက် ပရဟိတ မိဘမဲ့ကလေးများစောင့်ရှောက်ရေးကျောင်းမှာ ဒီနေ့ ဇူလိူင် ၄ ရက် မနက်ပိုင်းက ခေါက်ဆွဲကြော်စားပြီးကလေးတွေ အပါအဝင် ၁၂၆ ယောက် အစာဆိပ်သင့်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အလှူရှင်တစ်ဦးက မွေးနေ့အဖြစ် ကျောင်းမှာ ခေါက်ဆွဲကြော် လာကျွေးရာ ခေါက်ဆွဲကြော်စားပြီး ကလေး ၊ ကိုယ်ရင် ၊ လူကြီး အပါအဝင် ၁၂၆ ယောက် အစာအဆိပ်သင့်ကာ မူးဝေအော့အန်ခဲ့လို့ ပဲခူးဆေးရုံကိုအရေးပေါ်ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။ ” ကျောင်းက ဘကကျောင်းပါ ၊အဲ့ဒီမှာအလှူရှင်ကမွေးနေ့ခေါက်ဆွဲကြော်ကျွေးတော့ အားလုံးစားကြတာမှာ အစာအဆိပ်သင့်ပြီး အကုန်လုံးမူးမော် အန်ကြတော့ ပဲခူးဆေးရုံရောက်တယ်၊ပဲခူးဆေးရုံရောက်တဲ့အထိကလေးတွေက တော်တော်လေးမူးမော်ပြီး အန်ကြသေးတယ်၊ပဲခူးဆေးရုံရောက်တော့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပရဟိတအသင်းအဖွဲ့တွေ အားလုံးဝိုင်းဝန်းကူညီစောင့်ရှောက်ပြီးတော့ ဆေးသွင်းကြတယ်၊ ဆေးသွင်းပြီးနောက် ၁နာရီလောက်အကြာမှ…
Read More