ဂျပန် နျူကလီးယားဓါတ်အားပေးစက်ရုံပျက်က ရေဆိုးတွေ ပင်လယ်ထဲ စွန့်ထုတ်တော့မယ်

တိုကျို၊ ဇူလိုင်-၅-၂၀၂၃
မျိုးဆက်(VOM)

ဂျပန်နိုင်ငံမှာ ဆူနာမီကြောင့် ပျက်စီးသွားတဲ့ ဖူကူရှီးမာနျူကလီးယား ဓါတ်အားပေးစက်ရုံက ရေဆိုးတွေကို ပင်လယ်ထဲ စွန့်ထုတ်မယ့် ဂျပန်နိုင်ငံရဲ့အစီအစဉ်ဟာ နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့ ကိုက်ညီတာကြောင့် စွန့်ထုတ်ခွင့်ပြုကြောင်း နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ (အိုင်အေအီးအေ)က ပြောပါတယ်။

နျူကလီးယားဓါတ်အားပေးစက်ရုံမှ သန့်စင်ထားတဲ့ ရေတွေကို ပင်လယ်ထဲစွန့်ထုတ်ဖို့ ဂျပန်နိုင်ငံရဲ့အစီအမံတွေဟာ သဘာ၀ပတ်၀န်းကျင်ကို ထိခိုက်မှုနည်းပါးလိမ့်မယ်လို့ အိုင်အေအီးအေက ပြောပါတယ်။

ဂျပန်နိုင်ငံရဲ့ အဲဒီအစီအစဉ်ကို တရုတ်နဲ့ တောင်ကိုရီးယားတို့က ကန့်ကွက်ထားပါတယ်။

ရေဆိုးတွေစွန့်ထုတ်ဖို့ စီစဉ်ထားတဲ့ နေ့ရက်အချိန်အသေးစိတ်ကိုတော့ ဂျပန်နိုင်ငံက ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

၂၀၁၁ ခုနှစ်မှာ လှုပ်ခတ်ခဲ့တဲ့ ပြင်အား ၉ ဒသမ သုည အဆင့်ရှိ အင်အားပြင်းမြေငလျင်ကြောင့် ဖူကူရှီးမားနျူကလီးယား ဓါတ်အားပေးစက်ရုံရဲ့ ဓါတ်ပေါင်းဖိုသုံးလုံး ရေလွှမ်းမိုးပျက်စီးခဲ့ပြီး ယူကရ်ိန်းနိုင်ငံ ချာနိုဘိုင်းနျူကလီးယားဓါတ်အားပေးစက်ရုံ မတော်တဆမှုနောက်ပိုင်း ကမ္ဘာ့အဆိုးရွားဆုံးသော နျူကလီးယား မတော်တဆမှုဖြစ်ပါတယ်။

ဒီဖြစ်စဉ်ကြောင့် လူပေါင်း တသိန်းငါးသောင်းကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရပြီး အဲဒီစက်ရုံဖျက်သိမ်းခြင်းလုပ်ငန်းကို စတင်နေပြီဖြစ်ပေမယ့် လုပ်ငန်းစဉ်ဟာ ဆယ်စုနှစ်များစွာ ကြာမြင့်နိုင်ပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #တိုကျို

Related posts

Leave a Comment

VOM News

FREE
VIEW