အနောက်အာဖရိက ဆာဟဲလ်ဒေသမှ အာဏာသိမ်းပွဲများ

မျိုးဆက်(VOM) ၂-၈-၂၀၂၃ နိုင်ဂျာနိုင်ငံမှာ ဇူလိုင် ၂၆ ရက်က နိုင်ဂျာတပ်ဖွဲ့ဝင်တွေဟာ ဒီမိုကရေစီနည်းအရ ရွေးကောက်ခံသမ္မတဖြစ်တဲ့ သမ္မတမို ဟမ်မက်ဘာဇိုအမ်ကို ဖြုတ်ချခဲ့ကြပြီး အာဏာသိမ်းမှုပြုခဲ့ကြပါတယ်။ သမ္မတကို ဖမ်းဆီးထားပြီး နိုင်ငံကိုထိန်းချုပ်ခဲ့တဲ့ အဲဒီအာဏာသိမ်း ပွဲအလွန်မှာတော့ အနောက်အာဖရိက ဆာဟဲလ်ဒေသရဲ့ စစ်အာဏာရှင်နိုင်ငံတွေ စာရင်းမှာ နိုင်ဂျာလည်းထပ်တိုး လာခဲ့ပါတယ်။ ဆာဟာရသဲကန္တရရဲ့ တောင်ဘက်ပိုင်းနယ်မြေဖြစ် တဲ့ ဆာဟဲလ်ဒေသဟာ အထူးသဖြင့် အစ္စလာမ္မစ်အစွန်းရောက်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ပိုပြီးရင်ဆိုင်လာကြရပါတယ်။ ဒီလိုလုံခြုံရေးအခြေအနေ ယိုယွင်းလာတဲ့အပေါ် ဆာဟဲလ်ဒေသပြည်သူတွေဟာ ရွေး ကောက်ခံအစိုးရတွေကိုဆန့်ကျင်လာကြပါတယ်။ အနောက်အာဖရိကမှာဖြစ်ပွားခဲ့တဲ့ စစ်အာဏာသိမ်းပွဲတွေဟာ မနီးယိုးစွဲ ခပ်ဆင်ဆင်တွေဖြစ်ပြီး တည်ဆဲအစိုးရတွေအနေနဲ့ ပြည်သူတွေရဲ့ ဒီမိုကရေစီမျှော်လင့်ချက်တွေကို မဖြည့်ဆည်းပေးနိုင်ဘူးလို့ အာဏာသိမ်းခေါင်းဆောင်တွေကာ အာဏာသိမ်းခဲ့တာက အများစုဖြစ်ပါတယ်။ ဒီလိုစစ်အစိုးရတွေက ဒီမိုကရေစီအသီးအပွင့်တွေ ကို ချွေဖျက်ခြိမ်းခြောက်နေကြတာတွေကို ဆာဟဲလ်ဒေသ တင်မကဘူး။ အနောက်အာဖရိကဒေသတစ်ခုလုံးအနှံ့ တွေ့နိုင်ပါတယ်လို့ အာဖရိကရေးရာကျွမ်းကျင်သူတွေကဆို ပါတယ်။ စစ်အာဏာသိမ်းပွဲတွေကြောင့် နိုင်ငံရေးမ…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း(သြဂုတ် ၂-၂၀၂၃)

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း(သြဂုတ် ၂-၂၀၂၃) Voice of Myanmar -အမေရိကန် တဒေါ်လာ ရောင်းဈေး – ၃၄၃၀ ကျပ် ဝယ်ဈေး – ၃၃၈၀ ကျပ် -စင်္ကာပူ ဒေါ်လာ ရောင်းဈေး – ၂၄၇၀ ကျပ် ဝယ်ဈေး – ၂၄၁၀ ကျပ် -ယူရို ရောင်းဈေး – ၃၆၅၀ ကျပ် ဝယ်ဈေး – ၃၅၅၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၉ ကျပ် ဝယ်ဈေး – ၉၇ ကျပ် မလေးရှားရင်းဂစ် ရောင်းဈေး – ၇၄၀ ကျပ် ဝယ်ဈေး – ၇၁၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၇၀ ကျပ် ဝယ်ဈေး –…

Read More

နေတိုးအဖွဲ့ဝင် ပိုလန်လေပိုင်နက်ကို ရုရှားမဟာမိတ် ဘီလာရုစ်စစ်လေယာဉ်တွေ ချိုးဖောက်ဝင်ရောက်

ဝါဆော၊ သြဂုတ်-၂-၂၀၂၃ မျိုးဆက်(VOM) ရုရှားရဲ့ အနီးကပ်မဟာမိတ်ဖြစ်တဲ့ ဘီလာရုစ်စစ်ရဟတ်ယာဉ်တွေ ပိုလန်လေပိုင်နက်ကို ချိုးဖောက်ဝင်ရောက်မှုကြောင့် နိုင်ငံအရှေ့ပိုင်းနယ်စပ်ကို ပိုလန်တပ်ဖွဲ့ဝင်တွေအရှိန်မြှင့်စေလွှတ်နေပါတယ်။ ဘီလာရုစ်စစ်တပ်ကနော့ စစ်ရဟတ်ယာဉ်တွေ လေပိုင်နက်ချိုးဖောက်တယ်ဆိုတာကို ငြင်းဆိုထားပြီး နေတိုးအဖွဲ့ဝင်ပိုလန်ဟာ တပ်ဖွဲ့ဝင်တွေ ပိုမိုဖြန့်ကြက်လိုတာကြောင့် အကြောင်းပြချက်ရှာတာဖြစ်ကြောင်း ဘီလာရုစ် စစ်တပ်က ပြောပါတယ်။ နယ်စပ်ဒေသကို တိုက်ခိုက်ရေးရဟတ်ယာဉ်တွေအပါအဝင် နောက်ထပ်တပ်ဖွဲ့ဝင်တွေနဲ့ စစ်လက်နက်ပစ္စည်းတွေ ပို့ဆောင်ဖြန့်ကြက်နေကြောင်း ပိုလန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ အဲဒီလို ဘီလာရုစ်က လေပိုင်နက်ချိုးဖောက်တာနဲ့ပတ်သက်ပြီး နေတိုးအဖွဲ့ကို ပိုလန်က အကြောင်းကြားထားပြီး ဒီကိစ္စအပေါ် ရှင်းလင်းချက်ပေးဖို့ ဘီလာရုစ်သံရုံးတာဝန်ခံကို ဆင့်ခေါ်ထားကြောင်း ပိုလန်တာဝန်ရှိသူတွေက ပြောပါတယ်။ ဘီလာရုစ်သမ္မတ လူကာရှင်ကိုဟာ ယူကရိန်းစစ်ပွဲအတွက် ရုရှားတပ်တွေကို ဘီလာရုစ်ပိုင်နက်ကို အသုံးပြုခွင့်ပေးထားပေမယ့် ဘီလာရုစ်စစ်တပ်ကိုတော့စစ်ပွဲမှာ ပါဝင်ခွင့်ပြုမထားပါဘူး။ Ref: Reuters Photo:Reuters #Voice of Myanmar# ပိုလန်# ဘီလာရုစ် စစ်ရဟတ်ယာဉ်# လေပိုင်နက်

Read More

မူဆယ်နဲ့ နမ့်ခမ်းကြားမှာ တပ်နဲ့ TNLA တို့ တိုက်ပွဲ ထပ်မံဖြစ်ပွား

ဩဂုတ် ၂- ၂၀၂၃ Shy V(VOM) တရုတ် – မြန်မာနယ်စပ်၊ မူဆယ်မြို့နဲ့ နမ့်ခမ်းမြို့ကြားရှိ ဇယ်လန့်ရွာအနီးတဝိုက်မှာ တပ်နဲ့ TNLA တို့အကြား ဒီကနေ့ ဩဂုတ် ၂ ရက် မနက် ၁၀ နာရီခွဲကျော်ခန့်ကစပြီး တိုက်ပွဲထပ်မံဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “ရွာထိပ်မှာ ဘုရားရှိတယ်လေ အဲ့ဒီနားမှာ ဖြစ်တာ။ ဒီမနက် ၁၀ နာရီကျော် ကတည်းက။ ရွာကလူတွေက ဘုန်းကြီးကျောင်းမှာ ထွက်ပြေး လာနေကြတယ်၊ လက်နက်ကြီးက နမ့်ဖတ်ကာ ဘက်ကတော့ ပစ်ကူနေတာ မရှိပေမယ့် မူဆယ် ၁၀၅ မိုင်ကနေ ပစ်ကူနေတယ်”လို့ ဒေသခံ အမျိုးသမီး ၁ ဦး ကပြောပါတယ်။ ဒေသခံအမျိုးသား ၁ ဦးကလည်း “ပစ်နေကြတယ် ပလောင်နဲ့။ အရင်နေ့တွေက အဆက်နေမှာပေါ့၊ မူဆယ် ၁၀၅ မိုင်ဘက်ကနေ…

Read More

မြောက်ဥက္ကလာ မြို့နယ်ခန်းမနဲ့ ရွှေပေါက္ကံထွေ/အုပ်ရုံး မိုင်းခွဲခံရ၊ ထိခိုက်မှုတွေရှိ

ဩဂုတ် ၂ – ၂၀၂၃ SN (VOM) ရန်ကုန်မြို့မှာ နစကတပ်စွဲထားတဲ့ မြောက်ဥက္ကလာပ မြို့နယ်ခန်းမနဲ့ ရွှေပေါက္ကံထွေအုပ်ရုံးမှာ မနေ့ ဩဂုတ် ၁ ရက် ညပိုင်းက အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မနေ့ ည ၈ နာရီကျော်က ရွှေပေါက္ကံ ထွေ/အုပ်ရုံးမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့သလို မြောက်ဥက္ကလာပမြို့နယ်၊ အဝိုင်းကြီးမှာရှိတဲ့ မြို့နယ်ခန်းမမှာလည်း ည ၉ နာရီကျော်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ “ပေါက်ကွဲမှုတွေဖြစ်ပြီး လူနာတင်ကားနဲ့ စစ်ကားတွေ အရေးပေါ် အသံပေး၊ ဝီစီတွေမှုတ် ယောက်ယက်ခတ် သွားလာနေတာတော့ တွေ့ရတယ်။ မေဓါဝီဆေးရုံရှေ့မှာလည်း ရဲတပ်ဖွဲ့က ကင်းပုန်းဝပ် လုံခြုံရေးယူနေတာ တွေ့ရတယ်။ လမ်းသွားလမ်းလာတွေကိုလည်း တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ရွှေပေါက္ကံထွေအုပ်ရုံး တိုက်ခိုက်မှုကို မြောက်ဥက္ကလာပမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ခွဲ…

Read More

ယနေ့ ‌ရွှေဈေး (သြဂုတ်-၂ ရက်)

ယနေ့ ‌ရွှေဈေး (သြဂုတ်-၂ ရက်) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၄၈ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၅၇၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၃၄၀၀၀၀ ကျပ် ဝယ်ဈေး ၃၃၃၀၀၀၀ ကျပ် #Voice of Myanmar# ယနေ့#ရွှေဈေး

Read More

ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းကို အင်အားပြင်းတိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်၊ မုန်တိုင်းကြောင့် တရုတ်မှာ လူ (၃၀) ကျော်သေဆုံး

တိုကျို၊ သြဂုတ်-၂-၂၀၂၃ မျိုးဆက်(VOM) အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း ခန်းနမ်ဟာ ဂျပန်နိုင်ငံတောင်ပိုင်းကို ဝင်ရောက်တိုက်ခတ်နေပြီး အိုကီနာဝါကျွန်းရှိ ဒေသခံသုံးပုံတပုံကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးထားရပြီး လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုတွေ ဖြစ်ပေါ်နေပါတယ်။ အိုကီနာဝါကျွန်းစုတွေမှာ တနာရီကို လေတိုက်နှုန်း ၁၅၆ မိုင်နှုန်းနဲ့ မုန်တိုင်းတိုက်ခတ်နေပြီး လေယာဉ်ခရီးစဉ် ၉၀၀ ကျော်ကို ဖျက်သိမ်းလိုက်ရကြောင်း တာဝန်ရှိသူများက ပြောသည်။ မကြာသေးမီသီတင်းပတ်တွေအတွင်း အရှေ့အာရှကိုတိုက်ခတ်တဲ့ တတိယမြောက် တိုင်ဖွန်းမုန်တိုင်း ခန်းနမ်းကြောင့် တရုတ်နိုင်ငံ မြို့တော်ပေကျင်းမှာ နှစ်ပေါင်း ၁၄၀ အတွင်း အပြင်းထန်ဆုံးနဲ့ အဆိုးရွားဆုံး မိုးရွာသွန်းမှုတွေ စံချိန်တင်ဖြစ်ပွားခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ အဲဒီမုန်တိုင်းတိုက်ခတ်မှုကြောင့် မိုးသည်းထန်စွာရွာသွန်း ရေကြီးရေလျှံမှုတွေကြောင့် လူ ၃၄ ဦးသေဆုံးခဲ့ပါတယ်။ မကြာသေးမီက ဖိလစ်ပိုင်နဲ့ ထိုင်ဝမ်တို့ကို တိုက်ခတ်ခဲ့တဲ့ စူပါမုန်တိုင်း တာလင်နဲ့ဒေါ့ခ်ဆူရီတို့ပြီးနောက် အရှေ့အာရှကို တိုက်ခတ်မယ့် တတိယမြောက်လည်းဖြစ်ပါတယ်။ ကမ္ဘာကြီးပူနွေးလာမှုဟာ အာရှတခွင်မှာ မုန်တိုင်းတွေနဲ့…

Read More

အခုနှစ် ကြံရာသီ ကြံတစ်တန် ၁၁၀၀၀၀ ကျပ်နဲ့ သကြားစက်ရုံအချို့ စျေးစဖွင့်၊ စက်ရုံအားလုံး တပြေးညီ စျေးပေးဖို့ တောင်သူတွေလိုလား

ဩဂုတ် ၂– ၂၀၂၃ GG(VOM) အခုနှစ်၂၀၂၃ – ၂၀၂၄ ကြံစိုက်ရာသီမှာ ကြံ (၁)တန်ကို အမြင့်ဆုံးစျေး ၁၁၀၀၀၀ ကျပ်နဲ့ ဝယ်ယူသွားမယ်လို့ သကြားစက်ရုံအချို့က တောင်သူတွေကို မနေ့ သြဂုတ် ၁ ရက်နေ့မှာ အသိပေးလိုက်တယ်လို့ သိရပါတယ်။ ကြံတစ်တန် ၁ သိန်း ၁ သောင်းကျပ်နဲ့ ဝယ်ယူမယ့်အကြောင်းကို ရှမ်းပြည်နယ်မှာရှိတဲ့ ငွေရည်ပုလဲ သကြားစက်ရုံက စတင်ကြေညာလိုက်တာဖြစ်ပြီး ကျန်တဲ့စက်ရုံတွေကိုလည်း အလားတူ စျေးနူန်းနဲ့သာ ဝယ်ယူပေးဖို့ ကြံစိုက်တောင်သူတွေက ပြောပါတယ်။ စိုက်ပျိုးရေးသွင်းအားစုတွေဖြစ်တဲ့ မြေသြဇာ၊ ပိုးသတ်ဆေး အပါအဝင် စိုက်ပျိုးရေး ဆေးမျိုးစုံ၊ စက်သုံးဆီစျေး၊အလုပ်သမားငှားရမ်းခနူန်းတွေဟာ၂၀၂၁ ခုနှစ်ကစပြီး စျေးနူန်းမြင့်တက်လာတာကြောင့် ကြံ စိုက်ပျိုးစရိတ်ကြီးမြင့်လို့ သကြားစက်တွေအနေနဲ့ ကြံတစ်တန်ကို ငွေကျပ် ၁ သိန်း ၁ သောင်းနူန်းက စပြီး အဝယ်ယူပေးဖို့ တောင်းဆိုရတာဖြစ်တယ်လို့ ကြံစိုက်တောင်သူတွေကဆို…

Read More
VOM News

FREE
VIEW