ကမ္ဘောဒီးယားရှိ စာသင်ကျောင်းမှ စစ်ကျန်လက်နက် ထောင်ပေါင်းများစွာ တွေ့ရှိ

ဖနွမ်းပင်၊ သြဂုတ်-၁၄-၂၀၂၃
မျိုးဆက်(VOM)

ကမ္ဘောဒီးယားနိုင်ငံအရှေ့မြောက်ပိုင်းရှိ အထက်တန်းကျောင်းထဲကနေ စစ်ကျန် မပေါက်ကွဲသေးတဲ့ လက်နက်ခဲယမ်းမီးကျောက် ထောင်ပေါင်းများစွာ တွေ့ရှိပြီးနောက် အဲဒီကျောင်းကို ယာယီပိတ်ထားလိုက်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ကမ္ဘောဒီးယားဟာ ဆိုးရွားတဲ့ပြည်တွင်းစစ်ဖြစ်ပြီးနောက် ၄၈ နှစ်ကြာချိန်ထိ ကမ္ဘောပေါ်မှာ မိုင်းအများအပြား ကျန်ရှိနေတဲ့ နိုင်ငံများထဲမှ တနိုင်ငံဖြစ်ပါတယ်။ စုစုပေါင်း လက်နက်ခဲယမ်း ၂၀၀၀ ကျော်ကို သုံးရက်အတွင်း ရှာဖွေတွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူတဦးကပြောပါတယ်။

ပြည်တွင်းစစ်ကာလအတွင်း လက်ရှိခဲယမ်းမီးကျောက်တွေ တွေ့ရှိခဲ့တဲ့ ခရာတိုင်းပြည်နယ်ရှိ ကိုဆိုမာ့ခ် အထက်တန်းကျောင်းကိုစစ်စခန်းအဖြစ် အသုံးပြုခဲ့ကြပါတယ်။ တွေ့ရှိခဲ့ရတဲ့ လက်နက်တွေထဲမှာ လက်ပစ်ဗုံးတွေနဲ့ တင့်ကားဖျက်လောင်ချာတွေအပါအဝင် အခြားသော လက်နက်ခဲယမ်းတွေ ပါဝင်နေပါတယ်။

ပန်းခြံချဲ့ထွင်ဖို့ မြေရှင်းလင်းမှုတွေ လုပ်ဆောင်စဉ် လက်နက်တွေကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ကျောင်းတကျောင်းလုံးကို ရှင်းလင်းတူးဖော်ရဖွယ်ရှိကြောင်း တာဝန်ရှိသူတွေကပြောပါတယ်။

ကမ္ဘောဒီးယားနိုင်ငံရဲ့ ရှစ်နှစ်ကြာပြည်တွင်းစစ်ဟာ ၁၉၇၅ ခုနှစ်မှာ ပြီးဆုံးခဲ့ပေမယ့်လည်း နိုင်ငံတဝန်း ပျံ့ကြဲနေတဲ့ မြေမြုပ်မိုင်းတွေကြောင့် သေဆုံးမှုတွေရှိနေဆဲဖြစ်ကြောင်း သိရပါတယ်။

Ref:BBC
Photo:AFP
#Voiceofmyanmar #VOM #Thousands of war-era explosives # Cambodia

Related posts

Leave a Comment

VOM News

FREE
VIEW