ဒုံးကျည်တွေ တိုးမြှင့်ထုတ်လုပ်ဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် အမိန့်ထုတ်

ပြုံးယမ်း၊ သြဂုတ်-၁၄-၂၀၂၃
မျိုးဆက်(VOM)

မြောက်ကိုရီးယားရဲ့ ဒုံးကျည်ထုတ်လုပ်နိုင်စွမ်းကို တိုးမြှင့်ဖို့ ခေါင်းဆောင်ကင်ဂျုံအန်က တာဝန်ရှိသူတွေကို အမိန့်ထုတ်လိုက်ပါတယ်။

ကင်ဂျုံအန်ဟာ ဒုံးကျည်တွေ၊ လောင်ချာတွေနဲ့ အခြားမဟာဗျူဟာမြောက် လက်နက်တွေထုတ်လုပ်တဲ့ စက်ရုံကို သွားရောက်စစ်ဆေးပြီးနောက် အခုလိုအမိန့်ထုတ်လိုက်တာဖြစ်ကြောင်း မြောက်ကိုရီးယားအာဏာရ အလုပ်ပါတီသတင်းစာ ရိုဒေါင်ဆင်မွန်က ဖော်ပြထားပါတယ်။

ယူကရိန်းစစ်ပွဲမှာ ရုရှားအသုံးပြုနိုင်ဖို့အတွက် မြောက်ကိုရီးယားဟာ လက်နက်တွေတင်ပို့ဖို့ ကြိုးပမ်းဖွယ်ရှိကြောင်း တောင်ကိုရီးယားအခြေစိုက် ယွန်ဟတ်သတင်းဌာနက အစောပိုင်းမှာ ဖော်ပြထားပါတယ်။

ဒီအတောအတွင်း အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ ကိုရီးယားကျွန်းဆွယ်မှာ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေအတွက် ကြိုတင်ပြင်ဆင်ဖို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို လာမယ့်အပတ်မှာ စတင်မယ်လို့ ကြေညာထားပါတယ်။

Ulchi Freedom Shield ပူးတွဲစစ်ရေးလေ့ကျင့်မှုကို သြဂုတ် ၂၁ ရက်ကနေ ၃၁ ရက်ထိ ပြုလုပ်သွားမှာဖြစ်ပြီး စစ်ရေးလေ့ကျင့်မှုပေါင်း ၃၀ ကျော်ပြုလုပ်ဖို့ စီစဉ်ထားကြောင်း အမေရိကန်နဲ့ တောင်ကိုရီးယားစစ်တပ်က ထုတ်ပြန်ကြေညာထားပါတယ်။

Ref: NHK
Photo:Reuters
#voiceofmyanmar #VOM #NorthKoreanleader #Kim Jong Un #orders #making more missiles

Related posts

Leave a Comment

VOM News

FREE
VIEW