အခေါက်ရွှေ ပြင်ပဈေး တစ်ကျပ်သား ၃၈ သိန်းကျော် ရောက်လာ

ဩဂုတ် ၁၆ – ၂၀၂၃ SN (VOM) ပြည်တွင်း အခေါက်ရွှေ ပြင်ပဈေးဟာ မနေ့ ဩဂုတ် ၁၅ ရက်ကစလို့ တစ်ကျပ်သား ကျပ် ၃၈ သိန်းအထက် ရောက်ရှိလာတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။ ပြင်ပရွှေပေါက်စျေးဟာ မနေ့ ဩဂုတ် ၁၅ ရက်၊ နေ့လယ်ပိုင်းက ကျပ် ၃၇၃၀၀၀၀ ဝန်းကျင်မှာ ရှိနေခဲ့ရာက အဲ့ဒီ့နေ့ ညနေပိုင်းမှာ ၃၈၁၀၀၀၀ ဝန်းကျင်ကို ရောက်ရှိခဲ့တာဖြစ်ပြီး ဒီကနေ့ ဩဂုတ် ၁၆ ရက်၊ မွန်းလွဲပိုင်းမှာတော့ ၃၈၂၀၀၀၀ ဝန်းကျင် ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။ “ဒေါ်လာဈေးကလည်း တရိပ်ရိပ် တက်နေတယ်။ ဘတ်ဈေးကလည်း ၁၀၀ အထက်ကို ရောက်လာတယ်။ ကျပ်ငွေတန်ဖိုးတွေ ဆက်တိုက် ကျဆင်းနေတဲ့အတွက် ရွှေဝယ်စုတာတွေ ပိုများလာတယ်။ အဲ့ဒါကြောင့် ရွှေဈေးက အတက်ဘက်ကို ပိုရောက်နေတာ။…

Read More

အာဏာသိမ်း နိုင်ဂျာမှာ စစ်ရေးကြားဝင်ဖို့ အီကိုဝပ်စ်အဖွဲ့ စစ်ဦးစီးချုပ်တွေ ဂါနာမှာဆွေးနွေးဖို့ စီစဉ်

နီယာမေ၊ သြဂုတ်-၁၆-၂၀၂၃ မျိုးဆက်(VOM) အာဏာသိမ်းမှုဖြစ်ပွားခဲ့တဲ့ နိုင်ဂျာနိုင်ငံမှာ စစ်ရေးအရ ကြားဝင်ဖို့နဲ့ပတ်သက်ပြီး အနောက်အာဖရိက စီးပွားရေးနဲ့နိုင်ငံရေးအစုအဖွဲ့ အီကိုဝက်စ်အဖွဲ့ရဲ့ ဒေသတွင်းစစ်ဦးစီးချုပ်တွေဟာ ယခုသီတင်းပတ်နှောင်းပိုင်းအတွင်း ဂါနာမှာ တွေ့ဆုံဆွေးနွေးဖို့စီစဉ်ထားပါတယ်။ လွန်ခဲ့တဲ့လက စစ်အာဏာသိမ်းခဲ့တဲ့ နိုင်ဂျာနိုင်ငံမှာ အီကိုဝက်စ်အဖွဲ့ရဲ့ ဖြစ်နိုင်ခြေရှိတဲ့ စစ်ရေးကြားဝင်မှုနဲ့ပတ်သက်ပြီး အဲဒီအစည်းအဝေးမှာ ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဒေသတွင်းနိုင်ငံတွေရဲ့ စစ်တပ်အကြီးအကဲတွေ တွေ့ဆုံမယ့် အစီအစဉ်ကို ယခင်က ရွှေ့ဆိုင်းထားခဲ့ပါတယ်။ လက်ရှိမှာ ဒေသတွင်း ဒီမိုကရေစီနိုင်ငံတွေဟာ နိုင်ဂျာမှာ စစ်ရေးအရကြားဝင်လိုပုံရနေပြီး အဲဒီလို စွက်ဖက်မှုဟာ မငြိမ်မသက်ဖြစ်နေတဲ့ ဒေသတွင်းမှာ နောက်ထပ်မတည်ငြိမ်မှုတွေ ဖြစ်လာနိုင်ကြောင်း လေ့လာသူတွေက သုံးသပ်ပြောဆိုပါတယ်။ နိုင်ဂျာအာဏာသိမ်းခေါင်ဆောင်နဲ့ အစ္စလာမ်ဘာသာရေးဆရာများအဖွဲ့တို့အကြား တွေ့ဆုံဆွေးနွေးအပြီး နိုင်ဂျာမှာ သံတမန်ရေးရာ ပြေလည်မှုရရှိလိမ့်မယ်လို့ သီတင်းပတ်ကုန်ပိုင်းက မျှော်လင့်ခဲ့ပါတယ်။ ဒါပေမယ့် နောက်တနေ့မှာတော့ ဒီမိုကရေစီနည်းကျရွေးကောက်ခံသမ္မတ မိုဟာမက်ဘာဇိုအမ်ဟာ နိုင်ငံတော်ပုန်ကန်မှုကျူးလွန်ကြောင်း အာဏာပိုင်တွေက စွပ်စွဲခဲ့ပြီး သူ့ကိုဖြုတ်ချအာဏာသိမ်ဖို့ လုံလောက်တဲ့ သက်သေအထောက်အထားတွေရှိကြောင်း ထုတ်ပြန်ခဲ့ပါတယ်။…

Read More

တာလီဘန်တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အိုင်စီစီမှာ အရေးယူဖို့ တောင်းဆို

ဝါရှင်တန်၊ သြဂုတ်-၁၅-၂၀၂၃ မျိုးဆက်(VOM) တာလီဘန်တို့ရဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂရဲ့ ကမ္ဘာလုံးဆိုင်ရာပညာရေး အထူးသံတမန်နဲ့ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဂေါ်ဒွန်ဘရောင်းက အိုင်စီစီကို တောင်းဆိုလိုက်ပါတယ်။ အာဖဂန်နစ္စတန်ကို တာလီဘန်တို့ ထိန်းချုပ်မှု နှစ်နှစ်ပြည့်အထိမ်းအမှတ်နေ့ သြဂုတ် ၁၅ ရက်မှာ ကုလသမဂ္ဂအထူးသံတမန်က အိုင်စီစီကိုတောင်းဆိုခဲ့တာဖြစ်ပါတယ်။ အာဖဂန်နစ္စတန်မှာ တာလီဘန်တို့ရဲ့အုပ်ချုပ်မှုအတွင်း မိန်းကလေးငယ်တွေကို အလယ်တန်းကျောင်းတက်ခွင့်နဲ့ အမျိုးသမီးတွေကို ကုလသမဂ္ဂနဲ့ အင်န်ဂျီအိုအဖွဲ့အစည်းတွေမှာ အလုပ်လုပ်ခွင့် တားမြစ်ပိတ်ပင်ထားပါတယ်။ အဲဒီလို ကျား၊မ ခွဲခြားဆက်ဆံခြင်းကို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုအဖြစ် သတ်မှတ်ပြီး တာဝန်ရှိသူတွေကို တရားစွဲဆို အရေးယူနိုင်ဖို့အတွက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သင့်ကြောင်း ဂေါ်ဒွန်ဘရောင်းက ဆိုပါတယ်။ ဒါဟာ ကမ္ဘာတဝန်းမှာ မိန်းကလေးတွေနဲ့အမျိုးသမီးတွေအပေါ် လူ့အခွင့်အရေး အလွဲသုံးစားလုပ်မှုတွေအတွက် ပြင်းထန်တဲ့ အရေးယူမှုဖြစ်ပြီး ဒီလိုလုပ်နိုင်မယ်ဆိုရင် အခြား အလားတူ အရေးယူနိုင်ဖို့ လုပ်ဆောင်လာမှုတွေ ရှိလာလိမ့်မယ်လို့…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (သြဂုတ်-၁၆ ရက်)

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (သြဂုတ်-၁၆ ရက်) Voice of Myanmar -အမေရိကန် ဒေါ်လာ ရောင်းဈေး – ၃၆၆၅ ကျပ် ဝယ်ဈေး – ၃၆၀၀ ကျပ် -စင်္ကာပူ ရောင်းဈေး – ၂၆၉၀ ကျပ် ဝယ်ဈေး – ၂၆၁၀ ကျပ် -ယူရို ရောင်းဈေး – ၃၉၇၀ ကျပ် ဝယ်ဈေး – ၃၈၀၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၄ ကျပ် ဝယ်ဈေး – ၁၀၁ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၉၀ ကျပ် ဝယ်ဈေး – ၇၆၂ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၅၁၀ ကျပ် ဝယ်ဈေး –…

Read More

အမေရိကန်စစ်သား ထရာဗစ်ကင်း မြောက်ကိုရီးယားမှာ ခိုလှုံဖို့ဆန္ဒရှိနေတယ်လို့ဆို

ပြုံးယမ်း၊ သြဂုတ်-၁၆-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်စစ်သား ထရာဗစ်ကင်းဟာ စစ်တပ်အတွင်း လူမဆန်စွာနှိပ်စက်ညှဉ်းပန်းမှုနဲ့ လူမျိုးရေးခွဲခြားမှုတို့ကြောင့် မြောက်ကိုရီးယားပိုင်နက်အတွင်းကို လွန်ခဲ့တဲ့လကဖြတ်ကျော်ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားတာဝန်ရှိသူတွေက ပြောပါတယ်။ အသက် ၂၃ နှစ်အရွယ် အမေရိကန်စစ်သား ထရာဗစ်ကင်းဟာ ခရီးသွားအဖွဲ့တဖွဲ့နဲ့အတူ ကိုရီးယားနှစ်နိုင်ငံနယ်စပ်ကို သွားရောက်စဉ် မြောက်ကိုရီးယားပိုင်နက်ထဲကို ဇူလိုင် ၁၈ ရက်က ဖြတ်ကျော်ဝင်ရောက်သွားခဲ့တာဖြစ်ပါတယ်။ သူဟာ မြောက်ကိုရီးယားမှာ ခိုလှုံဖို့ဆန္ဒရှိနေကြောင်း ထုတ်ဖော်ပြောကြားခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာနက ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် ထရာဗစ်ကင်းကိစ္စနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားရဲ့ ပထမဆုံးအကြိမ် လူသိရှင်ကြား ထုတ်ဖော်ပြောဆိုမှုအပေါ် အတည်မပြုနိုင်သေးကြောင်း အမေရိကန်တာဝန်ရှိသူတဦးကပြောပါတယ်။ အမေရိကန်ရဲ့ ဦးစားပေးတော့ ထရာဗစ်ကင်းကို ရရှိနိုင်သမျှလမ်းကြောင်းတွေကတဆင့် အမေရိကန်ကို ပြန်ခေါ်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။ ထရာဗစ်ကင်းဟာ မြောက်ကိုရီးယားဘက်ကို ဖြတ်ကျော်မသွားမီ ကျူးလွန်ထားတဲ့ ပြစ်မှုတွေကြောင့် တောင်ကိုရီးယားမှာ နှစ်လထိန်းသိမ်းခံခဲ့ရပြီး ဇူလိုင် ၁၀ ရက်တမှာ ပြန်လည်လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။ Ref:BBC #voiceofmyanmar #VOM…

Read More

ယနေ့ ရွှေဈေး (သြဂုတ်-၁၆ ရက်)

ယနေ့ ရွှေဈေး (သြဂုတ်-၁၆ ရက်) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၀၄ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၈၁၀၀၀၀ ကျပ် ဝယ်ဈေး ၃၈၀၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၆၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၅၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #VOM #TodayGoldprice #August16

Read More

မုံရွာ – မြင်းခြံ ထောင်ပြောင်းရွှေ့ကား လမ်းမှာ မိုင်းမိလို့ အကျဥ်းသား ၃ ဦးနဲ့ ကားသမား ၁ ယောက် သေဆုံး

သြဂုတ် ၊ ၁၆ ၊ ၂၀၂ SP ( VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ မုံရွာအကျဥ်းထောင်ကနေ မြင်းခြံအကျဥ်းထောင်ကို ပြောင်းရွှေ့ခံရတဲ့ အကျဥ်းသားတွေပါ ယာဥ်တန်းဟာ မနေ့ သြဂုတ် ၁၅ ရက်မနက်ပိုင်းက မုံရွာ – မန္တလေးကားလမ်းမှာ မိုင်းထိခဲ့လို့ အကျဥ်းသားတွေ သေဆုံး ဒဏ်ရာရခဲ့တယ်လို့ အကျဥ်းဦးစီးနဲ့ နီးစပ်သူ အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” မိုင်းခွဲတိုက်ခိုက်ခံရတဲ့ နေရာက ၂ နေရာဖြစ်တယ် ၊ မုံရွာ – မန္တလေး ကားလမ်း ချောင်းဦးမြို့နယ် ခင်မွန်ရွာနားနဲ့ မြင်းမူမြို့နယ်ထဲမှာ ဖြစ်တယ် ၊ အဲ့ဒီ မိုင်းခွဲတိုက်ခိုက်မှုကြောင့် အကျဥ်းသား ၃ ယောက်နဲ့ ကားသမားတယောက် သေတယ် ၊ ၁၀ ယောက်ကျော် ဒဏ်ရာရတယ် “လို့ အကျဥ်းထောင်နဲ့…

Read More

This Day in History August16

This Day in History August16 Voice of Myanmar ရော့ခ်အင်န်ရိုးဂီတဘုရင်ဟု သတ်မှတ်ခံခဲ့ရသည့် အမေရိကန် အဆိုတော် အဲဗစ်ပရက်စလေ (၄၂ နှစ်) သည် ၁၉၇၇ ခုနှစ် သြဂုတ် ၁၆ ရက်တွင် တင်နက်ဆီပြည်နယ်ရှိ နေအိမ်တွင် နှလုံးရောဂါဖြင့် ရုတ်တရက်ကွယ်လွန်ခဲ့သည်။ #voiceofmyanmar #VOM # ThisDayinHistory #August16

Read More

ထားဝယ်အကျဥ်းထောင်က ဒု/ထောင်မှူးအိမ်မှာ မူးယစ်ဆေး၊ ဖုန်းအလုံး ၇၀ ကျော်နဲ့ ကျည်ဆံတွေ ဖမ်းမိ

ဩဂုတ် ၁၆ – ၂၀၂၃ GG (VOM) တနင်္သာရီတိုင်း၊ ထားဝယ်အကျဥ်းထောင်က အကျဥ်းဦးစီးအရာရှိ ဒု/ထောင်မှူးဖြစ်သူရဲ့ ဝန်ထမ်းလိုင်းခန်းနေအိမ်က​နေ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖုန်းတွေ ၊ ကျည်ဆံတွေ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ် ။ ဖြစ်စဥ်မှာ ဩဂုတ်လ ၁၄ ရက် မွန်းလွဲပိုင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အကျဥ်းဦးစီးဌာနက ဝန်ထမ်းအိမ်ယာမှာ နေထိုင်တဲ့ ဒု/ထောင်မှူးဖြစ်သူ ဦးသူရိန်ထွန်း အိမ်ကို ဝင်ရောက်ရှာဖွေရာကနေ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ် ။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ထားဝယ်မြို့လုံခြုံရေး အဖွဲ့နဲနီးစပ်သူတစ်ဦးက ” အကျဥ်းဦးစီးဌာနက သုံးပွင့်ရှိတဲ့သူပါ ၊WY အပြား ၄၀၀ မိတယ် ၊ ကျည်ဆံတွေက ခြောက်လှန့်ပစ်ခတ်ဖို့ ထုတ်ယူထားပြီး အိမ်မှာသိမ်းထားတဲ့ ပစ္စည်းတွေ ၊ ကျည်ဆံတွေက အမှုဖွင့်မရဘူး ၊ တရားဝင် ပစ္စည်းတွေဖြစ်လို့ပါ”လို့ ပြောပါတယ် ။ ဒု/ထောင်မှူး နေအိမ်ကနေ…

Read More

ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေး ဖမ်းဆီးခံရ

သြဂုတ် ၁၆-၂၀၂၃ MM(VOM) ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ ရခိုင်အမျိုးသမီးများကွန်ရက်ဥက္ကဋ္ဌဖြစ်သူ ဒေါ်ညိုအေးကို သက်ဆိုင်ရာက ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ ဒေါ်ညိုအေးကို စစ်တွေမြို့မရဲစခန်းနဲ့ အခြားတာဝန်ရှိသူတွေက ဩဂုတ် ၁၅ ရက် နေ့လယ်ပိုင်း စစ်တွေမြို့၊မင်းဂံရပ်ကွက်က နေအိမ်မှာ လာရောက်ဖမ်းဆီးသွားတာဖြစ်တယ်လို့ သိရပါတယ်။ ဒေါ်ညိုအေးကို ဩဂုတ် ၁၃ ရက်က စစ်တွေမြို့မှာပြုလုပ်ခဲ့တဲ့ ၅၆ နှစ်မြောက် ဆန်ပြဿနာနေ့ အောက်မေ့ဖွယ် အခမ်းအနားမှာ တက်ရောက်ခဲ့တဲ့အတွက် အခုလို ဖမ်းဆီးခံရတာလို့ နီးစပ်တဲ့ သူတွေဆီကနေ သိရပါတယ်။ “အဖမ်းခံရတာ မှန်ပါတယ်။ ဩဂုတ် ၁၃ ရက်နေ့ ကိစ္စနဲ့ပတ်သက်လို့ မေးမြန်းစရာရှိတယ်ဆိုပြီး ခေါ်သွားတာ။”လို့ နီးစပ်သူတစ်ယောက်ကပြောပါတယ်။ ဒေါ်ညိုအေးကို မနေ့ သြဂုတ် ၁၅ ရက်ကပဲသက်ဆိုင်ရာဘက်က တရားရုံးမှာ ဦးတိုက်လျှောက်ပြီး နိုင်ငံဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ) နဲ့အမှုဖွင့်ထားတယ်လို့ သိရပါတယ်။…

Read More
VOM News

FREE
VIEW