ဂျပန် နျူကလီးယားဓါတ်အားပေးစက်ရုံက ရေဒီယိုသတ္တိကြွရေတွေ (၄၈)နာရီအတွင်း ပင်လယ်ထဲ စွန့်ထုတ်တော့မယ်

တိုကျို၊ သြဂုတ်-၂၂-၂၀၂၃
မျိုးဆက်(VOM)

အိမ်နီးချင်းနိုင်ငံတွေရဲ့ ကန့်ကွက်မှုတွေရှိနေပေမယ့် ဂျပန်နိုင်ငံဟာ ဆူနာမီကြောင့် ပျက်စီးသွားတဲ့ ဖူကူရှီးမား နျူကလီးယားဓါတ်အားပေးစက်ရုံ သန့်စင်ပြီး ရေဒီယိုသတ္တိကြွရေတွေကို သြဂုတ် ၂၄ ရက်တွင် ပင်လယ်ထဲကို စတင်စွန့်ထုတ်လွှတ်တော့မှာဖြစ်ပါတယ်။

အခုလို ရေတွေစွန့်ထုတ်မယ့် အစီအစဉ်ကို နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီက ဘေးကင်းလုံခြုံရေးစံနှုန်းတွေနဲ့ကိုက်ညီကြောင်း အတည်ပြုပြီးနောက် သီတင်းပတ်အနည်းငယ်အကြာမှာ စွန့်ထုတ်မယ့် နေ့ရက်အချိန်ကို ဂျပန်အစိုးရက ကြေညာလိုက်တာဖြစ်ပါတယ်။

ရာသီဥတု၊ ပင်လယ်ပြင်အခြေအနေတွေ သင့်လျော်ကာင်းမွန်ခဲ့မယ်ဆိုရင ်ရေတွေစွန့်ထုတ်ဖို့ အာဏာပိုင်များက ချက်ချင်း ညွန်ကြားဆောင်ရွက်သွားမှာဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ကီရှီဒါက ပြောပါတယ်။

မြို့တော်တိုကျိုရဲ့ အရှေ့မြောက်ဘက် ကီလိုမီတာ ၂၂၀ အကွာရှိ ဖူကူရှီးမားနျူကလီးယားဓါတ်အားပေးစက်ရုံကို ဖျက်သိမ်းရန်ဖို့ အချိန်ကာလလွန်စွာကြာမြင့်ပြီး ငွေကုန်ကြေးကျများပြီး လုပ်ငန်းစဉ်မှာ ရေများစွန့်ထုတ်ခြင်းဟာ လိုအပ်တဲ့ လုပ်ငန်းစဉ်ဖြစ်ကြောင်း ဂျပန်အစိုးရက ပြောပါတယ်။

ဂျပန်အစိုးရဟာ အဲဒီစက်ရုံက ရေဆိုးတွေကို သိုလှောင်ကန်တွေနဲ့ ဆယ်စုနှစ်တခုကျော်ကြာ စုဆောင်သိမ်းဆည်းခဲ့ပေမယ့် ဆက်လက်စုဆောင်းသိမ်းဆည်းဖို့ နေရာမလုံလောက်တော့ဘူးလို့ ဂျပန်တာဝန်ရှိသူတွေက ပြောပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #FukushimaNuclearDisaster #JapanTo release #TreatedWaterIn48 hours

Related posts

Leave a Comment

VOM News

FREE
VIEW