နိုင်ဂျာအာဏာသိမ်းမှုနဲ့ပတ်သက်ပြီး အမေရိကန်-ပြင်သစ် ဆက်ဆံရေး ပိုတင်းမာလာ

နီယာမေ၊ သြဂုတ်-၂၄-၂၀၂၃
Voice of Myanmar

နိုင်ဂျာနိုင်ငံအာဏာသိမ်းမှုက ပြင်သစ်အမေရိကန် မဟာမိတ် ဆက်ဆံရေးကို ပိုပြီးတင်းမာလာစေပါတယ်။

ဇူလိုင်လက အနောက်အာဖရိကနိုင်ငံ သမ္မတ ဖြုတ်ချခံရမှုအပေါ် တုံ့ပြန်မှုနဲ့ပတ်သက်ပြီး နှစ်နိုင်ငံအကြား သဘောထား ကွဲလွဲမှုတွေ ပိုဆိုးလာခဲ့တာပါ။ ပြင်သစ်က သံတမန်ရေးအရ အာဏာသိမ်းစစ်တပ်နဲ့ စေ့စပ်ဆွေးနွေး ရေးကို ငြင်းဆိုပြီး စစ်တပ်ရဲ့ခြိမ်းခြောက်မှုကိုခံနေရတဲ့ ပြည်တွင်းအဖွဲ့တွေအပေါ် အခိုင်အမာ ထောက်ခံထားပါ တယ်။

အမေရိကန်ကတော့ အာဏာသိမ်းခေါင်းဆောင်တွေနဲ့တွေ့ဆုံဖို့ သံတမန်အဖွဲ့ စေလွှတ်ခဲ့သလို သမ္မတ ဘာဇွန် ဖြုတ်ချခံရတာကို အာဏာသိမ်းမှုလို့ တရားဝင်သတ်မှတ်ခြင်းမရှိသေးပါဘူး။ ဒီမိုကရေစီကိုထိန်းသိမ်းဖို့ စေ့စပ် ညှိနှိုင်းရေးလမ်းစဉ်ရှိသေးတယ်လို့ ပြောနေတုန်းပါပဲ။

အမေရိကန်ရဲ့ လုပ်ရပ်ဟာ အာဏာသိမ်းစစ်တပ်ကို လုပ်ပိုင်ခွင့်ပေးလိုက်သလိုပဲလို့ ပြင်သစ်တာဝန်ရှိသူတွေက ပြောပါတယ်။ သူတို့အနေနဲ့ ငြိမ်းချမ်းတဲ့ဖြေရှင်းနည်းကို အားပေးပေမဲ့ အမေရိကန်ရဲ့ ချည်းကပ်နည်းကိုတော့ သဘောမကျကြပါဘူး။

ရုရှားရဲ့ယူကရိန်းကို ကျူးကျော်မှုအပါအဝင် တချို့အရေးကိစ္စတွေနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ ပြင်သစ်ကြား နီးကပ်တဲ့ပေါင်းစည်းမှု ရှိနေသေးပေမဲ့ ပြီးခဲ့တဲ့နှစ်တွေအတွင်း နှစ်နိုင်ငံအကြား တင်းမာမှုတွေ ပေါ်ထွက်လာနေ တာပါ။

အခြေအနေက ဒေသတွင်းအာဏာထိန်းညှိမှုအပြောင်းအလဲကို ဖော်ပြနေပြီး ပြင်သစ်နဲ့အမေရိကန်ရဲ့ နိုင်ဂျာနိုင်ငံ အပေါ် စိတ်ဝင်စားမှုမှာ ကွာခြားမှုတွေရှိတာ ထင်ရှားလာပါတယ်။

နိုင်ဂျာကို အကြမ်းဖက်တိုက်ဖျက်မှုစစ်ဆင်ရေးအတွက် အခြေစိုက်စခန်းအဖြစ်အသုံးပြုနေတဲ့ အမေရိကန်ဟာ နိုင်ဂျာအပေါ် ပြင်သစ်ထက် အမေရိကန်ရဲ့ ဩဇာက ပိုလွှမ်းမိုးမှုရှိတယ်လို့ ယူဆထားတာပါ။

ပြင်သစ်က အနောက်အာဖရိကမှာ တခြားနိုင်ငံတွေက သူ့ရဲ့ ဦးဆောင်မှု ဒါမှမဟုတ် လမ်းညွှန်မှုနောက်မှာ ရှိနေ တယ်လို့ မြင်ထားတာပါ။ အမေရိကန်အရာရှိဟောင်းတချို့ကတော့ အမေရိကန်ရဲ့ ချဉ်းကပ်မှုအပေါ် ပြင်သစ် မလိုလားတာက တခြားအာဏာသိမ်းအုပ်စုတွေက ပြင်သစ်တပ်တွေကို ရုပ်သိမ်းဖို့ ဖိအားပေးတဲ့ အနောက် အာဖရိက Sahel မှာ နောက်ဆုံးစစ်မဟာဗျူဟာခြေကုပ်ယူထားတဲ့ နိုင်ငံတနိုင်ငံကို ဆုံးရှုံးရမှာ စိုးရိမ်တာကြောင့် လို့ ဆိုပါတယ်။

နိုင်ဂျာမှာ ပြင်သစ်စစ်သား ၁၅၀၀ ရှိပြီး ပြင်သစ်အနေနဲ့ နိုင်ငံတွင်းက ထွက်သွားဖို့ ငြင်းဆိုတာဟာ ရွေးကောက်ခံ အစိုးရအပေါ် ထောက်ခံမှုကို ပြသတဲ့သဘောလည်း ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်နဲ့ ဆက်နွှယ်မှုရှိတဲ့ အမေရိကန်နိုင်ငံသား အလီ အယ် ဟူစိန်ကတော့ “နိုင်ဂျာရဲ့ စစ်ခေါင်းဆောင်အသစ်တွေဟာ ပြင်သစ်အပေါ် ယုံကြည်မှုမရှိတော့ဘူး” လို့ ပြောပါတယ်။ ဒါပေမဲ့ အမေရိကန်နဲ့ စေ့စပ်ညှိနှိုင်းဖို့တော့ ဆန္ဒရှိနေတယ်လို့လည်း ဆိုပါတယ်။

ပြင်သစ်တာဝန်ရှိသူတွေကတော့ သမ္မတဘာဇွန်အပေါ် ထောက်ခံမှုကိုပြဖို့ အာဏာသိမ်းခေါင်းဆောင်တွေနဲ့ စေ့စပ် ဆွေးနွေးမှုမလုပ်ပါဘူး။ “အာဏာသိမ်းစစ်တပ်အတွက် လူထုထောက်ခံမှုမရှိ” လို့ အကြီးတန်းပြင်သစ်သံအမတ် တယောက်က ဆိုပါတယ်။

ဒုတိယနိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူထားတဲ့ ဗစ်တိုးရီးယား နူလန်က နိုင်ဂျာကို သွားပြီး အာဏာသိမ်း စစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံကာ သူတို့ရဲ့ လုပ်ရပ်ကို ပြန်စဉ်းစားဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒါပေမဲ့ အာဏာသိမ်း စစ်တပ်ကတော့ ဒီမိုကရေစီဆန့်ကျင်ရေးလုပ်ဆောင်မှုတွေကို ပြောင်းလဲဖို့ ဆန္ဒရှိပုံမပေါ်ဘူးလို့ နောက်ပိုင်းမှာ ဝန်ခံခဲ့တယ်။

အိမ်ဖြူတော်လုံခြုံရေးကောင်စီ ပြောခွင့်ရသူက နိုင်ဂျာအရေးနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ပြင်သစ်အကြား တင်းမာမှုတွေရှိနေတာကို မငြင်းခဲ့ပါဘူး။ ဒါပေမဲ့ နှစ်နိုင်ငံ ပြောဆိုဆက်ဆံမှုတွေ ရှိနေဆဲဖြစ်သလို အာဖရိက နိုင်ငံတွေရဲ့ ကိုယ်စားလှယ်တွေနဲ့ ပြောဆိုနေဆဲလို့ ပြောသွားပါတယ်။

ဝါရှင်တန် ပြင်သစ်သံရုံးက ပြောရေးဆိုခွင့်ရှိသူကလည်း “နီးကပ်တဲ့ညှိနှိုင်းဆောင်ရွက်မှုနဲ့ ဆွေးနွေးမှုတွေ လုပ်နေ တယ်၊ ဒါပေမဲ့ နိုင်ဂျာရဲ့ ပဋိပက္ခကိုဖြေရှင်းဖို့ နည်းလမ်းရှာရာမှာ သဘောထားမတိုက်ဆိုင်မှုတွေတော့ ရှိပါတယ်” လို့ ဆိုပါတယ်။

“သမ္မတဘာဇွန်နဲ့မိသားစုတွေ လွတ်မြောက်ဖို့ အလေးထားဆောင်ရွက်နေသလို နိုင်ဂျာနိုင်ငံဖွဲ့စည်းပုံအောက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ညွှန်ကြားချက်ကို ထိန်းသိမ်းဖို့ သံတမန်ရေးရာလမ်းကြောင်းနဲ့ ဆက်သွားရေးကို အဓိကထားပါတယ်လို့” အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ အန်ဒရီနီ ဝတ်ဆန်က ထုတ်ပြန်ချက်မှာ ပြောသွားပါတယ်။

အမေရိကန်ဟာ အာဏာသိမ်းစစ်တပ်ကိုဖိအားပေးဖို့နဲ့ ဘာဇွန်အာဏာပြန်ရဖို့ နိုင်ဂျာမှာ လုပ်ဆောင်နေတဲ့ လုံခြုံရေးနဲ့ စီးပွားရေးအစီအစဉ်တချို့ကို ရပ်ဆိုင်းထားပါတယ်။ အမေရိကန်အနေနဲ့ ဒီအထောက်အပံ့ဟာ နိုင်ဂျာ အပေါ် အမေရိကန်ရဲ့ လွှမ်းမိုးမှုဩဇာအဖြစ် သတ်မှတ်ပေမဲ့ အကူအညီတွေ လုံးဝရပ်ဆိုင်းလိုက်ခြင်းက ဒီလွှမ်းမိုးမှု အားနည်းသွားမှာကိုလည်း စိုးရိမ်နေပါတယ်။

https://www.politico.com/news/2023/08/18/france-u-s-relations-niger-coup-00111842

Related posts

Leave a Comment

VOM News

FREE
VIEW