တောင်ပြုံးပွဲတော် ပုံရိပ်များ

ဩဂုတ် ၂၈-၂၀၂၃
Voice Of Myanmar(VOM)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ တောင်ပြုံးကျေးရွာမှာ အနော်ရထာမင်း တည်ထားကိုးကွယ်ခဲ့တဲ့ ဆုတောင်းပြည့် ၊ဆုတောင်းရဘုရားပွဲတော် နဲ့ တောင်ပြုံးမင်းနှစ်ပါး ပူဇော်ပွဲကို ဝါခေါင်လဆန်း(၁)ရက်နေ့ ကနေ ဝါခေါင်လပြည့်ကျော်(၁)ရက်နေ့အထိ ကျင်းပလေ့ရှိတယ်လို့ တောင်ပြုံးရွာခံတွေဆီက သိရပါတယ်။

” အခုနှစ်ကတော့ နယ်တိုင်းက မင်းနှစ်ပါးနဲ့သက်ဆိုင်သူတိုင်း လာတယ်လို့ထင်တယ်၊ မနေ့ ဩဂုတ် ၂၇ရက် ချိုးရေတော်သုံးတဲ့နေ့ကဆို တောင်ပြုံးအဝင်လမ်း ကားတန်းကြီးနဲ့ပိတ်နေလို့ အချိန်အတော်စောင့်ခဲ့ရတယ်၊ ကျနော်တို့လည်း သက်ဆိုင်သူဖြစ်လို့ အနော်ရထားမင်း တည်ခဲ့တဲ့ ဆုတောင်းပြည့်နဲ့ ဆုတောင်ရဘုရား အရင်ဖူးပြီး မင်းနှစ်ပါး နန်းအထိလာပူဇော်တာပါ”လို့ တောင်ပြုံးလာသူ(၁)ဦးကပြောပါတယ်။

တောင်ပြုံးပွဲတော်ကို တောင်ပြုံးရွာ ဆုတောင်းပြည့်၊ ဆုတောင်းရဘုရားပွဲဖြစ်တဲ့ ဝါခေါင်လပြည့်နေ့မှာ ဆွမ်းတော်ကြီးလောင်းလှူပွဲ၊ သံဃာတော်တွေကို ဆွမ်းဆန်စိမ်းနဲ့လှူဖွယ်ပစ္စည်းများလှူဒါန်းပွဲထက် မင်းနှစ်ပါးနဲ့ ပတ်သက်တဲ့ ကန်တော့ခံပွဲ၊ စံနန်းတော် မင်္ဂလာရေစင်ဆေးပွဲ၊ ညီလာခံသဘင်၊ ချိုးရေတော်သုံးပွဲ၊ ယုန်ကြိုပွဲ၊ ထိန်ခုတ်ပွဲစတဲ့ ရိုးရာနတ်ပွဲတော် အစဉ်အလာတွေကို ပိုမို လူသိများကြတာလည်း ဖြစ်ပါတယ်။

တောင်ပြုံးပွဲတော်ကို ပြီးခဲ့တဲ့ နှစ်ပိုင်းတွေက ကျန်းမာရေးကိစ္စရပ်တွေနဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် အကျဉ်းရုံးသာ ကျင်းပဖြစ်ပေမယ့် အခု ၂၀၂၃ခုနှစ်မှာတော့ အနယ်အနယ်အရပ်ရပ်က လာရောက်ကျင်းပကြတယ်လို့ သိရပါတယ်။

#voiceofmtanmar #VOM #မန္တလေး #တောင်ပြုံးပွဲတော်

Related posts

Leave a Comment

VOM News

FREE
VIEW