အမျိုးသမီးတဦးရဲ့ ဦးနှောက်ထဲကနေ အသက်ရှင်လျှက်သန်ကောင်တကောင်ကို ကမ္ဘာ့ပထမဆုံး တွေ့ရှိ

ဆစ်ဒနီ၊ သြဂုတ်-၂၉-၂၀၂၃
မျိုးဆက်(VOM)

ကမ္ဘာပေါ်မှာ ပထမဆုံးအကြိမ်အဖြစ် သြစတြေးလျအမျိုးသမီးတဦးရဲ့ ဦးနှောက်ထဲမှာ သုံးလက်မအရွယ်ရှိ သန်ကောင်တကောင်ကို အသက်ရှင်လျှက်တွေ့ရှိခဲ့ရကြောင်း သိပ္ပံပညာရှင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က ကင်ဘာရာမှာပြုလုပ်တဲ့ခွဲစိတ်မှုအတွင်း အဲဒီအမျိုးသမီးလူနာရဲ့ ဦးနှောက်ရှေ့ခြမ်းကနေ ကြိုးနဲ့အလားသဏ္ဍာန်တခုကို ဆွဲထုတ်ခဲ့ရာ အသက်ရှင်လျှက်သန်ကောင်ကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အဲဒီအမျိုးသမီးဟာ ပုံမှန်မဟုတ်တဲ့လက္ခဏာလို့ ဆရာဝန်တွေကသတ်မှတ်ထားတဲပ ဗိုက်အောင့်ခြင်း၊ ချောင်းဆိုးခြင်း၊ ညဘက်ချွေးထွက်လွန်ခြင်း၊ သတိမေ့လျော့ခြင်းနဲ့ စိတ်ကျရောဂါတွေကို ခံစားခဲ့ရပြီး အနီရောင်သန်ကောင်ဟာ သူ့ဦးနှောက်ထဲကို ရောက်ရှိနေတာ နှစ်လကျော်ရှိနေနိုင်ကြောင်း ဆရာဝန်တွေက ပြောပါတယ်။

ဒါဟာ တိရိစ္ဆာန်ကနေ လူကိုကူးစက်တတ်တဲ့ရောဂါတွေနဲ့ ကူးစက်မှုအန္တရာယ်မြင့်မားမှုတွေကို မီးမောင်းထိုးပြတဲ့ ဖြစ်စဉ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

သြစတြေးလျ ကူးစက်ရောဂါကျွမ်းကျင်သူ မာ့ရတ်ဘ်ဟူစိန်ကတော့ အဲဒီအမျိုးသမီးဟာ စပါးအုံးမစင်နဲ့ ကပ်ပါးဥတွေပါတဲ့ အပင်တွေကို စားသုံးမိပြီးနောက် အခုလိုကြုံရတာလို့သံသယရှိကြောင်း Emerging Infectious Diseases ဆေးပညာဂျာနယ်မှာ ရေးသားထားပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ အတွင်း ကူးစက်မှုအမျိုးအစားသစ် ၃၀ ကျော်ပေါ်ပေါက်ခဲ့ပြီး အဲဒီထဲက လေးပုံသုံးပုံဟာ တိရိစ္ဆာန်တွေကနေ လူသားတွေဆီကို ကူးစက်လာတဲ့ရောဂါတွေဖြစ်ကြောင်း သြစတြေးလျအမျိုးသားတက္ကသိုလ်က ဆေးဘက်ပညာတွဲဖက်ပါမောက္ခဒေါက်တာ ဆနာနီယာကီက ပြောဆိုထားပါတယ်။

Ref:BBC
Photo:ANU
#voiceofmyanmar #VOM #LiveWorm #FoundInAustralianWoman’s brain #world first

Related posts

Leave a Comment

VOM News

FREE
VIEW