ဘုရင့်နောင် ပွဲရုံထဲက “သုခရှင်”ဆန်ရောင်းဝယ်ရေး ဓားပြတိုက်သူတွေကို ငွေသားနဲ့အတူ ဖမ်းမိ

ဩဂုတ် ၃၁ – ၂၀၂၃
GG( VOM)

ရန်ကုန်၊ မရမ်းကုန်းမြို့နယ် ၊ဘုရင့်နောင်ပွဲရုံဝန်းထဲက ” သုခရှင် “ဆန် နှင့်အထွေထွေပစ္စည်းရောင်းဝယ်ရေးဆိုင် ဓားပြတိုက်သူတွေကို မနေ့ ဩဂုတ် ၃၀ ရက်မှာ လုယက်သွားတဲ့ ငွေသား တွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ် ။

” ဟုတ်တယ် ၉ ယောက်မိတာ၊ တိုက်တဲ့နေ့ကသိတာက အထဲဝင်လာတဲ့ ၆ ယောက်ပဲသိလိုက်ကြတာ၊ အပြင်မှာ ကျန်တာကိုမသိကြဘူးလေ၊အခုဖမ်းမိပြီး စစ်မှ ၉ ယောက်ဖြစ်နေတာကို သိကြတာပါ။ပိုက်ဆံရော ဖုန်းရော ​ပြန်ရတယ်လို့ သိရပါတယ် “လို့ ဘုရင့်နောင်ပွဲရုံ ကုန်သည်တစ်ဦးကပြောပါတယ်။

လက်ရှိဖမ်းဆီးရမိသူတွေက ပြည်ဖြိုးအောင် (ခ)သာဓု၊ မောင်မောင်ထွေး၊ ရှိုင်းထက်အောင် (ခ)သံချောင်း၊ ကောင်းစည်သူဖြိုး (ခ)လှစည်သူ၊ကျော်စွာလင်း (ခ)ကျားကြီး၊ လင်းလင်းနိုင် (ခ)ကိုလင်း၊ နိုင်ထက်လင်း (ခ)အဖိုးကြီးနဲ့ အောင်ကျော်ကျော် (ခ)အောင်ကျော်တို့ ဖြစ်တယ်လို့ သိရပါတယ်။

ကျူးလွန်သူတွေနဲ့အတူ ငွေကျပ် သိန်း ၁၈၀ ကျော်နဲ့ ဟန်းဖုန်းတစ်လုံး ပြန်လည်သိမ်းဆည်းရမိခဲ့ကြောင်း ၊ လက်ရှိမှာ မရမ်းကုန်မြို့နယ်ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

သုခရှင် ဆန်ဆိုင်ကို ဩဂုတ် ၂၉ ရက် နေ့လယ်ပိုင်းမှာ ဓားပြတိုက်ကာ ဆိုင်ကနေ ငွေသိန်း ၂၀၀ လောက်ကို လုယက်သွားတာဖြစ်ကြောင်း ၊ ကျူးလွန်သူတွေဖမ်းမိတဲ့ကိစ္စနဲ့ပတ်သက်ပြီး သုခရှင် ဆန်ရောင်းဝယ်ရေးလုပ်ငန်းကို VOM အနေဖြင့် ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရရှိခဲ့ပါဘူး။

ဒီလ ဩဂုတ် ၈ ရက်ကလည်း ရန်ကုန်၊ဗိုလ်တထောင်မြို့နယ်၊ (၅)ရပ်ကွက်၊ ၅၃ လမ်း၊ အမှတ် (၂၉) မြေညီထပ်က Best Century Travel and Tour လုပ်ငန်း ဓားပြတိုက်ခံရပြီး သိန်း ၁၅၀၀ ပါသွားခဲ့ပေမယ့်လည်း တရားခံတွေနဲ့အတူငွေသားကို နာရီပိုင်းအတွင်း ချက်ခြင်း ဖမ်းဆီးရမိခဲ့တယ်လို့ သိရတယ်။

#voiceofmtanmar #VOM #ရန်ကုန် #ဆန်ဆိုင်ဓားပြမှု #ဖမ်းမိ

Related posts

Leave a Comment

VOM News

FREE
VIEW