ကုန်သွယ်ရေးလမ်းကြောင်းတွေ ဖြတ်တောက် ပိတ်ဆို့ခံထားရတာကြောင့် မော်လိုက်ခရိုင်ထဲမှာ ကုန်စည်တွေ ပြတ်လပ်နေ

သြဂုတ် ၂၃ ၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ မော်လိုက်ခရိုင် ၊ မော်လိုက်မြို့နဲ့ ဖောင်းပြင်မြို့တွေမှာ ပြီးခဲ့တဲ့ ၁၀ ရက်ကျော်ကနေ ရေလမ်းကြောင်းနဲ့ ကုန်းလမ်းကြောင်းတွေပါ ဖြတ်တောက်ပိတ်ဆို့ခံထားရတာကြောင့် ကုန်စည်ပြတ်လပ်မှုတွေ ဖြစ်ပေါ်နေပြီး စျေးကွက်ထဲမှာ ရှိတဲ့ ကုန်စည်တွေဟာလည်း ပေါက်စျေးထက် ၂ ဆ မြင့်တက်လျက်ရှိတယ်လို့ မော်လိုက် ဒေသခံတွေဆီက သိရပါတယ်။ ” ချင်းတွင်းမြစ်ကြောင်းအတိုင်း ရေလမ်းကနေ လမ်းပိတ်ထားတယ် ၊ နောက်ပြီး မဟာမြိုင် ကားလမ်းကနေလည်း ကားတွေ ပိတ်ထားတယ် ၊ ကုန်သွယ်ရေးလမ်းကြောင်းတွေ အားလုံး ပိတ်ထားတော့ အဝင်ကုန်စည်မရှိဘူး ၊ ဒီကနေ့ မော်လိုက်မြို့ရဲ့ စျေးနူန်းတွေကတော့ ဓါတ်ဆီ တစ်လီတာ ၅၀၀၀ ကျပ်၊ ကြက်ဥ တစ်လုံး ၅၀၀ ကျပ်၊ အာလူး တစ်ပိသာ ၅၀၀၀…

Read More

ဂျပန် နျူကလီးယားဓါတ်အားပေးစက်ရုံက ရေဒီယိုသတ္တိကြွရေတွေ (၄၈)နာရီအတွင်း ပင်လယ်ထဲ စွန့်ထုတ်တော့မယ်

တိုကျို၊ သြဂုတ်-၂၂-၂၀၂၃ မျိုးဆက်(VOM) အိမ်နီးချင်းနိုင်ငံတွေရဲ့ ကန့်ကွက်မှုတွေရှိနေပေမယ့် ဂျပန်နိုင်ငံဟာ ဆူနာမီကြောင့် ပျက်စီးသွားတဲ့ ဖူကူရှီးမား နျူကလီးယားဓါတ်အားပေးစက်ရုံ သန့်စင်ပြီး ရေဒီယိုသတ္တိကြွရေတွေကို သြဂုတ် ၂၄ ရက်တွင် ပင်လယ်ထဲကို စတင်စွန့်ထုတ်လွှတ်တော့မှာဖြစ်ပါတယ်။ အခုလို ရေတွေစွန့်ထုတ်မယ့် အစီအစဉ်ကို နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီက ဘေးကင်းလုံခြုံရေးစံနှုန်းတွေနဲ့ကိုက်ညီကြောင်း အတည်ပြုပြီးနောက် သီတင်းပတ်အနည်းငယ်အကြာမှာ စွန့်ထုတ်မယ့် နေ့ရက်အချိန်ကို ဂျပန်အစိုးရက ကြေညာလိုက်တာဖြစ်ပါတယ်။ ရာသီဥတု၊ ပင်လယ်ပြင်အခြေအနေတွေ သင့်လျော်ကာင်းမွန်ခဲ့မယ်ဆိုရင ်ရေတွေစွန့်ထုတ်ဖို့ အာဏာပိုင်များက ချက်ချင်း ညွန်ကြားဆောင်ရွက်သွားမှာဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ကီရှီဒါက ပြောပါတယ်။ မြို့တော်တိုကျိုရဲ့ အရှေ့မြောက်ဘက် ကီလိုမီတာ ၂၂၀ အကွာရှိ ဖူကူရှီးမားနျူကလီးယားဓါတ်အားပေးစက်ရုံကို ဖျက်သိမ်းရန်ဖို့ အချိန်ကာလလွန်စွာကြာမြင့်ပြီး ငွေကုန်ကြေးကျများပြီး လုပ်ငန်းစဉ်မှာ ရေများစွန့်ထုတ်ခြင်းဟာ လိုအပ်တဲ့ လုပ်ငန်းစဉ်ဖြစ်ကြောင်း ဂျပန်အစိုးရက ပြောပါတယ်။ ဂျပန်အစိုးရဟာ အဲဒီစက်ရုံက ရေဆိုးတွေကို သိုလှောင်ကန်တွေနဲ့ ဆယ်စုနှစ်တခုကျော်ကြာ စုဆောင်သိမ်းဆည်းခဲ့ပေမယ့် ဆက်လက်စုဆောင်းသိမ်းဆည်းဖို့…

Read More

ပြည်တော်ပြန်လာတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် ထောင်(၈)နှစ် ချက်ချင်းချမှတ်ခံရ

ဘန်ကောက်၊ သြဂုတ်-၂၂-၂၀၂၃ မျိုးဆက်(VOM) ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ ၁၅ နှစ်ကြာ ပြည်ပမှာ တိမ်းရှောင်နေရာကနေ ဒီနေ့မှာ ထိုင်းနိုင်ငံကို ပြန်ရောက်ပြီးနောက် မကြာခင်ပဲ တရားရုံးက ထောင်(၈)နှစ်ချမှတ်ပါတယ်။ သူဟာ ဒီနေ့ပါလီမန်မှာ ဝန်ကြီးချုပ်သစ်ခန့်အပ်ဖိုနဲ့အစိုးရသစ်ဖွဲ့စည်းဖို့ မဲပေးမှုမတိုင်ခင်မှာ ထိုင်းကိုရောက်လာတာဖြစ်ပြီး များကြခင်မှာ ရဲတွေခြံရံပြီး တရားရုံးကို ပိုခဲ့တာဖြစ်ပါတယ်။ သူဟာ အခုလိုထောင်ဒဏ်ချမှတ်ခံလိုက်ရပေမယ့် ထောင်ထဲမှာ ကာလရှည်ကြာပြစ်ဒဏ်ခံရခြင်းက ကင်းလွတ်စေမယ့် သဘောတူညီချက်တရပ်ကို အာဏာပိုင်တွေနဲ့ရရှိထားကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။ ထိုင်းနိုင်ငံရဲ့ အအောင်မြင်ဆုံးခေါင်းဆောင်လို့ သတ်မှတ်ရဖွယ်ရှိတဲ့ အသက် ၇၄ နှစ်အရွယ် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ စစ်အာဏာသိမ်းမှုကို ကျောထောက်နောက်ခံပြုထားတဲ့ ကွန်ဆာဗေးတစ် တော်ဝင်ဝါဒီတွေက ကာလရှည်ကြာ အမျက်ထားခံရသူဖြစ်ပါတယ်။ ဒါပေမယ့် နို်င်ငံရေးရည်မှန်းချက်ကြီးတဲ့ သက်ဆင်ဟာ စစ်တပ်ကအာဏာသိမ်းပြီးနောက် နှစ်အတန်ကြာမှ ထိုင်းနိုင်ငံကို ပြန်လည်ရောက်ရှိခဲ့တာဖြစ်ပြီး သူ့ရဲ့သမီးဖြစ်သူဟာ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ဒုတိယအများဆုံးအနိုင်ရရှိခဲ့တဲ့ ဖြူထိုင်းပါတီကို ဦးဆောင်နေသူဖြစ်ပါတယ်။ Ref:BBC #voiceofmyanmar…

Read More

တပတ်အတွင်း ကျင်စန်းကျော့ – ဝမ်တိန် နယ်စပ်ဂိတ်မှ ပို့ကုန်၊ သွင်းကုန် ကား အဝင်အထွက် အခြေအနေ

ဩဂုတ် ၂၂၊ ၂၀၂၃ Shy V(VOM) တရုတ် – မြန်မာ နယ်စပ်၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ ကျင်စန်းကျော့ – ဝမ်တိန် နယ်စပ်ဂိတ်ကနေ ဩဂုတ်လ ၁၄ ရက်မှ ၂၁ ရက်နေ့အထိ တပတ် အတွင်း ပို့ကုန်၊ သွင်းကုန် ကား အဝင်အထွက် ၁၅၀၀ ကျော် ရှိကြောင်း နယ်စပ် ကုန်သည် လုပ်ငန်းရှင်တွေရဲ့ အချက်အလက်တွေ အရ သိရပါတယ်။ ၇ရက်အတွင်း ပို့ကုန်ကား စုစုပေါင်း အစီးရေ ၆၄၀ ကျော် ရှိခဲ့ပြီး ခါလီကား အပါအဝင်ပျမ်းမျှ တစ်ရက်ကို ၈၁ စီး တရုတ်ဘက် ဝင်ရောက်၊ တင်ပို့တာတွေ့ရပါတယ်။ တင်ပို့ကုန်ထဲမှာ ငါးရှဉ့်နဲ့ ဂဏန်း အများဆုံးတွေ့ရပြီး ပုစွန်၊ ရေခဲငါး၊ သကာရည်၊ ကြက်သွန်နီ၊…

Read More

ယနေ့ ရွှေဈေး (သြဂုတ်-၂၂ ရက်)

ယနေ့ ရွှေဈေး (သြဂုတ်-၂၂ ရက်) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၈၉၆ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၉၀၀၀၀ ကျပ် ဝယ်ဈေး ၃၇၈၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၀၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #VOM #ယနေ့ရွှေဈေး #သြဂုတ်-၂၂ ရက်

Read More

ပြည်ပတိမ်းရှောင်နေတဲ့ ထိုင်းဝန်ကြီးဟောင်း သက်ဆင် ပါလီမန်မှာဝန်ကြီးချုပ်သစ်မရွေးချယ်မီ ထိုင်းပြန်ရောက်လာ

ဘန်ကောက်၊ သြဂုတ်-၂၂-၂၀၂၃ မျိုးဆက်(VOM) ပြည်ပမှာ တိမ်းရှောင်နေတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ဟာ သြဂုတ် ၂၂ ရက်မနက်ပိုင်းမှာ ထိုင်းနိုင်ငံကို ပြန်လည်ရောက်ရှိလာပြီဖြစ်ပါတယ်။ ထိုင်းပါလီမန်မှာ ထိုင်းဝန်ကြီးချုပ်သစ်ရွေးချယ်မယ့်အချိန်မတိုင်မီ နာရီပိုင်းအလိုမှာ ဝန်ကြီးချုပ်ဟောင်း သက်ဆင် နိုင်ငံကိုပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပြီး ဒွန်မောင်းလေဆိပ်မှာ ထောက်ခံသူရာပေါင်းများစွာ လာရောက်ကြိုဆိုခဲ့ကြပါတယ်။ အသက် ၇၄ နှစ်အရွယ် သက်ဆင်ဟာ အာဏာအလွဲသုံးစားမှုနဲ့ စစ်တပ်ကဖြုတ်ချပြီးနောက် နှစ်နှစ်အကြာမှာ အာဏာအလွဲသုံးစားမှုနဲ့ ထောင်ချမခံရမီ ပြည်ပကိုထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ၁၅ နှစ်အကြာမှာ ထိုင်းမြေကို ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။ သက်ဆင်ရဲ့သမီးဖြစ်သူ ပန်ထောင်တန်ရှင်နာဝပ်ဟာ ထိုင်းအထွေထွေရွေးကောက်ပွဲမှာ ဒုတိယမဲများဆုံး အနိုင်ရရှိခဲ့တဲ့ ဖြူထိုင်းပါတီကို ဦးဆောင်နေတာဖြစ်ပြီး ဖခင်ဖြစ်သူဟာ ထိုင်းနိုင်ငံကို ပြန်လည်ရောက်ရှိနေပြီး တရားဥပဒေအတိုင်း စီရင်မှုခံမယ်လို့ သမီးဖြစ်သူကဆိုပါတယ်။ သက်ဆင်ဟာ သူ့အပေါ်စွဲဆိုထားတဲ့ စွဲချက်တွေနဲ့ပတ်သက်ပြီး တရားရုံးမှာ အမှုရင်ဆိုင်ရမှာဖြစ်ပါတယ်။ ရွေးကာက်ပွဲတွင် မဲအများဆုံးအနိုင်ရရှိခဲ့တဲ့ ရှေ့သို့ပါတီရဲ့ ဝန်ကြီးချုပ်လောင်း ပီတာကတော့ ဝန်ကြီးချုပ်ဖြစ်လာရေး မဟာမိတ်တွေနဲ့ပါလီမန်မှာ…

Read More

ပြည်တွင်းကားဈေးကွက် အရောင်းအဝယ်ပါးပြီး ဈေးကွက် အေးနေ

ဩဂုတ် ၂၂ – ၂၀၂၃ SN (VOM) လက်ရှိ ပြည်တွင်းကားဈေးကွက် အခြေအနေကတော့ အရောင်းအဝယ်ပါးပြီး ဈေးကွက် အေးနေတဲ့ အနေအထားမျိုး ဖြစ်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူး‌ရောင်းချရေး လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမင်းမင်းမောင်က ပြောပါတယ်။ “ကားဈေးကွက် အခြေအနေကတော့ ဟိုတလောက အရမ်းရောင်းရတာထက်စာရင် ပုံမှန်ထက်တော့ နည်းနည်းလျော့တာပေါ့။ အရောင်းအဝယ်ပါးတယ်၊ ‌ဈေးအေးတယ်။ နှစ်သောင်းတန်မထွက်ခင်က ဈေးနီးနီးလောက် ပြန်ရောက်သွားတယ်။ တချို့ ကားအမြင့်တွေလည်း ဈေးကျတော့ကျတယ်၊ ရောင်းအားသိပ်မသွက်ဘူး။ ပုံမှန် ၁၀၀၀ နဲ့ ၁၅၀၀ အောက်‌ ကားလေးတွေကတော့ ကျသွားတဲ့ ဈေးတွေနဲ့ ထွက်လာတယ်ပေါ့။ အဲ့ဒါလေးတွေကတော့ သူ့ဟာနဲ့သူ အရောင်းအဝယ်တော့ ဖြစ်နေပါတယ်” လို့ သူက ပြောပါတယ်။ လက်ရှိမှာ ဒေါ်လာဈေးနှုန်း အဆမတန် မြင့်တက်နေတာကြောင့် တချို့သော အမြင့်ကားတွေဟာ ဈေးကျဖို့ အနည်းငယ် ခက်ခဲနေသေးတယ်…

Read More

This Day in History(August22)

This Day in History(August22) Voice of Myanmar တော်ဝင်စံနှုန်းများကို ချားလ်ဘုရင်-၁ က တရားဝင်မြှင့်တင်လိုက်သောကြောင့် တော်ဝင်ဝါဒီများနှင့် ပါလီမန်အမတ်တို့အကြား သဘောကွဲလွဲရာမှဖြစ်ပွားခဲ့သော အင်္ဂလိပ်ပြည်တွင်းစစ်သည် ၁၆၄၂ ခုနှစ် သြဂုတ် ၂၂ ရက်တွင် စတင်ခဲ့သည်။   #voiceofmyanmar #VOM #ThisDayInHistory #August22

Read More

ဘာဆုတောင်းကြမလဲ မိတ်ဆွေ

Taung Byone

ဆူးငှက်   “ပေါင်းသိင်္ဂီ ကျင်ခတ်နှင့်၊တင်ကလပ်ဆောင်ချီ၊ အရှင်မြတ်နောင်ညီကို၊တင်ပမည်မကြွား၊ ပွဲတော်ရောက် သူအစုကိုပါအောင်၊တူရှုပါမင်းမြတ်နှစ်ပါး။ အခုမှ ဘယ်အမှုမြိုတယ်၊ရွယ်ခုဆိုစကား၊ မယ်ဥလိုဖုရားက၊ကျားလွှတ်လို့ လှန့်ပါ၊ ချစ်ခင်လျှင် ပြစ်တင်ဦးပါနဲ့၊နှစ်စဉ်ဖူးရောက်ပါမည် ဖျာ၊ ချစ်ခင်ဦးသူပါလျှင်၊မဟူရာဖန်ခွက်နှင့် ““ ဗျန်”” အရက် မှန်းသွယ်ရည်၊ဘုန်းဆက်ပါ့မည်၊ အောင်လျှင်အဖြစ် မန်းနယ်ပြည်မှာ၊မှန်းရွယ်ရည် တင်ဦးဖျလေး…..။”” ၁၉၄၆ ခုနှစ်က ထုတ်ဝေတဲ့ မြန်မာ့အလင်း သတင်းစာမှာ ပါရှိတဲ့ တေးထပ်လေးပါ။ ဒီတေးထပ်လေးက တောင်ပြုံးပွဲနဲ့ ပတ်သက်ပြီး ရေးစပ်ခဲ့တယ် ဆိုတာ သိသာပါတယ်။ အေဒီ ၁၀၄၄ခုနှစ် ကတည်းက အနော်ရထာ မင်းစော တည်ထားခဲ့တဲ့ ဆုတောင်းပြည့်၊ ဆုတောင်းရ ဘုရားနဲ့ ဆက်စပ် ပတ်သက်ပြီး ဖြစ်ပေါ်ခဲ့တဲ့ မင်းညီနောင် ဇာတ်လမ်းဟာ မန်္တလေးမြို့အနီး တောင်ပြုံး အရပ်မှာ သာမက တစ်ပြည်လုံးပျံ့နှံ့ ထင်ရှားခဲ့ရာ ယနေ့ထက် တိုင်အောင်ပါပဲ။ တောင်ပြုံး ပွဲတော်ကို နှစ်ပေါင်း…

Read More

ကြောက်တတ်ရင် နိုင်ငံရေး မလုပ်ဘူးဆိုတဲ့ ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီး

U Ko Ko Gyi

သြဂုတ်လ ၂၃ ရက်နေ့၊ ၂၀၂၃ ခုနှစ်ဟာ ၁၉၈၈ ကနေ နိုင်ငံရေးခရီးဖြတ်သန်းခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တချို့ တည်ထောင်ထားတဲ့ ပြည်သူ့ပါတီ၊ ၅ နှစ်ပြည့်တဲ့နေ့ ဖြစ်ပါတယ်။ နစက တက်ပြီး နောက်ပိုင်း ပြည်သူ့ပါတီဟာ တရားဝင် နိုင်ငံရေးပါတီအဖြစ် ရပ်တည်နိုင်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။ ပြည်သူ့ပါတီရဲ့ ၅ နှစ်တာ ခရီးဟာ ဘယ်လောက် ခရိးရောက်လို့ ဘာအခက်အခဲတွေ ဖြတ်ကျော်ခဲ့ရလဲ၊ အနာဂတ်ခရီးအတွက် ဘာမူဝါဒတွေ ကိုင်ဆွဲပြီး ခရီးဆက်မလဲ ဆိုတာတွေကို၊ ပြည်သူ့ပါတီရဲ့ ဥက္ကဌလည်းဖြစ်၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးလည်းဖြစ်တဲ့ ဦးကိုကိုကြီးကို VOM အယ်ဒီတာချုပ် ကိုနေလင်းက တွေ့ဆုံ မေးမြန်းထားပါတယ်။

Read More
VOM News

FREE
VIEW