ဩဂုတ် ၂၁ – ၂၀၂၃ SN (VOM) မော်တော်ယာဉ်တင်သွင်းမှုနဲ့ ပတ်သက်လို့ ထုတ်ပြန်ချက်အတုလို့ ယူဆရတဲ့ “မော်တော်ယာဉ်တင်သွင်းမှုဆိုင်ရာ ကြီးကြပ်ရေးကော်မတီဖွဲ့စည်းခြင်း”ဆိုတဲ့ ကြေညာချက်တစ်စောင် မနေ့ ဩဂုတ် ၂၀ ရက်ကစလို့ လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိပါတယ်။ အဲ့ဒီ့ ထုတ်ပြန်ချက်ထဲမှာ ကော်မတီ ဖွဲ့စည်းရခြင်းရဲ့ ရည်ရွယ်ချက်ကို မော်တော်ယာဉ်အရောင်းစင်တာ (Car Sale Centre )၊ အရောင်းပြခန်း (Car Show Room)တွေ ဖွင့်လှစ်ရောင်းချခြင်း၊ ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခွင့်ထုတ်ပေးခြင်းနဲ့ ပြည်တွင်းမော်တော်ယာဉ်ဈေးနှုန်းတည်ငြိမ်ရေးဆိုင်ရာ ကိစ္စရပ်တွေကို စနစ်တကျကြီးကြပ်ဆောင်ရွက်နိုင်ဖို့အတွက်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ “ထုတ်တဲ့ အချက်အလက်တွေကတော့ Professional ကျတယ်။ ဒါပေမယ့် စာအမှတ် ၇၅ ဆိုတာကျတော့ ဟိုတလောကထုတ်တဲ့ နယ်/လုံဝန်ကြီးခန့်အပ်တဲ့စာနဲ့ သွားတူနေတယ်။ အဲ့ဒီတော့ သူတို့ပဲ စာအမှတ်မှားရိုက်တာလား၊ အတုလားဆိုတာ ခွဲခြားရခက်နေတယ်”လို့ ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း…
Read MoreMonth: August 2023
အရှေ့တောင်အာရှနိုင်ငံတွေရဲ့ စီးပွားရေးတိုးတက်မှု နှေးကွေးနေ
ဘန်ကောက်၊ သြဂုတ်-၂၀၂၃ မျိုးဆက်(VOM) အရှေ့တောင်အာရှနိုင်ငံအများစုရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းဟာ ယခုနှစ်ဒုတိယသုံးလပတ်မှာ နှေးကွေးနေကြောင်း သိရပါတယ်။ ထိုင်းနိုင်ငံရဲ့ ဂျီဒီပီဟာ ပြီးခဲ့တဲ့နှစ်အလားတူကာလကနဲ့နှိုင်းယှဉ်ရင် ဧပြီလကနေ ဇွန်လအတွင်း ၁ ဒသမ ၈ ရာခိုင်နှုန်းသာ တိုးတက်ခဲ့ပါတယ်။ ဂျီဒီပီတိုးတက်မှုနှုန်က အနည်းငယ်တိုးတက်လာတယ်ဆိုရပေမယ့် စီးပွားရေးတိုးတက်မှု နှေးကွေးနေဆဲဖြစ်ပါတယ်။ တရုတ်၊ အမေရိကန်နဲ့ဥရောပဒေသတွေကို ထိုင်းနိုင်ငံက မော်တော်ယာဉ်နဲ့ အခြားသောစက်မှုထုတ်ကုန်တွေ တင်ပို့မှုကျဆင်းနေပါတယ်။ ဒေသတွင်းအင်အားကြီး အင်ဒိုနီးရှားရဲ့ စီးပွားရေးကတော့ ဇန်နဝါရီကနေ မတ်လထိ သုံးလပတ်မှာ ၅ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။ အလားတူ ဖိလစ်ပိုင်က ၄ ဒသမ ၃ ရာခိုင်နှုန်း၊ မလေးရှားက ၂ ဒသမ ၉ ရာခိုင်နှုန်း၊ စင်ကာပူက သုည ဒသမ ၅ ရာခိုင်နှုန်း တိုးလာပြီး ဒီတိုးတက်မှုဟာ ယခင်သုံးလပတ်ကထက် အနည်းငယ်လျော့နည်း သို့မဟုတ်…
Read Moreရွှေနဲ့ ငွေ၊စက်သုံးဆီတို့ရဲ့ တစ်ပတ်တာဈေးကွက်
ဩဂုတ် ၂၁ – ၂၀၂၃ SN (VOM) မြန်မာကျပ်ငွေတန်ဖိုးဟာ ဇူလိုင်လကုန်ပိုင်းကတည်းက တောက်လျှောက် ပြိုကျလျက်ရှိရာမှာ လက်ရှိအချိန်မှာတော့ အမေရိကန် တစ်ဒေါ်လာ ကျပ် ၄၀၀၀ နီးပါး ရောက်ရှိလာပြီဖြစ်သလို ပြည်တွင်း ရွှေဈေးဟာလည်း အတက်ဘက်ကိုသာ ရောက်ရှိနေတာ ဖြစ်ပါတယ်။ ဗဟိုဘဏ်အနေနဲ့ ရွှေ၊ ဒေါ်လာနဲ့ပတ်သက်ပြီး ညွှန်ကြားချက်တွေ အမျိုးမျိုးထုတ်ပြန်ကာ ထိန်းချုပ်မှုတွေ လုပ်ခဲ့ပေမယ့် ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေ ကျဆင်းသွားခြင်းမရှိဘဲ ဆက်တိုက် မြင့်တက်နေတာဖြစ်ပြီး လက်ရှိမှာတော့ စံချိန်တင်ဈေးတန်းကို ရောက်ရှိနေတာပဲဖြစ်ပါတယ်။ အခုလို နိုင်ငံခြားငွေလဲလှယ်နှုန်းတွေ မြင့်တက်ပြီး မြန်မာကျပ်ငွေ တန်ဖိုး ဆက်တိုက် ကျဆင်းလာတာဟာ ကျပ် နှစ်သောင်းတန်တွေ ထုတ်မှုရဲ့ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုနဲ့ နိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့ အရေးယူမှုတွေကြောင့် ဖြစ်သလို ကုန်သည်ကြီးတွေရဲ့ အပြိုင်အဆိုင် ဈေးကစားမှုကြောင့်လည်း ဖြစ်တယ်လို့ စီးပွားရေး လေ့လာစောင့်ကြည့်သူတွေက သုံးသပ်ကြပါတယ်။…
Read Moreယနေ့ ရွှေဈေး (သြဂုတ်-၂၁ ရက်)
ယနေ့ ရွှေဈေး (သြဂုတ်-၂၁ ရက်) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၈၉၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၉၇၀၀၀၀ ကျပ် ဝယ်ဈေး ၃၉၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၇၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၈၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #VOM #ယနေ့ရွှေဈေး #သြဂုတ်-၂၁ ရက်
Read Moreရုရှားရဲ့ လကမ္ဘာစူးစမ်းလေ့လာရေးယာဉ် လမျက်နှာပြင်ပေါ် ပျက်ကျ
မော်စကို၊ သြဂုတ်-၂၁-၂၀၂၃ မျိုးဆက်(VOM) ရုရှားရဲ့ လကမ္ဘာမစ်ရှင်ဖြစ်တဲ့ လူနာ-၂၅ မောင်းသူမဲ့ စူးစမ်းလေ့လာရေးဂြိုဟ်ဆင်းယာဉ်ဟာ ကမ္ဘောမြေနဲ့ ထိန်းချုပ်မှု လွတ်ကင်းသွားပြီးနောက် လကမ္ဘာပေါ် ပျက်ကျသွားခဲ့ကြောင်း ရုရှားအာကာသအေဂျင်စီက ထုတ်ပြန်ပါတယ်။ အဲဒီစူးစမ်းလေ့လာရေးယာဉ်ဟာ လကမ္ဘာရဲ့တောင်ဝန်ရိုးစွန်းသို့ ပထမဆုံးဆင်းသက်ဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း မဆင်းသက်မီပတ်လမ်းအတွင်းဝင်ရောက်ချိန်မှာ အဆက်အသွယ်ပြတ်တောက်ပြီးနောက် ပျက်ကျခဲ့တာဖြစ်ပါတယ်။ ဒါဟာ နှစ်ပေါင်း ၅၀ နီးပါးကာလအတွင်း ရုရှားအာကာသအေဂျင်စီရဲ့ ပထမဆုံးသော လကမ္ဘာစူးစမ်းလေ့လာရေးမစ်ရှင်ဖြစ်ပြီး ရေခဲနဲ့ အဖိုးတန်ဒြပ်စင်များရှိနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ယူဆထားတဲ့ လကမ္ဘာရဲ့ တောင်ဝန်ရိုးစွန်းမှာ စူးစမ်းလေ့လာဖို့ ရည်ရွယ်ထားခဲ့တာဖြစ်ပါတယ်။ ရုရှားအာကာသအေဂျင်စီဟာ လူနာ-၂၅ စူးစမ်းလေ့လာရေးယာဉ်နဲ့ သြဂုတ် ၁၉ ရက် နံနက် ၂ နာရီ ၅၇ မိနစ်မှာ အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်း ရုရှားအာကာသအေဂျင်စီက ထုတ်ပြန်ထားပါတယ်။ ကီလိုဂရမ် ၈၀၀ အလေးချိန်ရှိတဲ့ စူးစမ်းလေ့လာရေးယာဉ်ဟာ လမျက်နှာပြင်နဲ့တိုက်မိခဲ့ခြင်းကြောင့် ပျက်စီးသွားပြီဖြစ်ပြီး မစ်ရှင်မအောင်မြင်ရတဲ့ အကြောင်းရင်းကို အထူးကော်မရှင်တရပ်ဖွဲ့စည်းကာ…
Read MoreThis Day in History(August21)
This Day in History(August21) Voice of Myanmar လီယိုနာဒိုဒါဗင်ချီ ၁၅၀၃-၁၅၀၆ ခုနှစ်အတွင်း ရေးဆွဲခဲ့ပြီး ထင်ရှားကျော်ကြားခဲ့သည့် မိုနာလီဆာ၏ ပုံတူပန်းချီကားသည် ပြင်သစ်နိုင်ငံ ပါရီရှိ လူးဗားပြတိုက်မှ ၁၉၁၁ ခုနှစ် သြဂုတ် ၂၁ ရက်တွင် ခိုးယူခံခဲ့ရသည်။ #voiceofmyanmar #VOM #ThisDayInHistory #August21
Read Moreရွှေဘို – မြစ်ကြီးနားလမ်းမှာ သွားလာနေရင်း ပျောက်ဆုံးသွားတဲ့ ကားအစီးရေ ၄၀ ကျော်ရှိနေ
သြဂုတ် ၂၁ -၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့နဲ့ ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့ကို ဆက်သွားထားတဲ့ ကားလမ်းမှာ သွားလာနေရင်း ပျောက်ဆုံးသွားတဲ့ ကုန်တင်ကားနဲ့ အိမ်စီးကားတွေ အစီးရေ ၄၀ ကျော် ရှိသွားပြီလို့ ရွှေဘိုမြို့ခံ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ” ပြီးခဲ့တဲ့ သြဂုတ် ၁၈ ရက်က ကန့်ဘလူမြို့ကနေ မြစ်ကြီးနားဆီထွက်တဲ့ ဘကြီးအောင် ကုန်စည်ပို့ဆောင်ရေးဂိတ်က ကုန်တင်ကား ၂ စီး ၊ ရွှေဘို – မြစ်ကြီးနား ကားလမ်း ၊ ကန့်ဘလူမြို့နယ် ၊ ဟင်သော်ကျေးရွာနားက ဘူကြီးတဲတိုက် နေရာနားမှာ အဲ့ဒီကား ၂ စီးလုံးပျောက်သွားတယ် ၊ Canter အမျိုးအစား ကားတွေဖြစ်တယ် ၊ ကားပေါ်မှာ ကုန်ပစ္စည်း…
Read Moreဒေါ်လာဈေးတက်အောင် လူမှုကွန်ရက်မှာ သတင်းဖြန့်ဝေသူတွေကို အရေးယူမယ်လို့ ဗဟိုဘဏ်ပြောပြန်
ဩဂုတ် ၂၀ – ၂၀၂၃ SN (VOM) တစ်ဒေါ်လာ ကျပ် ၃၉၀၀ – ၄၀၀၀ နှုန်းနဲ့ တွက်ချက်ပြီး ဒေါ်လာဈေးတက်အောင် လူမှုကွန်ရက်မှာ သတင်းဖြန့်ဝေသူတွေကို ကုန်စျေးနှုန်းကြီးမြင့်အောင် လုပ်ဆောင်မှုနဲ့ အရေးယူမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပြောကြားလိုက်ပြန်ပါတယ်။ မနေ့ ဩဂုတ် ၁၉ ရက်က နေပြည်တော်ရှိ ဇမ္ဗူသီရိခန်းမှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌဦးဆောင်တဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေနဲ့ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)က တာဝန်ရှိသူတွေ တွေ့ဆုံစဉ်မှာ ပြောကြားလိုက်တာပါ။ “၂၉၂၀ နဲ့ ဒေါ်လာဝယ်ပြီး သွင်းလာတဲ့ ကုန်တွေကို အပြင်မှာပေါက်နေတဲ့ ဒေါ်လာစျေး ၄၀၀၀ နီးပါးနဲ့ တွက်ရောင်းရင် အရေးယူမယ်။ Social media မှာ ဒေါ်လာကို အပြင်စျေးကွက်ပေါက်စျေး ရေးတင်ရင်၊ share ရင် အရေးယူမယ်။ နောက်ပြီး နိုင်ငံခြားငွေတွေကို တရားမဝင်…
Read MoreVOM ရဲ့တပတ်တာ ပဲ၊ဆန်၊ဆီ၊စပါး၊ကြက်သွန်စျေးကွက်သုံးသပ်ချက်
ဩဂုတ် ၂၀ – ၂၀၂၃ GG(VOM) ပြည်တွင်းမှာ မတ်ပဲ ၊ပဲစဥ်းငုံနီ ၊ ပဲတီစိမ်း ၊ဆန် ၊ဆီ ၊ စပါး ၊ကြက်သွန်နီ စျေးကွက်က ဩဂုတ်လထဲမှာ ဆက်တိုက်ဆိုသလို စျေးနူန်းမြင့်တက်လာတယ်လို့ ကုန်စည်ဒိုင်တွေဆီကသိရပါတယ်။ နိုင်ငံခြားငွေစျေးမတည်ငြိမ်တာ ၊ စျေးကွက်ကို ပဲအဝင်နည်းတာ ၊ပဲအသစ်တွေ မပေါ်သေးတာ၊ပြည်ပဝယ်လိုအားရှိနေတာတွေကြောင့် စျေးတန်းက အတက်ဘက်ကိုသာ သွားနေတယ်လို့သိရပါတယ်။ ‘မတ်ပဲ ၊ပဲစဥ်းငုံနီ ၊ ပဲတီစိမ်း’ လက်ရှိ ရန်ကုန်စျေးကွက်မှာ ဩဂုတ်လ ၁၉ ရက်နေ့စျေးက မတ်ပဲ(FAQ/RC)က တစ်တန်ကို ၂၄၉၇၀၀၀ ပြန်ဖြစ်လာပြီးမန္တလေးဈေးကွက်မှာလည်း မတ်ပဲ ပိဿာ ၆၀ တစ်အိတ်ကို ၂၃၅၀၀၀ ကနေ ၂၄၅၀၀၀ ထိမြင့်တက်လာတာဖြစ်ပါတယ်။ နယ်တွေမှာတော့ ပွဲရုံတွေနဲ့ ကုန်စည်ဒိုင်တွေက မတ်ပဲ ပိဿာ ၂၀ တစ်တင်းကို ၇၉၅၀၀ ကနေ ၈၀၀၀၀…
Read Moreဘယာဘေးတို့ ကင်းဝေးအောင် သွန်းဖြိုးပါလေမိုး
ဆူးငှက် သည်နှစ် မန္တလေးမှာ ထင်သလောက် မိုးမရွာသေး။ ရင်တွင်းအပူတွေ တငွေ့ငွေ့ ကြိမ်မီးအုံးဆဲ ရွာနေကျ ကိုရွှေမိုးကပင် မျက်နှာလွှဲကာ ဥပက္ခာပြုနိုင်လွန်းလှသည်။ အိမ်တွင်းအောင်းကာ ဝင်ငွေမရှိတဲ့အချိန်မို့ ယပ်တောင် တဘုံးဘုံးခတ်ရင်း မိုးကဖြင့် တစ်စက်တစ်လေမှ မရွာဟု ငြီးတွားရပေပြီ။ ယပ်တဖျပ်ဖျပ်ခပ်ရင်း မိုးဆီမျှော်မိ၏။ မညို့တညို့၊ မိုးကို အားကိုးနေကြသည်။ဟော အောက်ခြေမှာ မည်းလို့ အိလာပါပကော။ မကြာမီ မကြာမီ။ မကြာမီ မိုးသားတစ်အုပ်က နေရောင်ကို ဖုံးအုပ်စဉ်မှာပဲ မိုးသားအောက်ခြေ လင်းလာပြန်တော့ သည်မိုးကရွာ မိုးသားအညို့ ဝမ်းသာလုံးဆို့လုမတတ်အချိန် မိုးသားပြယ်ပြန်တော့ အားငယ်စိတ်ဖြင့် ဘုံးဘုံးကျရပြန်၏။ မိုးလေ မကဲခင်ကတည်းက လောကတခွင် စပယ်ပွင့်သည်။မြတ်လေးတို့ ပင်လုံးမှိုင်းညွတ်ဝေသည်။ ပွင့်ဦးပွင့်ဖျား ပန်းတော်ကပ်ရ၏။ ပွင့်ဦးပွင့်ဖျား လက်မောင်းတုတ်မျှ စပယ်မြတ်လေးခိုင် သီကာကုံးပြီး ဆံထုံးတွင် ရစ်ခွေပန်ဆင်တော့ သနပ်ခါးရနံ့ သင်းမြမြမှာ စပယ်မြတ်လေးရနံ့ ကြူကြူလှိုင်တော့သည်။တော်သေးသည်။ စပယ်မြတ်လေး…
Read More