အရှေ့တောင်အာရှနိုင်ငံတွေရဲ့ စီးပွားရေးတိုးတက်မှု နှေးကွေးနေ

ဘန်ကောက်၊ သြဂုတ်-၂၀၂၃
မျိုးဆက်(VOM)

အရှေ့တောင်အာရှနိုင်ငံအများစုရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းဟာ ယခုနှစ်ဒုတိယသုံးလပတ်မှာ နှေးကွေးနေကြောင်း သိရပါတယ်။

ထိုင်းနိုင်ငံရဲ့ ဂျီဒီပီဟာ ပြီးခဲ့တဲ့နှစ်အလားတူကာလကနဲ့နှိုင်းယှဉ်ရင် ဧပြီလကနေ ဇွန်လအတွင်း ၁ ဒသမ ၈ ရာခိုင်နှုန်းသာ တိုးတက်ခဲ့ပါတယ်။ ဂျီဒီပီတိုးတက်မှုနှုန်က အနည်းငယ်တိုးတက်လာတယ်ဆိုရပေမယ့် စီးပွားရေးတိုးတက်မှု နှေးကွေးနေဆဲဖြစ်ပါတယ်။

တရုတ်၊ အမေရိကန်နဲ့ဥရောပဒေသတွေကို ထိုင်းနိုင်ငံက မော်တော်ယာဉ်နဲ့ အခြားသောစက်မှုထုတ်ကုန်တွေ တင်ပို့မှုကျဆင်းနေပါတယ်။ ဒေသတွင်းအင်အားကြီး အင်ဒိုနီးရှားရဲ့ စီးပွားရေးကတော့ ဇန်နဝါရီကနေ မတ်လထိ သုံးလပတ်မှာ ၅ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။

အလားတူ ဖိလစ်ပိုင်က ၄ ဒသမ ၃ ရာခိုင်နှုန်း၊ မလေးရှားက ၂ ဒသမ ၉ ရာခိုင်နှုန်း၊ စင်ကာပူက သုည ဒသမ ၅ ရာခိုင်နှုန်း တိုးလာပြီး ဒီတိုးတက်မှုဟာ ယခင်သုံးလပတ်ကထက် အနည်းငယ်လျော့နည်း သို့မဟုတ် အလားတူအဆင့်မှာရှိနေပါတယ်။

ဒီလိုအခြေအနေမှာ ထိုင်းနဲ့စင်ကာပူတို့ကလည်း သူတို့ရဲ့ တနှစ်တာစီးပွားရေး ခန့်မှန်းချက်ကို လျှော့ချခဲ့ပါတယ်။ အရှေ့တောင်အာရှဒေသတွင်းနဲ့ တရုတ်နိုင်ငံတို့အကြား နီးကပ်တဲ့စီးပွားရေးဆက်ဆံမှုတွေ အပါအဝင် အခြားသောအကြောင်းရင်းတွေကြောင့် ဒေသတွင်းစီးပွားရေးနှေးကွေးမှု အရှိန်မြင့်လာမှာကို စိုးရိမ်ပူပန်မှုတွေလည်းရှိနေကြပါတယ်။

Ref: NHK
#voiceofmyanmar #VOM #economicgrowth #SoutheastAsiannations

Related posts

Leave a Comment

VOM News

FREE
VIEW