မော်တော်ယာဉ်တင်သွင်းမှုနဲ့ပတ်သက်လို့ ထုတ်ပြန်ချက်အတုလို့ ယူဆရတဲ့ ကြေညာချက်တစ်စောင် လူမှုကွန်ယက်မှာ ပျံ့နှံ့နေ

ဩဂုတ် ၂၁ – ၂၀၂၃ SN (VOM) မော်တော်ယာဉ်တင်သွင်းမှုနဲ့ ပတ်သက်လို့ ထုတ်ပြန်ချက်အတုလို့ ယူဆရတဲ့ “မော်တော်ယာဉ်တင်သွင်းမှုဆိုင်ရာ ကြီးကြပ်ရေးကော်မတီဖွဲ့စည်းခြင်း”ဆိုတဲ့ ကြေညာချက်တစ်စောင် မနေ့ ဩဂုတ် ၂၀ ရက်ကစလို့ လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိပါတယ်။ အဲ့ဒီ့ ထုတ်ပြန်ချက်ထဲမှာ ကော်မတီ ဖွဲ့စည်းရခြင်းရဲ့ ရည်ရွယ်ချက်ကို မော်တော်ယာဉ်အရောင်းစင်တာ (Car Sale Centre )၊ အရောင်းပြခန်း (Car Show Room)တွေ ဖွင့်လှစ်ရောင်းချခြင်း၊ ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခွင့်ထုတ်ပေးခြင်းနဲ့ ပြည်တွင်းမော်တော်ယာဉ်ဈေးနှုန်းတည်ငြိမ်ရေးဆိုင်ရာ ကိစ္စရပ်တွေကို စနစ်တကျကြီးကြပ်ဆောင်ရွက်နိုင်ဖို့အတွက်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ “ထုတ်တဲ့ အချက်အလက်တွေကတော့ Professional ကျတယ်။ ဒါပေမယ့် စာအမှတ် ၇၅ ဆိုတာကျတော့ ဟိုတလောကထုတ်တဲ့ နယ်/လုံဝန်ကြီးခန့်အပ်တဲ့စာနဲ့ သွားတူနေတယ်။ အဲ့ဒီတော့ သူတို့ပဲ စာအမှတ်မှားရိုက်တာလား၊ အတုလားဆိုတာ ခွဲခြားရခက်နေတယ်”လို့ ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူး‌ရောင်းချရေး လုပ်ငန်းရှင်များအသင်း…

Read More

အရှေ့တောင်အာရှနိုင်ငံတွေရဲ့ စီးပွားရေးတိုးတက်မှု နှေးကွေးနေ

ဘန်ကောက်၊ သြဂုတ်-၂၀၂၃ မျိုးဆက်(VOM) အရှေ့တောင်အာရှနိုင်ငံအများစုရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းဟာ ယခုနှစ်ဒုတိယသုံးလပတ်မှာ နှေးကွေးနေကြောင်း သိရပါတယ်။ ထိုင်းနိုင်ငံရဲ့ ဂျီဒီပီဟာ ပြီးခဲ့တဲ့နှစ်အလားတူကာလကနဲ့နှိုင်းယှဉ်ရင် ဧပြီလကနေ ဇွန်လအတွင်း ၁ ဒသမ ၈ ရာခိုင်နှုန်းသာ တိုးတက်ခဲ့ပါတယ်။ ဂျီဒီပီတိုးတက်မှုနှုန်က အနည်းငယ်တိုးတက်လာတယ်ဆိုရပေမယ့် စီးပွားရေးတိုးတက်မှု နှေးကွေးနေဆဲဖြစ်ပါတယ်။ တရုတ်၊ အမေရိကန်နဲ့ဥရောပဒေသတွေကို ထိုင်းနိုင်ငံက မော်တော်ယာဉ်နဲ့ အခြားသောစက်မှုထုတ်ကုန်တွေ တင်ပို့မှုကျဆင်းနေပါတယ်။ ဒေသတွင်းအင်အားကြီး အင်ဒိုနီးရှားရဲ့ စီးပွားရေးကတော့ ဇန်နဝါရီကနေ မတ်လထိ သုံးလပတ်မှာ ၅ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။ အလားတူ ဖိလစ်ပိုင်က ၄ ဒသမ ၃ ရာခိုင်နှုန်း၊ မလေးရှားက ၂ ဒသမ ၉ ရာခိုင်နှုန်း၊ စင်ကာပူက သုည ဒသမ ၅ ရာခိုင်နှုန်း တိုးလာပြီး ဒီတိုးတက်မှုဟာ ယခင်သုံးလပတ်ကထက် အနည်းငယ်လျော့နည်း သို့မဟုတ်…

Read More

ရွှေနဲ့ ငွေ၊စက်သုံးဆီတို့ရဲ့ တစ်ပတ်တာဈေးကွက်

ဩဂုတ် ၂၁ – ၂၀၂၃ SN (VOM) မြန်မာကျပ်ငွေတန်ဖိုးဟာ ဇူလိုင်လကုန်ပိုင်းကတည်းက တောက်လျှောက် ပြိုကျလျက်ရှိရာမှာ လက်ရှိအချိန်မှာတော့ အမေရိကန် တစ်ဒေါ်လာ ကျပ် ၄၀၀၀ နီးပါး ရောက်ရှိလာပြီဖြစ်သလို ပြည်တွင်း ရွှေဈေးဟာလည်း အတက်ဘက်ကိုသာ ရောက်ရှိနေတာ ဖြစ်ပါတယ်။ ဗဟိုဘဏ်အနေနဲ့ ရွှေ၊ ဒေါ်လာနဲ့ပတ်သက်ပြီး ညွှန်ကြားချက်တွေ အမျိုးမျိုးထုတ်ပြန်ကာ ထိန်းချုပ်မှုတွေ လုပ်ခဲ့ပေမယ့် ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေ ကျဆင်းသွားခြင်းမရှိဘဲ ဆက်တိုက် မြင့်တက်နေတာဖြစ်ပြီး လက်ရှိမှာတော့ စံချိန်တင်ဈေးတန်းကို ရောက်ရှိနေတာပဲဖြစ်ပါတယ်။ အခုလို နိုင်ငံခြားငွေလဲလှယ်နှုန်းတွေ မြင့်တက်ပြီး မြန်မာကျပ်ငွေ တန်ဖိုး ဆက်တိုက် ကျဆင်းလာတာဟာ ကျပ် နှစ်သောင်းတန်တွေ ထုတ်မှုရဲ့ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုနဲ့ နိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့ အရေးယူမှုတွေကြောင့် ဖြစ်သလို ကုန်သည်ကြီးတွေရဲ့ အပြိုင်အဆိုင် ဈေးကစားမှုကြောင့်လည်း ဖြစ်တယ်လို့ စီးပွားရေး လေ့လာစောင့်ကြည့်သူတွေက သုံးသပ်ကြပါတယ်။…

Read More

ယနေ့ ရွှေဈေး (သြဂုတ်-၂၁ ရက်)

ယနေ့ ရွှေဈေး (သြဂုတ်-၂၁ ရက်) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၈၉၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၉၇၀၀၀၀ ကျပ် ဝယ်ဈေး ၃၉၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၇၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၈၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #VOM #ယနေ့ရွှေဈေး #သြဂုတ်-၂၁ ရက်

Read More

ရုရှားရဲ့ လကမ္ဘာစူးစမ်းလေ့လာရေးယာဉ် လမျက်နှာပြင်ပေါ် ပျက်ကျ

မော်စကို၊ သြဂုတ်-၂၁-၂၀၂၃ မျိုးဆက်(VOM) ရုရှားရဲ့ လကမ္ဘာမစ်ရှင်ဖြစ်တဲ့ လူနာ-၂၅ မောင်းသူမဲ့ စူးစမ်းလေ့လာရေးဂြိုဟ်ဆင်းယာဉ်ဟာ ကမ္ဘောမြေနဲ့ ထိန်းချုပ်မှု လွတ်ကင်းသွားပြီးနောက် လကမ္ဘာပေါ် ပျက်ကျသွားခဲ့ကြောင်း ရုရှားအာကာသအေဂျင်စီက ထုတ်ပြန်ပါတယ်။ အဲဒီစူးစမ်းလေ့လာရေးယာဉ်ဟာ လကမ္ဘာရဲ့တောင်ဝန်ရိုးစွန်းသို့ ပထမဆုံးဆင်းသက်ဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း မဆင်းသက်မီပတ်လမ်းအတွင်းဝင်ရောက်ချိန်မှာ အဆက်အသွယ်ပြတ်တောက်ပြီးနောက် ပျက်ကျခဲ့တာဖြစ်ပါတယ်။ ဒါဟာ နှစ်ပေါင်း ၅၀ နီးပါးကာလအတွင်း ရုရှားအာကာသအေဂျင်စီရဲ့ ပထမဆုံးသော လကမ္ဘာစူးစမ်းလေ့လာရေးမစ်ရှင်ဖြစ်ပြီး ရေခဲနဲ့ အဖိုးတန်ဒြပ်စင်များရှိနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ယူဆထားတဲ့ လကမ္ဘာရဲ့ တောင်ဝန်ရိုးစွန်းမှာ စူးစမ်းလေ့လာဖို့ ရည်ရွယ်ထားခဲ့တာဖြစ်ပါတယ်။ ရုရှားအာကာသအေဂျင်စီဟာ လူနာ-၂၅ စူးစမ်းလေ့လာရေးယာဉ်နဲ့ သြဂုတ် ၁၉ ရက် နံနက် ၂ နာရီ ၅၇ မိနစ်မှာ အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်း ရုရှားအာကာသအေဂျင်စီက ထုတ်ပြန်ထားပါတယ်။ ကီလိုဂရမ် ၈၀၀ အလေးချိန်ရှိတဲ့ စူးစမ်းလေ့လာရေးယာဉ်ဟာ လမျက်နှာပြင်နဲ့တိုက်မိခဲ့ခြင်းကြောင့် ပျက်စီးသွားပြီဖြစ်ပြီး မစ်ရှင်မအောင်မြင်ရတဲ့ အကြောင်းရင်းကို အထူးကော်မရှင်တရပ်ဖွဲ့စည်းကာ…

Read More

This Day in History(August21)

This Day in History(August21) Voice of Myanmar လီယိုနာဒိုဒါဗင်ချီ ၁၅၀၃-၁၅၀၆ ခုနှစ်အတွင်း ရေးဆွဲခဲ့ပြီး ထင်ရှားကျော်ကြားခဲ့သည့် မိုနာလီဆာ၏ ပုံတူပန်းချီကားသည် ပြင်သစ်နိုင်ငံ ပါရီရှိ လူးဗားပြတိုက်မှ ၁၉၁၁ ခုနှစ် သြဂုတ် ၂၁ ရက်တွင် ခိုးယူခံခဲ့ရသည်။ #voiceofmyanmar #VOM #ThisDayInHistory #August21

Read More

ရွှေဘို – မြစ်ကြီးနားလမ်းမှာ သွားလာနေရင်း ပျောက်ဆုံးသွားတဲ့ ကားအစီးရေ ၄၀ ကျော်ရှိနေ

သြဂုတ် ၂၁ -၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့နဲ့ ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့ကို ဆက်သွားထားတဲ့ ကားလမ်းမှာ သွားလာနေရင်း ပျောက်ဆုံးသွားတဲ့ ကုန်တင်ကားနဲ့ အိမ်စီးကားတွေ အစီးရေ ၄၀ ကျော် ရှိသွားပြီလို့ ရွှေဘိုမြို့ခံ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ” ပြီးခဲ့တဲ့ သြဂုတ် ၁၈ ရက်က ကန့်ဘလူမြို့ကနေ မြစ်ကြီးနားဆီထွက်တဲ့ ဘကြီးအောင် ကုန်စည်ပို့ဆောင်ရေးဂိတ်က ကုန်တင်ကား ၂ စီး ၊ ရွှေဘို – မြစ်ကြီးနား ကားလမ်း ၊ ကန့်ဘလူမြို့နယ် ၊ ဟင်သော်ကျေးရွာနားက ဘူကြီးတဲတိုက် နေရာနားမှာ အဲ့ဒီကား ၂ စီးလုံးပျောက်သွားတယ် ၊ Canter အမျိုးအစား ကားတွေဖြစ်တယ် ၊ ကားပေါ်မှာ ကုန်ပစ္စည်း…

Read More
VOM News

FREE
VIEW