ငရုတ်ကောင်းမြို့မှာ ရေစီးနဲ့မျောပါလို့ အမျိုးသား(၁)ဦး သေဆုံးခဲ့

စက်တင်ဘာ၊ ၁၀-၂၀၂၃ MM (VOM) ဧရာ၀တီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့မှာ မနေ့ စက်တင်ဘာ ၉ ရက်က မိုးသည်းထန်စ္စာရွာသွန်းတဲ့ ဒဏ်ကြောင့် တောင်ကျရေတွေကျလာပြီး နေအိမ်(၁)လုံး ရေစီးထဲမျောပါကာအမျိုးသား(၁)ယောက်လည်းရေထဲမျောပါသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ”တင်းချောင်းကျေးရွာအုပ်စု၊ ယောင်းယင်းကျေးရွာမှာ ဖြစ်တာ မနေ့က ၊ရုတ်တရက် တောင်ကျရေတွေထိုး ဆင်းလာတဲ့အချိန် နေမျိုးထွန်းဆိုသူက အသက်က ၃၀ ကျော်လောက်ရှိမယ်၊ ရေစီထဲပါသွား ပြီးသေဆုံးသွာတယ်၊ မနေ့ကပဲ သူ့ရဲ့အလောင်းပြန်တွေ့တယ်”လို့ ဒေသခံ (၁)ဦးကပြောပါတယ်။ ဒေသခံ ပရဟိတအဖွဲ့ဝင်(၁)ဦးကလည်း ”မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေတွေ အဆမတန်ထိုးဆင်းလာပြီး အဲ့ဒီရွာက အိမ်တစ်လုံးလည်း ရေစီးနဲ့ပါသွားတယ်၊ ဘာမှပြန်မရလိုက်ဖူး အကုန်ဆုံးရှုံးသွားတာ၊လူ ၆ ယောက်နေတဲ့အိမ် လူတွေတော့ ဘာမှမဖြစ်ဖူး ၊ အိမ်မျောပါတဲ့ မိသားစုကသက်သက်ပါ ၊ လူ ၁ ယောက် သေဆုံးတာကသက်သက်။”လို့ ပြောပါတယ်။ အဲ့ဒီ ဖြစ်စဉ်ကြောင့်…

Read More

ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တချို့ ခေါ်ယူစစ်ဆေးခံနေရတယ်လို့ သိရ

စက်တင်ဘာ ၁၀ – ၂၀၂၃ SN (VOM) လတ်တလောဖြစ်ပေါ်နေတဲ့ ကုန်ဈေးနှုန်း မြင့်တက်မှုတွေအတွက် ဗဟိုဘဏ်ပေါက်ဈေးနဲ့ အစိုးရထံမှ ဒေါ်လာဝယ်ယူကာ ပြည်တွင်းသို့သွင်းကုန်တွေ တင်သွင်းခဲ့တဲ့ လုပ်ငန်းရှင်တချို့ကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) က ဆက်တိုက်ခေါ်ယူစစ်ဆေးနေတယ်လို့ စီးပွားရေးလုပ်ငန်းရှင်အသိုင်းအဝိုင်းကနေ သိရပါတယ်။ စက်သုံးဆီနဲ့ စားအုန်းဆီတင်သွင်းတဲ့ လုပ်ငန်းရှင်တွေပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေကို ဗဟိုဘဏ်ကရောင်းချပေးတဲ့ ဒေါ်လာပေါက်ဈေးနဲ့ ဈေးကွက်ပေါက်ဈေးကြား ကွာခြားချက်တွေရှိနေတာကြောင့် သူတို့ရဲ့ကုန်စည်ဈေးနှုန်းတွေကို မှတ်တမ်းယူ စစ်ဆေးနေခြင်းဖြစ်တယ်လို့ သိရပါတယ်။ “အခုက ‌စောင့်ကြည့်စစ်ဆေးတာတွေ၊ ခေါ်မေးတာတွေ ခပ်စိတ်စိတ်ဖြစ်လာတယ်။ အရင်က ဒေါ်လာဈေးနဲ့ ရွှေဈေးကစားတဲ့သူတွေကိုပဲ ဖမ်းတာစစ်ဆေးတာလုပ်တာ။ အခုနောက်ပိုင်းက ပို့ကုန်သွင်းကုန်လုပ်ငန်းတွေ၊ တခြား စီးပွားရေးလုပ်ငန်းရှင်တွေဘက် လှည့်လာတယ်။ ဒါက စသုံးလုံးညွှန်ချုပ်နေရာကို ကာကွယ်ရေးဝန်ကြီးဌာနက အရာရှိအဆင့်တယောက်နဲ့ အစားထိုးလိုက်ပြီး နောက်ပိုင်းမှာ ဖြစ်လာတာတွေပေါ့။ အရာရှိ အပြောင်းအလဲက လက်ရှိဖြစ်ပေါ်နေတဲ့ ရွှေ၊ ဒေါ်လာ ဈေးကစားတာနဲ့ပတ်သက်ပြီး အပြောင်းအလဲလုပ်လိုက်တဲ့…

Read More

အမျိုးသမီးတစ်ဦး ဓားဒဏ်ရာတွေနဲ့ အသတ်ခံရပြီး အဝတ်မပါဘဲ အောင်ဇေယျတံတားပေါ်မှာ အလောင်းစွန့်ပစ်ခံခဲ့ရ

စက်တင်ဘာ ၁၀ – ၂၀၂၃ GG (VOM) ရန်ကုန်မြို့၊ လှိုင်သာယာ(အရှေ့ပိုင်း)က အောင်ဇေယျကြိုးတံတားပေါ်မှာ ဓားဒဏ်ရာများစွာနဲ့အသတ်ခံထားရတဲ့ အဝတ်ဗလာ အမျိုးသမီးတစ်ဦးရုပ်အလောင်း စွန့်ပစ်ခံခဲ့ရမှု မနေ့ စက်တင်ဘာ ၉ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီအမျိုးသမီးရဲ့ခန္ဒာကိုယ်မှာ ဓားဒဏ်ရာပေါင်း ၁၅ ချက်ထက်မနည်းတွေ့ရှိရပြီး လက်ရှိမှာ အသတ်ခံရတဲ့အမျိုးသမီးဟာ မည်သူမည်ဝါဖြစ်ကြောင်းကို စုံစမ်းနေဆဲပဲလို့ သိရပါတယ် ။ “အဝတ်မပါဘူး မှောက်လျက်အနေအထားနဲ့သေနေတာပေါ့၊ဘယ်နေရာမှာ ဘယ်လိုသတ်ပြီး လာစွန့်ပစ်တာလဲ မသိရသေးဘူး။သတ်ပြီးအဝတ်ဗလာနဲ့ တံတားပေါ်လာထားတယ်ဆိုကတည်က အငြိုးနဲ့လုပ်တယ်လို့ထင်တယ်။အသက်က ၃၃ နှစ်လောက်ဆိုတာပဲ သိရသေးတယ်၊ကျန်တာမသိရသေးဘူး။ ဓားဒဏ်ရာတွေက ညာဘက် နားထင်၊ နားရွက်အောက်၊ လည်ပင်းနဲ့ လက်မောင်းမှာ ထိုးသွင်းဒဏ်ရာ၁ချက်စီတွေ့တယ်၊နောက် ဘယ်ညာ ရင်ဘတ်နဲ့ ဗိုက်မှာလည်း ဒဏ်ရာ ၅ချက်နဲ့ လက်ဖျံမှာ ပြတ်ရှုဒဏ်ရာ၆ ချက်တွေ့ရတယ်။ “လို့ လုံခြုံရေး တပ်ဖွဲ့ နဲ့နီးစပ်သူ(၁)ဦးကပြောပါတယ်။ လက်ရှိမှာ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်းက…

Read More

အမြန်လမ်းယာဉ်တိုက်မှု ကလေးငယ် ၁ ဦးအပါအဝင် ၆ ဦး ထိခိုက်ဒဏ်ရာရ

စက်တင်ဘာ ၁၀ – ၂၀၂၃ SN (VOM) မနေ့ စက်တင်ဘာ ၉ ရက်၊ ည ၁၀ ခွဲ ဝန်းကျင်က အမြန်လမ်းမှာ အိမ်စီးကား ၁ စီး လမ်းလယ်ရှိ ဘယ်ရီယာတုံးတွေကို ဝင်တိုက်မှုကြောင့် ကလေးငယ် ၁ ဦးအပါအဝင် ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သိရပါတယ်။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၁၀/၂) နဲ့ (၁၁၀/၃) ကြားမှာ Toyota Corolla Van (ခဲရောင်ယာဉ်) ဟာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ ဘယ်ရီယာတုံးကို ဝင်ရောက်တိုက်မိမှု ဖြစ်ပွားခဲ့တာပါ။ “ကားက ရန်ကုန်ဘက်ကနေ နေပြည်တော်ဘက်တက်တဲ့ကားပါ။ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်က ဘယ်ရီယာတုံးတွေကို ဝင်တိုက်မိတာ။ အခုတလော မိုးလေများတော့ အခုလိုတွေ ခဏခဏဖြစ်တယ်။ အခုဖြစ်စဉ်မှာ ကလေးက တယောက်တည်းပါတာပါ။…

Read More

စက်တင်ဘာလ ပထမပတ်အတွင်း ဆန် ၊ စပါး စျေးကွက်အခြေအနေ သုံးသပ်ချက်

စက်တင်ဘာ ၁၀ – ၂၀၂၃ GG (VOM) ဆက်တိုက် မြင့်တက်လာခဲ့တဲ့ ပြည်တွင်းဆန်စျေးနူန်းတွေကတော့ အခုစက်တင်ဘာလ ပထမပတ်မှာလည်း အမြင့်စျေးတန်းမှာပဲ ရှိနေပါတယ်။ မြင့်တက်လာခဲ့တဲ့ ဆန်စျေးကို ကျဆင်းအောင်နဲ့ တည်ငြိမ်အောင်အတွက်ဆိုပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နဲ့ တာဝန်ရှိသူတွေ ပူးပေါင်းပြီး ရန်ကုန် ဝါးတန်းကုန်စည်ဒိုင်ကနေ ဆန်စျေးတွေ‌ လျှော့ချရောင်းပေးတာတွေ လုပ်နေပေမယ့်လည်း ဆန်စျေးက ကျဆင်းသွာခြင်းမရှိဘဲ အမြင့်စျေးတန်းမှာပဲ ဆက်ရှိနေတာကို တွေ့ရပါတယ်။ ရန်ကုန်ဝါးတန်းကုန်စည်ဒိုင်မှာ ကျားပျံရှယ်၊ ဖျာပုံပေါ်ဆန်းမွေး နဲ့ ဒေးဒရဲပေါ်ဆန်းမွှေး ၊မြောင်းမြ/ပုသိမ် ပေါ်ဆန်းမွှေး၊ပေါ်ဆန်းနယ်စုံ၊ပေါ်ဆန်းသစ်ရှယ် ဆန်အမျိုးအစားတွေကို (၁)သိန်းကျပ် ၊ရွှေဘိုပေါ်ဆန်းကို (၁၂၅၀၀၀) ကျပ်နဲ့ရောင်းချပေးနေတယ်လို့ သိရပါတယ်။ ဧည့်မထ ၂၅ မှတ်တန် ဆန်ကိုလည်း ၁ ပြည် ၂၅၀၀ နဲ့ရောင်းချပေးနေပါတယ်။ ဒါ့အပြင် မြို့နယ်တိုင်းက ဆန်အရောင်းဆိုင်ကြီးတွေကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူတွေကခေါ်ယူဆွေးနွေးကာ သူတို့သတ်မှတ်တဲ့ဆန်ကို သတ်မှတ်နူန်းထားနဲ့ ရောင်းချပေးဖို့ပြောဆိုတာတွေရှိတယ်လို့ သိရပါတယ်။…

Read More

This Day in History

This Day in History Voice of Myanmar အမေရိကန်နိုင်ငံသား တီထွင်သူ အီလီရက်စ်ဟိုးသည် နေအိမ်နှင့် စက်ရုံများတွင် အထည်ချုပ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် တော်လှန်ပြောင်းလဲမှုဖြစ်စေခဲ့သည့် အပ်ချုပ်စက်တီထွင်မှုအတွက် မူပိုင်ခွင့်ကို ၁၈၄၆ ခုနှစ် စက်တင်ဘာ ၁၀ တွင်ရရှိခဲ့သည်။ #voiceofmyanmar #VOM #ThisDayInHistory #September10th

Read More

အထွေထွေရွေးကောက်ပွဲအတွက် နယူးဇီလန်ပါလီမန်ကို ဖျက်သိမ်း

ဝယ်လင်တန်၊ စက်တင်ဘာ-၁၀ မျိုးဆက်(VOM) နယူးဇီလန်နိုင်ငံမှာ အထွေထွေရွေးကောက်ပွဲအတွက် ပါလီမန်ကို ဖျက်သိမ်းလိုက်ပြီး နိုင်ငံရေးသမားတွေဟာ အထွေထွေရွေးကောက်ပွဲမှာ မဲဆွယ်စည်းရုံးမှုတွေကိုစတင်ဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ နောက်ဆုံးလွှတ်တော်အစည်းအဝေးကို စက်တင်ဘာ ၈ ရက်မှာ နောက်ဆုံးကျင်းပခဲ့ပြီး လာမည့်အထွေထွေရွေးကောက်ပွဲကိုတော့ အောက်တိုဘာ ၁၄ ရက်မှာ ကျင်းပမှာဖြစ်ပါတယ်။ ၀နျကွီးခြုပျဟောငျး ဂျက်ဆင်ဒါအာဒန်ဟာ ဇန်နဝါရီလမှာ ရာထူးမှဆင်းပြီးနောက် ၀နျကွီးခြုပျသဈဖွဈလာသူ ခရစ်ဟစ်ကင် ၀နျကွီးခြုပျသဈဖွဈလာခဲ့ပွီး ရှစ်လသာ ရာထူးတာ၀န်ထမ်းဆောင်ခဲ့ရပါတယ်။ ရွေးကောက်ပွဲမှာ အာဏာရလေဘာပါတီနဲ့ ကွန်ဆာဗေးတစ်ပါတီတို့အကြား ပြိုင်ဆိုင်မှုပြင်းထန်လာဖွယ်ရှိပြီး ကွန်ဆာဗေးတစ်ညွှန့်ပေါင်းအဖွဲ့ဟာ အတိုက်အခံအဖြစ်ခြောက်နှစ်ကြာရပ်တည်ပြီးနောက် ရွေးကောက်ပွဲအနိုင်ရဖို့ အလားအလာကောင်းကြောင်း ရွေးကောက်ပွဲစစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ လူနေမှုစရိတ်ကြီးမြင့်မှု၊ မှုခင်းများတိုးပွားလာမှုနဲ့ အခြားပြည်တွင်းရေးပြသနာတွေက ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးအပေါ် လွှမ်းမိုးလာဖွယ်ရှိကြောင်း စောင့်ကြည့်လေ့လာသူတွေက သုံးသပ်ပြောဆိုပါတယ်။ Ref: NHK #voiceofmyanmar #VOM နယူးဇီလန် #ပါလီမန် #ဖျက်သိမ်း

Read More

တောင်သမန်ကျောက်တော်ကြီး

ဆူးငှက်   “…ခရာတံပိုး၊ မရိုးလက်မြှောက် တီးတောက်သာမြေ့၊ မင်းဓလေ့ဖြင့် ပျော်မွေ့ဖွယ်ချည်း၊ နရည်းခံရာ သံဝါကြည်ဟည်း၊ ဝေးနီအုတ်အုတ် ပဇ္ဇုန်ရုတ်သို့ …”   အမရပူရနန်းစံ ပုဂံမင်းကား ကြက်တိုက်၊ ငှက်တိုက်၊ တိရစ္ဆာန်ချင်း ရင်ဆိုင်တိုက်စေသည့် ပွဲလမ်းများနှင့်အတူ အပျော်အပါး သဘင်ပွဲတို့၌ ပျော်မွေ့ပုံမှာ ပြောစမှတ်ဖြစ်သည်။ နှစ်စဉ်ကျင်းပမြဲဖြစ်သော နှစ်ကူး အတာရေဖျန်း သဘင်ကိုလည်း ဝှဲချီး၍ ပျော်ပျော်ကြီး ဆင်နွှဲသည်။ ပုံမှန်ထုံးစံ အကြို၊ အကျ၊ အကြတ်၊ အတက်…ဟူ၍ လေးရက်သာ ကျင်းပလေ့ရှိသော အတာပွဲကို ရက်ပေါင်းလေးဆယ်၊လေးဆယ့်ငါးရက်ကြာ ဆင်နွှဲ၏။ နံနက် မိုးသောက်လေတိုင်း မြန်မာပြည်တစ်ဝက် သိမ်းပိုက်ထားသော အင်္ဂလိပ်တို့ အရေး၊ စိုးရိမ်တကြီးနှင့်အတူ တိုင်းရေပြည်ရာများ စိတ်ဝင်တစားနှင့်မေးမြန်းဖို့ သတိမရအားဘဲ၊ ဒီကနေ့ ဘာတိရစ္ဆာန် တိုက်ပွဲများ စီမံထားလေသလဲ ဆိုတာကိုသာ အလောတကြီး မေးမြန်းသည့် ဘုရင်ဖြစ်သည်။  …

Read More
VOM News

FREE
VIEW