စက်တင်ဘာ ၊ ၁၈ ၊ ၂၀၂၃
SP (VOM)
စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊ ကသာမြို့နယ် ၊ တုတ်ကြီးကျေးရွာမှာ မနေ့ စက်တင်ဘာ ၁၇ ရက်က လူ ၆ ဦးကို ပစ်သတ်ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
” ရွာမှာဖြစ်တာပါ နယ်မြေရှင်းလင်းရေးအဖွဲ့တွေနဲ့ အပြန်အလှန်ပစ်ပြီး လူ ၆ ဦး အသေပစ်ဖမ်းတယ်၊ သေတဲ့ သူတွေက ဘယ်သူတွေဆိုတာ အခုထိ မသိရသေဘူး ၊ စုံစမ်းနေတုန်း “လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။
အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်ပြီး ကသာခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “အဲ့ဒီ တုတ်ကြီးရွာကို အမည်မသိ (စုံစမ်းဆဲ)အဖွဲ့လာတယ် ၊ အဲ့ဒီသတင်းကို ရတာနဲ့ လုံခြုံရေးအဖွဲ့တွေက အချိန်မှီသွားရောက်ပြီး နယ်မြေရှင်းလင်းတယ် ၊ ထိတွေ့မှုဖြစ်ပြီး ပစ်ခတ်ဖမ်းဆီးရတယ် ၊ အလောင်း ၆ လောင်း ၊ ၁၀၇ မမ ဒုံးသီး- ၂လုံး၊ ပစ်ကျင်း- ၁၅ကျင်း၊ ဝါယာကြိုးပေ- ၅၀၀ ၊ ဘက်ထရီ- ၃ လုံး၊ Drone ဘက်ထရီ- ၆ ခု သိမ်းဆီးရမိတယ် “လို့ ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း ၊ မြင်းမူမြို့နယ် ၊ ညောင်ရင်းကျေးရွာနားမှာ လူ ၄ ဦး ၊ စက်တင်ဘာ ၁၆ ရက်မှာ စစ်ကိုင်းမြို့နယ် ၊ သလွန်ဖြူကျေးရွာနားမှာ လူ ၇ ဦး ပစ်သတ်ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
#voiceofmyanmar #VOM #ကသာ