မူဆယ်နယ်စပ်ဂိတ်ကနေ စီးပွားရေးနိုင်ငံကူးလက်မှတ်နဲ့ ဝင်/ထွက်ခွင့်ပြုတော့မယ်

စက်တင်ဘာ ၂၉၊ ၂၀၂၃ Shy V(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်နယ်စပ်ဂိတ်ကနေ အောက်တိုဘာ ၁ ရက်နေ့ကစ စီးပွားရေးနိုင်ငံကူးလက်မှတ်(Bussiness Passport)နဲ့ ဝင်/ထွက်ခွင့်ပြုတော့မှာဖြစ်တယ်လို့ နယ်စပ်ဒေသခံတွေနဲ့ ကုန်သည်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ “အခုဟာက ၁ ရက်နေ့က Bussiness Visa ပေးမှာ။ တခြားဟာ မရသေးဘူး။ အဲဒါက နောက် တဖြည်းဖြည်းနဲ့တော့ သူ လုပ်လိမ့်မယ်၊ Bussiness Visaက တကယ့်လုပ်ငန်းရှင်ကြီးတွေ၊ ကုမ္ပဏီပိုင်ရှင်ကြီးတွေအတွက်သာဖြစ်တာကြောင့် သာမန် အောက်ခြေလူတန်းစားတွေအတွက်တော့ ဘာမှ အကျိုးမထူးဘူး။”လို့ နှစ်နိုင်ငံ နယ်စပ်တာဝန်ရှိသူတွေနဲ့ နီးစပ်သူ ၁ ဦးက ပြောပါတယ်။ နယ်စပ်ကုန်သည် ၁ ဦးက “ဒီ နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ် Border Pass ကို လုပ်ပေးရမှာ အမှန်က။ နိုင်ငံကူးလက်မှတ် လုပ်ရတာ လွယ်တာမဟုတ်ဘူး၊ နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်အနီကို တရုတ်နဲ့…

Read More

ပါကစ္စတန်အနောက်တောင်ပိုင်းမှာ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ(၅၀) ထက်မနည်း သေဆုံး

အစ္စလာမ္မာဘတ်၊ စက်တင်ဘာ-၂၉-၂၀၂၃ မျိုးဆက်(VOM) ပါကစ္စတန်နိုင်ငံမှာ စက်တင်ဘာ ၂၉ ရက်ကနေ့လယ်ပိုင်းကဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြောင့် လူ ၅၀ ထက်မနည်းသေဆုံးသွားကြောင်း တာဝန်ရှိသူတွေကပြောပါတယ်။ တမန်တော်မိုဟာမက် မွေးနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံအနောက်တောင်ပိုင်း ဘာလိုချင်စတန်ုပြည်နယ် ဗလီတခုအနီးမှာ လူတွေစုဝေးနေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ဒါဟာ ဘာသာရေးအရစုဝေးပွဲကို ပစ်မှတ်ထားပြီး အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ကြောင်း ရဲတပ်ဖွဲ့က သံသယရှိနေပြီး တာဝန်ရှိသူတွေက ပြည်နယ်အရေးပေါ်အခြေအနေကြေညာထားပါတယ်။ မတ်စ်တန်မြို့မှာဖြစ်ပွားခဲ့တဲ့ အဲဒီပေါက်ကွဲမှုကြောင့်ဒဏ်ရာရသူဒါဇင်များစွာကို ဆေးရုံပို့ထားကြောင်း ရဲတပ်ဖွဲ့ကဆိုပါတယ်။ ဒီတိုက်ခိုက်မှုဟာ အလွန်ရက်စက်ကြမ်းကြုပ်တဲ့လုပ်ရပ်လို့ ပါကစ္စတန်ပြည်ထဲရေးဝန်ကြီး ဆာဖရက်ဇ်ဘတ်တီက ရှုတ်ချပြောဆိုပါတယ်။ လက်ရှိမှာတော့ ပေါက်ကွဲမှုကြောင့် လူ ၅၀ ကျော်ဒဏ်ရာရရှိခဲ့ပြီး အဲဒီတိုက်ခိုက်မှုကို ကြိုးကိုင်လုပ်ဆောင်ခဲ့ကြောင်း လက်ရှိအချိန်ထိ ဘယ်အဖွဲ့အစည်းကမှ ထုတ်ပြန်ပြောဆိုခြင်းမရှိသေးပါဘူး။ Ref:BBC #voiceofmyanmar #VOM #Pakistan #50killed #dozensInjured #MastungBlast

Read More

ယနေ့ ရွှေဈေး (စက်တင်ဘာ- ၂၉ ရက်၊ ညနေ ၄ နာရီ)

ယနေ့ ရွှေဈေး (စက်တင်ဘာ- ၂၉ ရက်၊ ညနေ ၄ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၈၇၁ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၃၃၀၀၀၀ ကျပ် ဝယ်ဈေး ၃၂၈၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၂၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၁၅၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #VOM #TodayGoldprice #September29th

Read More

ရန်ကုန် အင်းယားမြိုင်လမ်း မီးလောင်မှု လူ ၂ ဦးသေဆုံး

စက်တင်ဘာ ၊ ၂၉ ၊ ၂၀၂၃ SP + SN ( VOM) ရန်ကုန်တိုင်း ၊ ဗဟန်းမြို့ ၊ ရွှေတောင်ကြား ၂ ရပ်ကွက် ၊ အင်းယားမြိုင်လမ်းမှာ ဒီကနေ့ မနက်ပိုင်းက နေအိမ်တစ်လုံး မီးလောင်ခဲ့ပြီး လူသေဆုံးမှုတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” ဒီမနက် ၁၀ နာရီဝန်းကျင်က မီးစလောင်တယ် ၊ အချိန် မကြာလိုက်ဘူး ၊ ၁၁ နာရီဝန်းကျင်မှာ မီးငြိမ်းသွားတယ် ၊ အဲ့ဒီ မီးလောင်တဲ့ဖြစ်စဥ်မှာ အသက် ၇၀ နဲ့ ၅၀ အရွယ် အမျိုးသမီး သေဆုံးတယ် ၊ သေဆုံးရတာက မီးခိုးမွန်းပြီး အောက်စီဂျင်ပြတ်တောက်လို့ ဖြစ်တယ် “လို့ ဗဟန်း ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။ အဲ့ဒီ့ မီးလောင်မှုဟာ…

Read More

ဖျာပုံမှာ အုပ်ချုပ်ရေးမှူးလင်မယားကို သတ်ဖြတ်တယ်ဆိုတဲ့ အမျိုးသား ၃ ဦး သေဒဏ်ချခံရ

စက်တင်ဘာ ၂၈-၂၀၂၃ MM(VOM) ဧရာဝတီတိုင်း ၊ ဖျာပုံခရိုင်တရားရုံးကနေ အုပ်ချုပ်ရေးမှူး ဇနီးမောင်နှံကို သတ်ဖြတ်တယ်လို့ဆိုကာ အမျိုးသား ၃ ယောက်ကို မနေ့ စက်တင်ဘာ ၂၈ရက် သေဒဏ်အမိန့်ချလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူဆီကနေသိရပါတယ်။ ”မနေ့က သေဒဏ်ချတာ အားလုံး ၃ ယောက် ဘိုကလေးက ၂ ယောက်နဲ့ မအူပင်က တယောက် ကိုကျော်မိုးလွင်ရယ် ၊ဝေယံကျော်ရယ် ကိုဌေးဝင်းရယ် ၊ ကိုကျော်မိုးလွင်နဲ့ကိုဝေယံကျော်တို့ကိုက ၂၀၂၂ ခုနှစ် ဧပြီလက ဖျာပုံမြို့နယ်၊ ကျုံကျိုက်ရွာက အုပ်ချုပ်ရေးမှူး ဦးအေးကိုနဲ့ ဇနီးဖြစ်သူတို့ကို သတ်ဖြတ်မှု ရာဇသတ်ကြီး ပုဒ်မ – ၃၀၂ (၁) (ခ) နဲ့ ဖျာပုံခရိုင် တရားသူကြီး က အမိန့်ချလိုက်တာအမှုတူပေါ့ ၊ ဦးဝင်းဌေးက ဘိုကလေးမြို့နယ် မြင်းကကုန်းရွာကပါ၊ သူ့ကိုတော့ သူပိုင်ဆိုင်တဲ့စားသောက်ဆိုင်မှာ လက်နက်တွေ…

Read More

၀ဂ္ဂနာတပ်မှူးဟောင်းကို ယူကရိန်းစစ်မြေပြင်က စေတနာ့ဝန်ထမ်းတိုက်လေယာဉ်အဖွဲ့ကို ကြီးကြပ်ဖို့ သမ္မတပူတင် တာဝန်ပေး

မော်စကို၊ စက်တင်ဘာ-၂၉-၂၀၂၃ မျိုးဆက်(VOM) ရုရှားသမ္မတ ပူတင်ဟာ ဝဂ္ဂနာကြေးစားအဖွဲ့ရဲ့ ထိပ်တန်းတပ်မှူးဟောင်းတယောက်နဲ့တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ကရင်မလင်နန်းတော်က ထုတ်ပြန်ပါတယ်။ အန်ဒရေထရိုရှက်ဗ်ဟာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက လေယာဉ်ပျက်ကျသေဆုံးသွားတဲ့ ဝဂ္ဂနာခေါင်းဆောင် ပရီဂိုဇင်ရဲ့လက်ထောက်ဟောင်းတယောက်လည်းဖြစ်ပါတယ်။ ယူကရိန်းရှိ စေတနာ့ဝန်ထမ်းတိုက်လေယာဉ်အဖွဲ့ကို ကြီးကြပ်တာဝန်ယူပေးဖို့ ရုရှားသမ္မတပူတင်က မစ္စတာထရိုရှက်ဗ်ကို တောင်းဆိုခဲ့ကြောင်း ကရင်မလင်ကဆိုပါတယ်။ မစ္စတာထရိုရှက်ဗ်ဟာ လက်ရှိမှာတော့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနအတွက် အလုပ်လုပ်ပေးနေကြောင်း ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ်က ဆိုပါတယ်။ အန်ဒရေထရိုရှက်ဗ်ဟာ အာဖဂန်နဲ့ ချေချင်းညာစစ်မြေပြင်တွေမှာ လေးစားဖွယ်အောင်မြင်မှုတွေရယူနိုင်ခဲ့တဲ့ စစ်ပြန်တယောက်လည်းဖြစ်ပါတယ်။ ၂၀၁၅ နဲ့ ၂၀၁၆ ခုနှစ်အတွင်း ဝဂ္ဂနာတပ်မှူးအဖြစ် ဆီးရီးယားအစိုးရတပ်တွေကို ပံ့ပိုးပေးနိုင်ခဲ့တဲ့အတွက် သူရဲကောင်းဆုချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ ဝဂ္ဂနာအပါအဝင် အခြားသော ရုရှားစစ်ဘက်ဆိုင်ရာ ပုဂ္ဂိကအဖွဲ့တွေက တပ်ဖွဲ့ဝင်တွေအနေနဲ့ ရုရှားနိုင်ငံကို သစ္စာခံကြဖို့ သမ္မတပူတင်က ပြီးခဲ့တဲ့လမှာ တိုက်တွန်းခဲ့ပါတယ်။ Ref:BBC Photo:Reuters #voiceofmyanmar #VOM #Putin #meets #formerWagnerCommander #Andrei…

Read More

တရုတ်ဟတ်ကာအဖွဲ့ရဲ့ ဆိုက်ဘာတိုက်ခိုက်မှု အီးမေးလ်ခြောက်သောင်းကျော် ခိုးယူခံခဲ့ရကြောင်း အမေရိကန်ထုတ်ပြန်

ဝါရှင်တန်၊ စက်တင်ဘာ-၂၉-၂၀၂၃ မျိုးဆက်(VOM) တရုတ်အခြေစိုက် ဟတ်ကာအဖွဲ့ရဲ့ ဆိုက်ဘာတိုက်ခိုက်မှုကြောင့် အီးမေးလ် ခြောက်သောင်းကျော် ခိုးယူခံခဲ့ရကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဒါပေမယ့်လည်း ကန့်သတ်ထားတဲ့ အီးမေးလ်နဲ့ကွန်ရက်စနစ်တွေကိုတော့ ဟတ်ကာတွေက ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ခြင်းမရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သရူးမီလာက သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။ တရုတ်အခြေစိုက်ဟတ်ကာအဖွဲ့ဟာ အမေရိကန်အစိုးရအေဂျင်စီတွေနဲ့ချိတ်ဆက်ထားတဲ့ အဖွဲ့အစည်း ၂၅ ခုနဲ့ချိတ်ဆက်ထားတဲ့ အီးမေးလ်အကောင့်တွေကို ဖောက်ထွင်းခိုးယူခဲ့ကြောင်း မိုက်ခရိုဆော့ဖ်ကုမ္ပဏီက ဇူလိုင်လအတွင်းက ကြေညာခဲ့ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အဲဒီဆိုက်ဘာတိုက်ခိုက်မှုကို အတည်ပြုထားပြီး ဖောက်ထွင်းခံရတဲ့အထဲမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အီးမေးလ်အကောင့် ၁၀ ခုပါဝင်တယ်လို့ဆိုပါတယ်။ အဲဒီထဲက ကိုးခုဟာ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာဆိုင်ရာ တာဝန်ရှိသူတွေရဲ့ အီးမေးလ်တွေဖြစ်တယ်လို့ ဆိုပါတယ်။ မိုက်ခရိုဆော့ဖ်က လူသိရှင်ကြားထုတ်ပြန်လိုက်တဲ့ ရည်ညွှန်းချက်ကို မိမိတို့သံသယဖြစ်ဖွယ်မလိုကြောင်း ဒီတိုက်ခိုက်မှုရဲ့နောက်ကွယ်မှာ ဘယ်သူရှိလဲဆိုတဲ့ သတင်းထောက်ရဲ့မေးမြန်းမှုကို နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူက ပြန်လည်ဖြေကြားခဲ့ပါတယ်။ Ref:NHK #voiceofmyanmar #VOM #US #StateDepartment…

Read More

ညောင်ဦးမှာ ကားတစီး ရေကျော်ချောင်းဖြတ်ကူးစဉ် ရေစီးနဲ့မျောပါပြီး သားအဖ ၂ ဦး သေဆုံး

စက်တင်ဘာ ၂၉ – ၂၀၂၃ SN (VOM) မန္တလေးတိုင်း၊ ညောင်ဦးမြို့၊ တောင်ဇင်းနယ်မြေ၊ လျှော်ပင်ကျေးရွာအနီးမှာ ဒီနေ့ စက်တင်ဘာ ၂၉ ရက်၊ မနက် ၈ နာရီခွဲဝန်းကျင်က Light Truck ယာဉ်တစီး ရေကျော်ချောင်းဖြတ်ကူးစဉ် ရေစီးနဲ့မျောပါပြီး သားအဖ ၂ ဦး သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။ သေဆုံးသူတွေဟာ အသက် ၆၀ အရွယ် အမျိုးသားတဦးနဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသားတဦးဖြစ်ပြီး ရုပ်အလောင်းတွကိုတော့ ကရုဏာရှင် နာရေးအခမဲ့ကူညီမှုအသင်းယာဉ်နဲ့ ခုတင် ၂၀၀ ဆံ့ ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားကာ ဒေသခံ မီးသတ်တပ်ဖွဲ့တွေက ချောင်းအတွင်း နစ်မြုပ်နေတဲ့ Light Truck ယာဉ်ကို ပြန်လည်ဆယ်ယူခဲ့တယ်လို့ သိရပါတယ်။ “ဖြစ်စဥ် ဖြစ်ပြီးခါကျမှ ကျွန်တော်တို့ကိုလှမ်းခေါ်လို့ ရောက်သွားတာ။ ကျွန်တော်တို့…

Read More

လောင်းလုံမှာ သီလရှင် ဆရာကြီး ၁ ပါး အပါအဝင် ဒေသခံ ၇ ဦး ပစ်သတ်ခံရ

စက်တင်ဘာ ၊ ၂၉ ၊ ၂၀၂၃ SP ( VOM) တနင်္သါရီတိုင်း ၊ ထားဝယ်ခရိုင် ၊ လောင်းလုံမြို့နယ်မှာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ဖမ်းဆီးထားတဲ့ သီလရှင် ဆရာကြီး ၁ ပါး အပါအဝင် ဒေသခံ ၇ ဦးကို ဖမ်းဆီးချုပ်နှောင်ထားရာကနေ ပစ်သတ်လိုက်တယ်လို့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေရဲ့ ထုတ်ပြန်အချက်အရ သိရပါတယ်။ ” အသတ်ခံရတဲ့သူတွေက လောင်းလုံနယ်ထဲက သူတွေဖြစ်တယ် ၊ ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက ဖမ်းဆီးစစ်ဆေးပြီး ဒလန်လို့ စွပ်စွဲချက်နဲ့ သတ်လိုက်တယ် ၊ အသတ်ခံရသူတွေကတော့ သီလရှင်ဆရာကြီး ဒေါ်နန္ဒစာရီ ၆၄ နှစ် ၊ ဒေသခံ ဦးလှရွှေ ၈၂ နှစ်၊ ဦးမောင်မိုး ၅၀ နှစ် ၊ အသက် ၄၀ အရွယ်…

Read More

This Day in History

This Day in History Voice of Myanmar ကျူးဘားသမ္မတ သောမက်စ်အက်စ်ထရာဒါပါမာ၏ အစိုးရပြိုလဲပြီးနောက် ပဋိပက္ခများကို တားဆီးရေးနှင့် တရားဝင်အစိုးရသစ်တရပ်ဖွဲ့စည်းရေးအတွက် လွတ်လပ်သောရွေးကောက်ပွဲများ ကျင်းပနိုင်ရန် အမေရိကန်သမ္မတ ရုစဗဲ့က ၁၉၀၆ ခုနှစ် စက်တင်ဘာ ၂၉ ရက်တွင် ကျူးဘားသို့ အမေရိကန်တပ်ဖွဲ့ဝင်များ စေလွှတ်ခဲ့သည်။ #voiceofmyanmar #VOM #ThisDayInHistory #September29th

Read More
VOM News

FREE
VIEW