လောင်းလုံမှာ သီလရှင် ဆရာကြီး ၁ ပါး အပါအဝင် ဒေသခံ ၇ ဦး ပစ်သတ်ခံရ

စက်တင်ဘာ ၊ ၂၉ ၊ ၂၀၂၃
SP ( VOM)

တနင်္သါရီတိုင်း ၊ ထားဝယ်ခရိုင် ၊ လောင်းလုံမြို့နယ်မှာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ဖမ်းဆီးထားတဲ့ သီလရှင် ဆရာကြီး ၁ ပါး အပါအဝင် ဒေသခံ ၇ ဦးကို ဖမ်းဆီးချုပ်နှောင်ထားရာကနေ ပစ်သတ်လိုက်တယ်လို့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေရဲ့ ထုတ်ပြန်အချက်အရ သိရပါတယ်။

” အသတ်ခံရတဲ့သူတွေက လောင်းလုံနယ်ထဲက သူတွေဖြစ်တယ် ၊ ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက ဖမ်းဆီးစစ်ဆေးပြီး ဒလန်လို့ စွပ်စွဲချက်နဲ့ သတ်လိုက်တယ် ၊ အသတ်ခံရသူတွေကတော့ သီလရှင်ဆရာကြီး ဒေါ်နန္ဒစာရီ ၆၄ နှစ် ၊ ဒေသခံ ဦးလှရွှေ ၈၂ နှစ်၊ ဦးမောင်မိုး ၅၀ နှစ် ၊ အသက် ၄၀ အရွယ် မဝါဝါ ၊ ကိုသက်စိုးထိုက် ၊ အသက်နှစ်ဆယ်ကျော်အရွယ်တွေဖြစ်ကြတဲ့ ကိုနေရဲစိုးနဲ့ ကိုအောင်နိုင်ရှိန်တို့ဖြစ်တယ် “လို့ လောင်းလုံ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

အခုလို ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ သူတွေရဲ့ ရုပ်အလောင်းတွေကို သက်ဆိုင်ရာ မိသားစုတွေက ပြန်လည်ရရှိတာ မရှိဘူးလို့လည်း သိရသလို အသတ်ခံရသူတွေကလည်း စွပ်စွဲထားတဲ့အတိုင်း မဟုတ်ဘူးလို့ မိသားစုအသိုင်းအဝိုင်းက ငြင်းဆိုထားကြောင်း သိရပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်ပြီး လောင်းလုံဒေသခံတယောက်က ” အသတ်ခံရသူတွေကို ဘယ်တုန်းက ဖမ်းဆီးထားတယ်ဆိုတာ မသိရဘူး ၊ ပြီးခဲ့တဲ့ရက်ပိုင်း စက်တင်ဘာ ၂၆ ရက်က သတ်လိုက်တာပဲ သိရတာ ၊ ဒါတောင် သူတို့ သတင်းထုတ်ပြန်လို့ သိရတာ “လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက လောင်းလုံမြို့ အခြေစိုက် ဇဗ္ဗူသီရိ လူမှုကယ်ဆယ်ကူညီရေးအသင်း ဥက္ကဌဆိုသူလည်း အခုလို ဖမ်းဆီးစစ်ဆေးခံရတာတွေရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကစလို့ လောင်းလုံမြို့နယ်မှာ ဒေသခံ လူ ၃၀ ထက်မနည်း သတ်ဖြတ်ခံရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #လောင်းလုံ

Related posts

Leave a Comment

VOM News

FREE
VIEW