၀ဂ္ဂနာတပ်မှူးဟောင်းကို ယူကရိန်းစစ်မြေပြင်က စေတနာ့ဝန်ထမ်းတိုက်လေယာဉ်အဖွဲ့ကို ကြီးကြပ်ဖို့ သမ္မတပူတင် တာဝန်ပေး

မော်စကို၊ စက်တင်ဘာ-၂၉-၂၀၂၃
မျိုးဆက်(VOM)

ရုရှားသမ္မတ ပူတင်ဟာ ဝဂ္ဂနာကြေးစားအဖွဲ့ရဲ့ ထိပ်တန်းတပ်မှူးဟောင်းတယောက်နဲ့တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ကရင်မလင်နန်းတော်က ထုတ်ပြန်ပါတယ်။

အန်ဒရေထရိုရှက်ဗ်ဟာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက လေယာဉ်ပျက်ကျသေဆုံးသွားတဲ့ ဝဂ္ဂနာခေါင်းဆောင် ပရီဂိုဇင်ရဲ့လက်ထောက်ဟောင်းတယောက်လည်းဖြစ်ပါတယ်။

ယူကရိန်းရှိ စေတနာ့ဝန်ထမ်းတိုက်လေယာဉ်အဖွဲ့ကို ကြီးကြပ်တာဝန်ယူပေးဖို့ ရုရှားသမ္မတပူတင်က မစ္စတာထရိုရှက်ဗ်ကို တောင်းဆိုခဲ့ကြောင်း ကရင်မလင်ကဆိုပါတယ်။

မစ္စတာထရိုရှက်ဗ်ဟာ လက်ရှိမှာတော့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနအတွက် အလုပ်လုပ်ပေးနေကြောင်း ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ်က ဆိုပါတယ်။

အန်ဒရေထရိုရှက်ဗ်ဟာ အာဖဂန်နဲ့ ချေချင်းညာစစ်မြေပြင်တွေမှာ လေးစားဖွယ်အောင်မြင်မှုတွေရယူနိုင်ခဲ့တဲ့ စစ်ပြန်တယောက်လည်းဖြစ်ပါတယ်။ ၂၀၁၅ နဲ့ ၂၀၁၆ ခုနှစ်အတွင်း ဝဂ္ဂနာတပ်မှူးအဖြစ် ဆီးရီးယားအစိုးရတပ်တွေကို ပံ့ပိုးပေးနိုင်ခဲ့တဲ့အတွက် သူရဲကောင်းဆုချီးမြှင့်ခြင်းခံခဲ့ရပါတယ်။

ဝဂ္ဂနာအပါအဝင် အခြားသော ရုရှားစစ်ဘက်ဆိုင်ရာ ပုဂ္ဂိကအဖွဲ့တွေက တပ်ဖွဲ့ဝင်တွေအနေနဲ့ ရုရှားနိုင်ငံကို သစ္စာခံကြဖို့ သမ္မတပူတင်က ပြီးခဲ့တဲ့လမှာ တိုက်တွန်းခဲ့ပါတယ်။

Ref:BBC
Photo:Reuters
#voiceofmyanmar #VOM #Putin #meets #formerWagnerCommander #Andrei Troshev

Related posts

✕
VOM News

FREE
VIEW