ဝါရှင်တန်၊ စက်တင်ဘာ-၂၉-၂၀၂၃
မျိုးဆက်(VOM)
တရုတ်အခြေစိုက် ဟတ်ကာအဖွဲ့ရဲ့ ဆိုက်ဘာတိုက်ခိုက်မှုကြောင့် အီးမေးလ် ခြောက်သောင်းကျော် ခိုးယူခံခဲ့ရကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဒါပေမယ့်လည်း ကန့်သတ်ထားတဲ့ အီးမေးလ်နဲ့ကွန်ရက်စနစ်တွေကိုတော့ ဟတ်ကာတွေက ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ခြင်းမရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သရူးမီလာက သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။
တရုတ်အခြေစိုက်ဟတ်ကာအဖွဲ့ဟာ အမေရိကန်အစိုးရအေဂျင်စီတွေနဲ့ချိတ်ဆက်ထားတဲ့ အဖွဲ့အစည်း ၂၅ ခုနဲ့ချိတ်ဆက်ထားတဲ့ အီးမေးလ်အကောင့်တွေကို ဖောက်ထွင်းခိုးယူခဲ့ကြောင်း မိုက်ခရိုဆော့ဖ်ကုမ္ပဏီက ဇူလိုင်လအတွင်းက ကြေညာခဲ့ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အဲဒီဆိုက်ဘာတိုက်ခိုက်မှုကို အတည်ပြုထားပြီး ဖောက်ထွင်းခံရတဲ့အထဲမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အီးမေးလ်အကောင့် ၁၀ ခုပါဝင်တယ်လို့ဆိုပါတယ်။
အဲဒီထဲက ကိုးခုဟာ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာဆိုင်ရာ တာဝန်ရှိသူတွေရဲ့ အီးမေးလ်တွေဖြစ်တယ်လို့ ဆိုပါတယ်။ မိုက်ခရိုဆော့ဖ်က လူသိရှင်ကြားထုတ်ပြန်လိုက်တဲ့ ရည်ညွှန်းချက်ကို မိမိတို့သံသယဖြစ်ဖွယ်မလိုကြောင်း ဒီတိုက်ခိုက်မှုရဲ့နောက်ကွယ်မှာ ဘယ်သူရှိလဲဆိုတဲ့ သတင်းထောက်ရဲ့မေးမြန်းမှုကို နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူက ပြန်လည်ဖြေကြားခဲ့ပါတယ်။
Ref:NHK
#voiceofmyanmar #VOM #US #StateDepartment #60,000Emails #stolen #cyberattack