အစ္စလာမ္မာဘတ်၊ စက်တင်ဘာ-၂၉-၂၀၂၃
မျိုးဆက်(VOM)
ပါကစ္စတန်နိုင်ငံမှာ စက်တင်ဘာ ၂၉ ရက်ကနေ့လယ်ပိုင်းကဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြောင့် လူ ၅၀ ထက်မနည်းသေဆုံးသွားကြောင်း တာဝန်ရှိသူတွေကပြောပါတယ်။
တမန်တော်မိုဟာမက် မွေးနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံအနောက်တောင်ပိုင်း ဘာလိုချင်စတန်ုပြည်နယ် ဗလီတခုအနီးမှာ လူတွေစုဝေးနေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။
ဒါဟာ ဘာသာရေးအရစုဝေးပွဲကို ပစ်မှတ်ထားပြီး အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ကြောင်း ရဲတပ်ဖွဲ့က သံသယရှိနေပြီး တာဝန်ရှိသူတွေက ပြည်နယ်အရေးပေါ်အခြေအနေကြေညာထားပါတယ်။
မတ်စ်တန်မြို့မှာဖြစ်ပွားခဲ့တဲ့ အဲဒီပေါက်ကွဲမှုကြောင့်ဒဏ်ရာရသူဒါဇင်များစွာကို ဆေးရုံပို့ထားကြောင်း ရဲတပ်ဖွဲ့ကဆိုပါတယ်။ ဒီတိုက်ခိုက်မှုဟာ အလွန်ရက်စက်ကြမ်းကြုပ်တဲ့လုပ်ရပ်လို့ ပါကစ္စတန်ပြည်ထဲရေးဝန်ကြီး ဆာဖရက်ဇ်ဘတ်တီက ရှုတ်ချပြောဆိုပါတယ်။
လက်ရှိမှာတော့ ပေါက်ကွဲမှုကြောင့် လူ ၅၀ ကျော်ဒဏ်ရာရရှိခဲ့ပြီး အဲဒီတိုက်ခိုက်မှုကို ကြိုးကိုင်လုပ်ဆောင်ခဲ့ကြောင်း လက်ရှိအချိန်ထိ ဘယ်အဖွဲ့အစည်းကမှ ထုတ်ပြန်ပြောဆိုခြင်းမရှိသေးပါဘူး။
Ref:BBC
#voiceofmyanmar #VOM #Pakistan #50killed #dozensInjured #MastungBlast