ယနေ့ ရွှေဈေးအဖွင့် (စက်တင်ဘာ- ၂၀ ရက်၊ နံနက် ၁၀ နာရီ)

ယနေ့ ရွှေဈေးအဖွင့် (စက်တင်ဘာ- ၂၀ ရက်၊ နံနက် ၁၀ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၃၁ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၅၃၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၈၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၃၃၀၀၀၀ ကျပ် ဝယ်ဈေး ၃၂၈၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #vom #TodayGoldprice #september20

Read More

ပီရူးမှာ ဘတ်စ်ကားချောက်ထဲကျလို့ လူ (၂၄) ယောက်သေဆုံး

လီမာ၊ စက်တင်ဘာ-၂၀-၂၀၂၃ မျိုးဆက်(VOM) ပီရူးနိုင်ငံမှာ ဘတ်စ်ကားတစီး ချောက်ထဲကျ တိမ်းမှောက်မှုကြောင့် လူ ၂၄ ယောက်ထက်မနည်း သေဆုံးသွားကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ အဲဒီဘတ်စ်ကားဟာ ဟွမ်ကာယိုနဲ့ ဟွမ်တာမြို့အကြား အန်ဒက်စ်တောင်တန်းဒေသမှာ ညအချိန်ခရီးထွက်ခဲ့ရာ ပေ ၆၅၀ အနက်ရှိ ချောက်အတွင်းကို ထိုးကျတိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ မတော်တဆဖြစ်ပွားရတဲ့ အကြောင်းရင်းကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။ အခင်းဖြစ်ပွားရာ လမ်းဟာ လွန်ခဲ့တဲ့တလခန့်က မြေပြိုမှုမှာ ပျက်စီးသွားတဲ့ နေရာဖြစ်ပြီး ပြန်လည်မပြုပြင်ရသေးကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ အခင်းဖြစ်ရာနေရာကို ဒေသခံတွေ ဦးစွာရောက်ရှိခဲ့ပြီး ယာဉ်ပေါ်မှာ ခရီးသည်အချို့ကို အသက်ရှင်လျက်တွေ့ရှိခဲ့ကာ ကယ်ဆယ်ရေးသမားတွေရောက်ရှိပြီးနောက် ဆေးရုံပို့ဆောင်ခဲ့ပါတယ်။ ပီရူးမှာ လမ်းမတော်တဆမှုတွေဟာ အထူးသဖြင့်ညဘက်နဲ့ တောင်တန်းထူထပ်တဲ့ ဒေသတွေမျာ အများဆုံးဖြစ်ပွားလေ့ရှိပြီး တရား၀င်ကိန်းဂဏန်းများအရ ၂၀၂၂ ခုနှစ်မှာ ယာဉ်မတော်တဆမှုတွေကြောင့် လူ ၃၃၀၀ ကျော်သေဆုံးခဲ့ပါတယ်။ Ref:…

Read More

လားရှိုးမြို့က CS ဟိုတယ်နား ဗုံးပေါက်ကွဲ ၄ ဦးဒဏ်ရာရ ၁ ဦး သေဆုံး

စက်တင်ဘာ ၁၉၊ ၂၀၂၃ Shy V(VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့၊ ရပ်ကွက် (၂) က CS ဟိုတယ်နား စက်တင်ဘာ ၁၉ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က ဗုံးပေါက်ကွဲလို့ ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရပြီး ၁ ဦး သေဆုံးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ကျား ၁ သေ။ ကျား ၂ မ ၂ ထိခိုက်ဒဏ်ရာရ။ ကား တစ်စီးပျက်စီး တယ်” လို့ ရဲဌာန တာဝန်ရှိသူ ၁ ဦး က ပြောပါတယ်။ အတိအကျတော့ မသိရေပမယ့် တယောက်ထက်မနည်း ထိခိုက်တာရှိပြီး ပေါက်ကွဲမှု ဖြစ်ပွားတာက နယူးအာရှဟိုတယ်နဲ့ CS ဟိုတယ်ကြား မှာ ပေါက်ကွဲတာဖြစ်ပြီး အဲဒီနားက ‌ေအာင်တံခွန် လားရှိုး…

Read More

ရွှေကူနယ်မှာ ရွှေမျှောဖမ်းတဲ့စစ်ကြောင်းနဲ့ ဒေသတွင်းလက်နက်ကိုင်တိုက်ပွဲဖြစ်လို့ ၁၀ဦးထက်မနည်းသေဆုံး

စက်တင်ဘာ ၊ ၁၉ ၊ ၂၀၂၃ SP ( VOM) ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင် ၊ ရွှေကူမြို့နယ် ၊ ရေလဲကျေးရွာနားမှာ မနေ့ စက်တင်ဘာ ၁၈ ရက် မနက်ပိုင်းက ထိတွေ့ပစ်ခတ်မှုတွေဖြစ်ပွား လူ ၁၀ ဦးထက်မနည်း သေဆုံးတယ်လို့ ရွှေကူမြို့ခံတွေဆီက သိရပါတယ်။ ” မနေ့ မနက်ပိုင်းက စစ်ကြောင်းတွေ ရွာဘက်ကို ဖြန့်ပြီးဝင်လာတယ် ၊ ရေလဲရွာနားမှာ ပစ်ခတ်တာတွေဖြစ်ပြီး လူ ၁၀ ယောက်သေတယ် ၊ သေတဲ့သူတွေက ဘယ်သူဘယ်ဝါမှန်း အခုထိ မသိရသေးဘူး ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။ အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်လို့ ဒေသခံတယောက်က ” မြစ်ကြောင်းမှာ ရွှေမျှောတွေရှိတယ် ၊ အဲ့ဒီ ရွှေမျှောတွေကို ဖမ်းဖို့ဝင်လာတဲ့ စစ်ကြောင်းအဖွဲ့နဲ့…

Read More

ယနေ့ ရွှေဈေး (စက်တင်ဘာ- ၁၉ ရက်၊ ညနေ ၄ နာရီ)

ယနေ့ ရွှေဈေး (စက်တင်ဘာ- ၁၉ ရက်၊ ညနေ ၄ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၃၀ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၅၃၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၈၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၃၃၀၀၀၀ ကျပ် ဝယ်ဈေး ၃၂၈၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #VOM #TodayGoldprice #September19

Read More

ဆစ်ခ်ခေါင်းဆောင်တဦး အသတ်ခံရမှု သံတမန်တွေကို အပြန်လှန်နှင်ထုတ်ပြီး ကနေဒါနဲ့ အိန္ဒိယအကြား တင်းမာမှုမြင့်တက်နေ

တိုရွန်တို၊ စက်တင်ဘာ-၁၉-၂၀၂၃ မျိုးဆက်(VOM) ကနေဒါနိုင်ငံသား ဆစ်ခ်ခေါင်းဆောင်တစ်ဦး သတ်ဖြတ်ခံရမှုမှာ အိန္ဒိယနိုင်ငံပါဝင်ပတ်သက်နေကြောင်း ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုးရဲ့ စွပ်စွဲမှုကို အိန္ဒိယနိုင်ငံက စက်တင်ဘာ ၁၉ ရက်မှာ ပြင်းပြင်းထန်ထန် ပယ်ချလိုက်ပြီး ဒီကိစ္စအပေါ် နှစ်နိုင်ငံအကြားတင်းမာမှုတွေ မြင့်တက်နေပါတယ်။ လက်ရှိအခြေအနေမှာတော့ အိန္ဒိယနဲ့ ကနေဒါတို့ဟာ နှစ်နိုင်ငံသံတမန်တွေကို အပြန်အလှန်နှင်ထုတ်ကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။ ဟာဒိပ်ဆစ်ခ်နစ်ဂျာဟာ ကနေဒါနိုင်ငံ ဗြိတိသျှကိုလံဘီယာပြည်နယ်ရှိ ဘုရားကျောင်းပြင်ပမှာ ဇွန် ၁၈ ရက်က သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။ သူသေဆုံးမှုနဲ့ အိန္ဒိနိုင်ငံတို့အကြား ဆက်နွယ်မှုများရှိနေကြောင်း ကနေဒါထောက်လှမ်းရေးက ဖော်ထုတ်ခဲ့တယ်လို့ ကနေဒါဝန်ကြီးချုပ် ထရူးဒိုးကပြောပါတယ်။ ကနေဒါနိုင်ငံရဲ့ စွပ်စွဲပြောဆိုမှုဟာ အဓိပ္ပါယ်မဲ့ပြီး နိုင်ငံရေးအရ လှုံ့ဆော်ခြင်းဖြစ်ကြောင်း အိန္ဒိယနိုင်ငံရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ အိန္ဒိယနိုင်ငံဟာ တရားဥပဒေစိုးမိုးရေးအတွက် ခိုင်မာတဲ့ ကတိကဝတ်ရှိတဲ့ နိုင်ငံဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ကနေဒါမြေမှာ ကနေဒါနိုင်ငံသားတဦးကို သတ်ဖြတ်ရာမှာ ပြည်ပအစိုးရပါဝင်ပတ်သက်နေမှုက မိမိတို့ရဲ့အချုပ်အခြာအာဏာကို…

Read More

ချင်းတွင်းမြစ်ထဲမှာ ရေယာဥ်တစ်စီး နစ်မြုပ်ပြီး ခရီးသည် ၁၀၀ ကျော် ပျောက်ဆုံးနေ

စက်တင်ဘာ ၊ ၁၉ ၊ ၂၀၂၃ SP ( VOM) စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ မင်းကင်းမြို့နယ် ၊ မောက္ကတော်နဲ့ ပန်းဆက်ရွာအကြား ချင်းတွင်းမြစ်ကြောင်းထဲမှာ ဒီကနေ့ စက်တင်ဘာလ ၁၉ရက် မနက် ၉ နာရီဝန်းကျင်က ရေယာဥ်တစ်စီး နစ်မြုပ်သွားပြီး ခရီးသည်တွေ ရာနဲ့ချီပြီး ပျောက်ဆုံးနေတယ်လို့ ရေယာဥ်လုပ်ငန်းရှင်းများ အဖွဲ့ဆီက သိရပါတယ်။ ” ချင်းတွင်းမြစ်ကြောင်းအတိုင်း ၊ အထက်က စုန်ဆင်းလာတဲ့ ကုန်တင်ရေယာဥ်ဖြစ်တယ် ၊ မောက္ကတော်ရဲ့ အောက်ဘက် မြှောင်းဇင်းရွာနဲ့အကြား ကဲ့နက်တောင်နေရာမှာ ဒီမနက်က ဖြစ်တာပါ ၊ အဲ့ဒီ ရေယာဥ်က မနေ့ညက မင်းကင်းအောက်ဖ​က်မှာ ညအိပ်နားပြီး ဒီမနက် ထစုန်တဲ့အချိန်ဖြစ်သွားတာ ” လို့ ရေယာဥ်လုပ်ငန်းရှင် တယောက်က ပြောပါတယ်။ အဲ့ဒီ ရေယာဥ်နစ်မြုပ်တယ်ဆိုတဲ့ ရွာနားမှာနေတဲ့…

Read More

ဂျပန်ပြည်သူ (၁၀) ယောက်မှာ တယောက်နှုန်း အသက် (၈၀) အထက်အရွယ်တွေ ဖြစ်နေ

တိုကျို၊ စက်တင်ဘ-၁၉-၂၀၂၃ မျိုးဆက်(VOM) ဂျပန်နိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် လူ ၁၀ ယောက်မှာ တယောက်နှုန်း အသက် ၈၀ နှစ်အထက်အရွယ်တွေ ဖြစ်နေကြောင်း ဂျပန် အစိုးရက ထုတ်ပြန်တဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ နိုင်ငံတွင်းရှိ လူဦးရေ ၁၂၅ သန်းရဲ့ ၂၉ ဒသမ ၁ ရာခိုင်နှုန်းဟာလည်း အသက် ၆၅ နှစ်အထက် အရွယ်တွေအဖြစ် စံချိန်တင်နေကြောင်း ထုတ်ပြန်ထားတဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ကလေးမွေးဖွားမှုနှုန်း အနိမ့်ဆုံးနိုင်ငံဖြစ်ပြီး နိုင်ငံရှိတိုးပွားလာတဲ့ သက်ကြီးရွယ်အိုတွေအတွက် ဘယ်လိုပံ့ပိုးပေးရမယ်ဆိုတာနဲ့ပတ်သက်ပြီး ကာလရှည်ကြာ ရုန်းကန်နေရဆဲဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ အသက် ၆၀ ကျော်အရွယ်တွေဟာ ၂၀၄၀ ပြည့်နှစ်မှာ နိုင်ငံလူဦးရေရဲ့ ၃၄ ဒသမ ၈ ရာခိုင်နှုန်း ဖြစ်လာမယ်လို့ ု အမျိုးသားလူဦးရေနဲ့ လူမှုဖူလုံရေး သုတေသနဌာနက ခန့်မှန်းထားပါတယ်။…

Read More

မူဆယ် ကျင်းစန်းကျော့ နယ်စ်ဂိတ်ကနေ တပတ်အတွင်း ပို့ကုန်၊ သွင်းကုန် အခြေအနေ

စက်တင်ဘာ ၁၉၊ ၂၀၂၃ Shy V(VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ် ကျင်းစန်းကျော့ – ဝမ်တိန် နယ်စ်ဂိတ်ကနေ စက်တင်ဘာလ ၁၂ ရက် ကနေ ၁၈ ရက် အထိ တပတ်အတွင်း ပို့ကုန်၊ သွင်းကုန် ကား စုစုပေါင်း ၁၄၇၉ စီး ကုန်သွယ်မှု ပြုနိုင်ခဲ့တယ်လို့ နယ်စပ် ကုန်သည် လုပ်ငန်းရှင်တွေရဲ့စာရင်းတွေအရ သိရပါတယ်။ တပတ်အတွင်း ခါလီ အပါအဝင် ပို့ကုန်ကား စုစုပေါင်း ၇၄၆ စီး ရှိပြီး တစ်နေ့ကို ပျမ်းမျှ ၁၀၇ စီးခန့်ရှိပြီး ပို့ကုန်ပစ္စည်းတွေထဲမှာတော့ ငါးရှဉ့်၊ ဂဏန်း၊ ဖရဲ၊ သကာရည် နဲ့ အခြားကုန်မျိုးစုံ ပါဝင်တာကို တွေ့ရပါတယ်။ တပတ်အတွင်း သွင်းကုန်ကား အသစ်နဲ့ ခါလီ အပါအဝင် စုစုပေါင်း ၇၃၃…

Read More

မြန်မာနိုင်ငံလာမယ့် နိုင်ငံခြားသားတွေကို လေဆိပ်မှာ ဒေါ်လာနဲ့ ကျန်းမာရေးအာမခံ စစ်ဆေးမယ်

စက်တင်ဘာ ၁၉ – ၂၀၂၃ SN (VOM) မြန်မာနိုင်ငံကိုလာရောက်မယ့် နိုင်ငံခြားသားတွေကို ပြည်တွင်းဝင်ခွင့်အတွက် အမေရိကန်ဒေါ် လာငွေသားနဲ့ ကျန်းမာရေးအာမခံ ရှိ၊မရှိ စစ်ဆေးမယ်လို့ မြန်မာအစိုးရကကြေညာထားကြောင်း ရန်ကုန်မှာရှိတဲ့ ထိုင်းသံရုံးကနေ သိရပါတယ်။ မြန်မာနိုင်ငံအတွင်း သီတင်းပတ်နှစ်ပတ်ထက် ကျော်လွန်နေထိုင်ခြင်းမျိုးမရှိတဲ့ နိုင်ငံခြားသားတွေအနေနဲ့ လေဆိပ်ကို ဆိုက်ရောက်လာတဲ့အခါမှာ အဲ့ဒီစစ်ဆေးမှုကိုခံယူဖို့ ပြင်ဆင်ထားသင့်ပြီး အခုလို ကန့်သတ်မှုဟာ နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှု ထိန်းချုပ်ရေး ဆောင်ရွက်လိုတဲ့အတွက် ဖြစ်တယ်လို့ သိရပါတယ်။ “ပြည်ပခရီးသွားတွေအနေနဲ့ မြန်မာနိုင်ငံကိုလာရောက်တဲ့အခါ ကိုဗစ်-၁၉ နဲ့ပတ်သက်တဲ့ ကျန်းမာရေးအာမခံချက် စစ်ဆေးခံရမှာဖြစ်သလို မြန်မာလူဝင်မှုကြီးကြပ်ရေးဌာနက လေဆိပ် လူဝင်မှုကြီးကြပ်ရေးကောင်တာမှာ ပြည်ပခရီးသွားတွေကို အမေရိကန်ဒေါ်လာ စစ်ဆေးမှုတွေလည်း လုပ်ဆောင်မှာဖြစ်ပါတယ်”လို့ အာမခံလုပ်ငန်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။ အရင်က ကိုဗစ်စည်းကမ်းချက်တွေအရ ကိုဗစ်ဓာတ်ခွဲမှုအဖြေနဲ့ ကာကွယ် ဆေးထိုးလက်မှတ် ပြသရတာဖြစ်ပြီး အခုအခါမှာတော့ ကျန်းမာရေးအာမခံ ဝယ်ယူထားမှုကိုသာ…

Read More
VOM News

FREE
VIEW